မန္တလေးတိုင်းအတွက် နိုင်ငံ့ဝန်ထမ်းအိမ်ရာ တိုက်ခန်း (၂၄၈)ခန်း တည်ဆောက်ပေးမည်

မန္တလေးတိုင်းအတွက် နိုင်ငံ့ဝန်ထမ်းအိမ်ရာ တိုက်ခန်း (၂၄၈)ခန်း တည်ဆောက်ပေးမည် - Property News in Myanmar from iMyanmarHouse.com
24 Apr 2018 11:56 am တွင် တင်ခဲ့သည်
4844 ကြိမ် ကြည့်ရှု့ပြီး
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၈)ခုမှာ လာမယ့် (၂၀၁၈-၂၀၁၉) ဘဏ္ဍနှစ် (၆)လ ဘတ်ဂျက်မှာ နိုင်ငံ့ဝန်ထမ်းအိမ်ရာ တိုက်ခန်းပေါင်း (၂၄၈)ခန်းကို တိုင်းဒေသကြီးမြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက အကောင်အထည်ဖော်ပေးသွားမှာဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရပါတယ်။

အဲသည် အိမ်ရာတိုက်ခန်းတွေကို မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မိုးကုတ်၊ မိတ္ထီလာ၊ ကျောက်ပန်းတောင်း၊ သာစည်၊ မလှိုင်၊ ရမည်းသင်း၊ မြင်းခြံနဲ့ ညောင်ဦးမြို့နယ်တို့မှာ တည်ဆောက်ပေးသွားမှာ ဖြစ်တယ်။

ဆက်လက်၍လည်း လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ နိုင်ငံ့ဝန်ထမ်းတွေ၊ ကမ္ပဏီဝန်ထမ်းတွေ၊ ဝင်ငွေနည်းပြည်သူတွေနဲ့ နိုင်ငံ့ဝန်ထမ်း အငြိမ်းစားတွေအတွက် အရောင်းအိမ်ရာတွေကိုလည်း ထပ်မံတည်ဆောက်ပေးဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

နိုင်ငံ့ဝန်ထမ်းတွေ နေရေးအဆင်ပြေစေဖို့အတွက် အိမ်ရာတွေတည်ဆောက်ပေးနေတဲ့အပြင် အရောင်းအိမ်ရာတွေကိုလည်း တည်ဆောက်ဖို့ အစီအစဉ်ရှိပါတယ်။

အဲသည် အရောင်းအိမ်ရာတွေကို အကောင်အထည်ဖော်ဆောင်ရွက်တဲ့အခါမှာ အငြိမ်းစား ဝန်ထမ်းတွေအတွက် ဦးစားပေးဆောင်ရွက် ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ (၂၀၁၇-၂၀၁၈) ဘဏ္ဍရေးနှစ်မှာ ပြည်ထောင်စု အစိုးရ ဘတ်ဂျက်နဲ့ တိုင်းဒေသကြီးအစိုးရဘတ်ဂျက် စုစုပေါင်း ငွေကျပ် (၁၀)ဘီလျံသုံးစွဲပြီး အောင်မြေမန္တလာ နိုင်ငံ့ဝန်ထမ်းအိမ်ရာကို မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် မဲကင်းကုန်းကျေးရွာအနီးရှိ မြေ(၃၃.၂၂)ဧကပေါ်မှာ တိုက်ခန်းပေါင်း(၅၀၀)တည်ဆောက်ပေးနေပါတယ်။

၎င်းတို့အနက် တိုင်းဒေသကြီး အစိုးရဘတ်ဂျက်နဲ့ တည်ဆောက်တဲ့ တိုက်ခန်းပေါင်း (၂၆၀)ဟာ (၉၅)ရာခိုင်နှုန်း ပြီးစီးနေပြီး အစိုးရဘတ်ဂျက်နဲ့ တည်ဆောက်တဲ့ တိုက်ခန်းပေါင်း (၂၄၀)က (၃၈)ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်တယ်လို့ သိရပါတယ်။

မန္တလေးတိုင်းဒေသကြီးအတွင်းလက်ရှိအချိန် နိုင်ငံ့ဝန်ထမ်း (၅၆,၁၂၆)ဦး ရှိပေမဲ့ ၄င်းတို့အတွက် အိမ်ရာနေရာချထားပေးနိုင်မှုမှာ (၄.၉)ရာခိုင်နှုန်းသာရှိသောကြောင့် တိုင်းဒေသကြီး အစိုးရအဖွဲ့က အိမ်ရာများ ပိုမိုတည်ဆောက်ပေးနေတာ ဖြစ်ပါတယ်။

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ

စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်
စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

imyanmarmarket
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service