ရန်ကုန်မြို့သစ်စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံရန် တရုတ်နိုင်ငံနှင့် ကိုရီးယားနိုင်ငံတို့မှ ကုမ္ပဏီအများစုသည် အဓိက စိတ်ဝင်စားနေကြောင်း
Yangon Investment Forum 2018 ဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် ရန်ကုန်တိုင်း ဝန်ကြီးချုပ် မှ ပြောကြားကြောင်းသိရသည်။
မြို့သစ်စီမံကိန်းနှင့် ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ချင်သည့် ကုမ္ပဏီများထဲတွင် တရုတ်နိုင်ငံ ကုမ္ပဏီများ ရှိသည်။နောက်ပိုင်းတွင် ကိုရီးယားနိုင်ငံ ကုမ္ပဏီများ ရှိသည်။အခြားသော နိုင်ငံများ တော်တော်များများသည် စက်ရုံ၊အလုပ်ရုံများ လာပြီး ရင်းနှီးမြှုပ်နှံချင်သူများ ရှိသည် ဟု သိရသည်။
ရန်ကုန်မြို့သစ်စီမံကိန်းပထမအဆင့်အတွက် ကနဦးအခြေခံ အဆောက်အဦဆောက်လုပ်ခြင်းအတွက် ဒေါ်လာ ၁ ဒသမ ၅ဘီလျံကျော် ကုန်ကျမည်ဖြစ်သည်။
ယင်း ရန်ကုန်မြို့သစ်စီမံကိန်း နှင့် ပတ်သက်ပြီး အကောင်အထည်ဖော် ဆောင်ရွက်မည့် NYDC (New Yangon Development Co.,Ltd)မိတ်ဆက်ပွဲကိုမတ် ၃၁ ရက်တွင်လုပ်ခဲ့သည်။
ခိုင်မာတောင့်တင်းသော စက်မှုအခြေခံ တည်ဆောက်ခြင်းက အလုပ်အကိုင်များကို ဖန်တီးပေးမည်ဖြစ်ပြီး ယင်းမှ တစ်ဆင့် အကျိုးကျေးဇူးများကို အခြားကဏ္ဍများသို့တဖြည်းဖြည်းစီးဆင်းစေမည်ဖြစ်သည်။ရန်ကုန်မြို့သစ် သည် အလုပ်အကိုင်နှစ်သန်းကို ဖန်တီးပြီးဒေသခံ စီးပွားရေးလုပ်ငန်းများ အထောက်အကူပေးခြင်းနှင့် နိုင်ငံတကာမှ စီးပွားရေးကုမ္ပဏီများကိုလည်းဆွဲဆောင်နိုင်ရန် မျှော်လင့်ထားသည်။
စီမံကိန်းတွင် ကမ္ဘာ့အဆင့်မီ ရေရှည်တည်တံ့ပြီး စိတ်ချရသည့်အခြေခံ အဆောက်အအုံနှင့် လူတန်းစားအားလုံးအတွက် တန်ဖိုးသင့် နေထိုင်စရာလည်းပါဝင်မည်ဖြစ်သည်။
ရန်ကုန်မြို့သစ်စီမံကိန်းအား လက်ရှိတွင် ဆောင်ရွက်မှုမပြုသင့်သေးကြောင်း ဝေဖန်မှုများ ရှိနေပြီး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင်လည်း ယင်းစီမံကိန်းကိုလက်ရှိ အစိုးရစီမံကိန်းအတွင်း ဆောင်ရွက်ရန် မသင့်ကြောင်းနှင့် ရည်မှန်းချက်အဖြစ်သာ ထားရှိသင့်ကြောင်းဆွေးနွေးထားသည်။
လက်ရှိ ရန်ကုန်မြို့တော် ၏ဆောက်လုပ်ရေး စီမံကိန်းများသည် Vertical Extension အရ လုပ်ရမည့်လုပ်ငန်းများ အများအပြားရှိသည်။
ဥပမာ-ရန်ကင်း၊မင်္ဂလာဒုံ၊မရမ်းကုန်း၊ဒဂုံ(လေးမြို့နယ်)၊လှိုင်သာယာ၊ရွှေပြည်သာထို နေရာများသည် Vertical Extension အရလုပ်ရမည့် ဆောက်လုပ်ရေးလုပ်ငန်းများ စွာရှိသည်။
ထို့ကြောင့် ရန်ကုန်မြို့၏တစ်ဖက်ကမ်းတွင် ရှိသော မြို့သစ်စီမံကိန်း Vertical Extension များကို ယခုအခါတွင် ဆောင်ရွက်ရန် မသင့်ကြောင်း ယူဆသည်။နောက်ဆုံးအချက်မှာလက်ရှိတိုင်းပြည်၏ စီးပွားရေးအခြေအနေအရ အသေးစား၊အလတ်စားလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်ရမည့် ကာလဖြစ်သည်။
အကြီးစားစီမံကိန်းများကို ယခုအစိုးရသက်တမ်းတွင် ရည်မှန်းချက်အနေနှင့်ပင်ထားသင့်သည်ဟု ယူဆသည်ဟု သိရသည်။
Credit :Daily Eleven