၂၀၁၈ ရဲ့ ဧပြီလကတော့ ကုန်ဆုံးခဲ့ပါပြီ။ ဧပြီလအတွင်းမှာတော့ အိမ် ခြံ မြေ ဈေးကွက်ဟာ ယခင်လများနည်းတူ အငှားဈေးကွက်သာ အားကောင်းနေခဲ့ပါတယ်။ပြည်တွင်း အိမ် ခြံ မြေ အကျိုးဆောင်တွေရဲ့ သုံးသပ်ပြောကြားချက်အရ အငှာေးဈးကွက်ဟာ ဈေးနှုန်းမြင့်တက်လာခဲ့ပေမယ့် အရောင်းအ၀ယ်ပိုင်းမှာတော့အားရစရာ အနေအထားမျိုးမရောက်သေးဘူးလို့ သိရပါတယ်။
+++ Down Town Area +++
ရန်ကုန့်မြို့ရဲ့ မြို့တွင်း ခြောက်မြို့နယ် ရဲ့ အနေအထားကတော့ အငှားပိုင်းက ဆက်လက်ဦးဆောင်လျက်ရှိတယ်လို့ သိရပါတယ်။ ဒီလို ဦးဆောင်မှုဟာ ၀ါမ၀င်ခင်ကာလအထိ ဆက်လက်ဖြစ်ထွန်းနေနိုင်ကြောင်းလည်း မြန်မာနိုင်ငံအိမ်ခြံမြေ အသင်းမှ တာဝ-န်ရှိသူတစ်ဦးကပြောပါတယ်။အရောင်းအ၀ယ်ပိုင်းဆိုင်ရာမှာတော့ မြို့တွင်း ခြောက်မြို့နယ်ထက် ပြင်ပမြို့နယ်တွေမှာသာ ပိုအလုပ်ဖြစ်နေတယ်ဆိုတာလည်း သိရပါတယ်။DownTown အပြင် အခြားသော မြို့နယ်တြွေုဖစ်တဲ့ ရန်ကင်း ၊ တာမွေ၊ တောင်ဥက္ကလာဈ မြောက်ဥက္ကလာဘက်တွေမှာလည်း အငှားပိုင်းဆိုင်ရစီးပွားရေးဆိုင်ရာ အားကောင်းနေတယ်လို့သိရပါတယ်။ အငှားပိုင်းဈေးကွက်မှာ သင်္ကြန်လွန်ကာလတွေဟာ ပိုမိုအငှားသွက်ခဲ့သလို ပိုမိုဈေးတက်လာခဲ့တယ်ဆိုတာလည်း အခြေစိုက်အကျိုးဆောင်တွေထံကသိရပါတယ်။
+++ ဒဂုံလေးမြို့နယ် +++
ဒဂုံမြို့သစ် အရှေ့ ၊ တောင် ၊ မြောက် ၊ ဆိပ်ကမ်း အားလုံးမှာ အရောင်းအဝယ်အားကောင်သလို အငှားလည်းအားကောင်းေ နပါတယ်။ဒီထဲကမှ အငှားအဖြစ်ဆုံးကတော့ မြောက်ဒဂုံပဲဖြစ်ပါတယ်။ လူနေထိုင်ရန်နဲ့ လစီးပွါးရေးလုပ်ကိုင်ရန် ရည်ရွယ်ချက် နှစ်မျိုးနဲ့ အငှားဈေးကွက် သွက်လက်မြန်ဆန်နေတာပါလို့ ဒဂုံလေးမြို့နယ် အဓိကထားလုပ်ကိုင်တဲ့ အခြေစိုက် အကျိုးဆောင်တွေကပြောပါတယ်။ဒဂုံဆိပ်ကမ်းအပါအ၀င် တောင်ဒဂုံမြို့နယ်တွေမှာတော့ ဈေးကွက်အတွင်း ဈေးနှုန်းသိသိသာသာကြီးမြင့်သွားတာမျိုး မရှိဘူးလို့လည်း သိရပါတယ်။ဒဂုံ စက်မှုဇုန်တွေ အတွင်းမှာတော့ အရောင်း အ၀ယ် အငှား သိသိသာသာ ဖြစ်ထွန်းနေတာမျိုးမရှိပါဘူး။ မြောက်ဒဂုံရဲ့အရောင်းအဝယ်ပိုင်းမှာ သိန်း ၁၀၀၀ ဝန်းကျင်တွေအလုပ်ဖြစ်နေပြီး ၊ ဒဂုံဆိပ်ကမ်းဘက်မှာတော့ သိန်း ၂၀၀ ပတ်လည်တွေ အေ၇ာင်းအ၀ယ်ဖြစ်တယ်လို့ သိရပါတယ်။
မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com