မြန်မာနိုင်ငံတွင် ရင်းနှီး မြှုပ်နှံမှုများ တိုးချဲ့ရန် မြန်မာ-တရုတ်နှစ်နိုင်ငံရှိ ကဏ္ဍပေါင်းစုံမှ လုပ်ငန်းအားလုံးပါဝင်မည့် ခိုင်မာ သော ကုန်သည်လုပ်ငန်းရှင်အ သင်းတစ်ခု ဖွဲ့စည်းရန် စီစဉ်နေ ကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း (MR-CCI) ဥက္ကဋ္ဌ ဦးကျော်မင်းက ပြောသည်။
‘‘မြန်မာနဲ့ တရုတ်ကြားမှာ ခိုင်မာတဲ့ အသင်းကြီးတစ်ခုဖွဲ့ဖို့ အားချင်းလုပ်ဆောင်နေပြီဖြစ်ပါ တယ်။ လုပ်ငန်းပေါင်းစုံ၊ ကဏ္ဍစုံ က လုပ်ငန်းရှင်တွေ ပါဝင်ရမယ်။ အလွှာပေါင်းစုံ ပါဝင်ရမယ်။ တရုတ်လူမျိုးတွေချည်းပဲ၊ မြန်မာလူ မျိုးတွေချည်းပဲလည်း မဖြစ်ရဘူး။ အသင်းအဖွဲ့တစ်ခုတည်းက ထိန်း ချုပ်တာ မဖြစ်ရဘဲနဲ့ MRCCI UMFCCI အသင်းချုပ်တို့နဲ့ ပူးပေါင်းပြီးတော့ ဖွဲ့မှာဖြစ်ပါတယ်’’ ဟု ဦးကျော်မင်းက ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ မြန်မာ-တရုတ် ချစ်ကြည်ရေးအ သင်း၊ တရုတ်ကုန်သည်အသင်း၊ မြန်မာပြည်ဖွား တရုတ်ကုန်သည် အသင်း အစရှိသည့် အသင်းအဖွဲ့ များရှိနေသည်။ သို့သော် ယင်းအသင်းအဖွဲ့များသည် သက်ဆိုင်ရာ ကဏ္ဍအလိုက် ဖွဲ့စည်းထားသဖြင့် မြန်မာ-တရုတ်နှစ်နိုင်ငံ လုံးရှိ ကဏ္ဍအားလုံးမှ လုပ်ငန်း ပေါင်းစုံပါဝင်မည့် အသင်းကြီး တစ်ခုအနေဖြင့် ထပ်မံဖွဲ့စည်းရန် စီစဉ်နေခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
‘‘တရုတ်နိုင်ငံက သူတို့လုပ် ငန်းရှင်တွေကို မြန်မာဘက်ကို ပိုပြီးတော့ ရင်းနှီးမြှုပ်နှံကြဖို့ တွန်း အားပေးနေသလို ဒီဘက်ကလည်း အားပေးနေတယ်။ ဒီဘက်နဲ့ ပူးပေါင်းပါဝင်ဖို့ရယ်၊ သူတို့ကုမ္ပဏီတွေ ဒီဘက်မှာ လာရင်းနှီးမြှုပ်နှံ ရင် အဆင်ပြေစေဖို့၊ ဒီဘက်က လုပ်ငန်းရှင်တွေနဲ့လည်း ပိုပြီး ပူးပေါင်းဆောင်ရွက်ဖို့၊ နှစ်နိုင်ငံ ယဉ်ကျေးမှုတွေကြားမှာ အဆင် ပြေစေဖို့၊ ပူးပေါင်းဆောင်ရွက်မှု တွေ ပြုလုပ်နိုင်ဖို့ အသင်းကြီးတစ်ခုကို အားချင်းဖွဲ့စည်းသွားမှာ ဖြစ်ပါတယ်’’ ဟု ဦးကျော်မင်းက ပြောသည်။
MRCCI အနေဖြင့် ယခုလ ဒုတိယပတ်အတွင်း တရုတ်နိုင်ငံ ပေါင်းစန်း၊ လုံလင်နှင့် ထိန်ချုံးပြည်နယ်တို့သို့ သွားရောက်လေ့လာပြီး ပေါင်းစန်းပြည်နယ် ကုန်သည်ကြီးများအသင်းက ကဏ္ဍအားလုံးမှ စီးပွားရေးလုပ်ငန်းများပါဝင်သည့် တရုတ်-မြန်မာ ကုန်သည်လုပ်ငန်းရှင်အသင်းတစ်ခုဖွဲ့စည်းရန် ကမ်းလှမ်းခဲ့ကြောင်း ၎င်းက ပြောသည်။
လက်ရှိတွင် ပေါင်းစန်းပြည် နယ်ကုန်သည်အသင်းမှ လုပ်ငန်း ရှင်များက မန္တလေးမြို့ မြို့သာစက်မှုဇုန်တွင် ကန်ဒေါ်လာ သန်း ၂၆၀ ကျော် ရင်းနှီးမြှုပ်နှံထားပြီး တစ်နှစ်အတွင်း ရင်းနှီးမြှုပ်နှံမှုအသစ်များ ထပ်မံတိုးချဲ့ရန် စီစဉ်နေကြောင်း ဦးကျော်မင်းက ပြောသည်။
Credit: 7Daydaily