သင်္ကြန်အပြီးကာလတွင် အိမ်ခြံမြေအငှား ဈေးကွက်အတွင်း ဈေးနှုန်းများ မြင့်တက်လာခဲ့ကြောင်း အိမ် ခြံ မြေ အဈေးနှုန်း၃၀ရာခိုင်နှုန်းခန့်မြင့်တက် လာခဲ့ကြောင်း အိမ် ခြံ မြေ အကျိုးဆောင်များထံမှ သိရသည်။
"ဈေးတွေကပုံမှန်ဆိုလည်းသင်္ကြန်ကာလပြီးရင်ဈေးတက်ကြတာများတယ။်အခုကြတော့ဈေးတွေကသုံးသောင်းလောက်ကနေငါးသောင်းလောက်ထိမြင့်တက်သွားတယ်အများစုကတော့လုံးချင်းအိမ်တွေဈေးတက်တာများတယ်။ပြောရရင် အရင်နဲ့စာရင် သုံးဆယ်ရာခိုင်နှုန်းလောက်အထိ ဈေးတက်သွားတာပေါ့။ဝါမ၀င်ခင်ကာလအထိ ဈေးကတော့ ဒီအတိုင်းပဲ သွားလိမ့်မယ်''ဟု အိမ် ခြံ မြေ အကျိုးဆောင် ဦးအောင်သန်းမှ ပြောဆိုသည်။
လက်ရှိဈေးကွက်အတွင်းအငှါးဈေးကွက်တွင် စပေါ်ပေးအငှါးများထက်နှစ်ချုပ်အငှါးကိုပိုမိုငှါးရမ်းမှုများပြားလျက်ရှိပြီးဈေးနှုန်းများမှာကျပ်တစ်သိန်းဝန်းကျင်မှကျပ်သုံးသိန်းဝန်ကျင်၊တိုက်ခန်းဈေးနှုန်းများမှာ ကျပ်တစ်သိန်းနှစ်သောင်းဝန်းကျင်မှ ကျပ်နှစ်သိန်းခွဲ့ခန့်ဖြစ်ပြီးအများစုမှာစပေါ်ငွေအိမ်ခန်းများဖြစ်သည်။အသင့်နေထိုင်ရုံ လုံးချင်းများမှာ ဆယ့်နှစ်သိန်းဝန်းကျင်ရှိကြောင်းလည်း သိရသည်။
မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com