ယခု ၂၀၁၈ ခုနှစ် ဇန်နဝါရီမှ မတ်လအကြား တရုတ်အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုသည် ယမန်နှစ်ထိုကာလကထက် ၁၀ ဒသမ ၄ ရာခိုင်နှုန်းမြင့်တက်များပြားခဲ့ကြောင်း တရုတ်အမျိုးသားစာရင်းအင်းဗျူရို (NBS) က ပြီးခဲ့သည့်သီတင်းပတ်တွင် ထုတ်ပြန်ခဲ့သည်။
ယင်းသည် ၂၀၁၅ ခုနှစ်နောက်ပိုင်း တရုတ်တွင် အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု
အများဆုံး ပထမသုံးလတာဖြစ်သည်။
ဒေသဆိုင်ရာအစိုးရများက အများပြည်သူအိမ်ရာစီမံကိန်းများကို အင်တိုက်
အားတိုက်ဖော်ဆောင်လာသဖြင့် မြေဈေးများ မြင့်တက်လာခြင်းကြောင့်
ထိုသို့အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု မြင့်တက်လာခြင်းဖြစ်သည်ဟု
ဈေးကွက်လေ့လာသူများက ယူဆကြသည်။
"တရုတ်မှာ ပြီးခဲ့တဲ့နှစ်ကတည်းက မြေဈေးတွေ သိသိသာသာမြင့်တက်လာ
ပါတယ်။ အဲ့ဒီလိုမြေဈေးမြင့်တက်မှုက အဓိကအားဖြင့် စုစုပေါင်း
ရင်းနှီးမြှုပ်နှံမှုတန်ဖိုးပမာဏကို မြင့်တက်စေတာပါ" ဟု တရုတ်အခြေစိုက်
ဘဏ္ဍာရေးလုံခြုံမှုစီမံခန့်ခွဲရေးနှင့် အိမ်ခြံမြေဝန်ဆောင်မှုကုမ္ပဏီ Southwest
Securities မှ ပေကျင်းအခြေစိုက်လေ့လာသူ ယန်ယဲဝေက
ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။
ရှန်ကျန်းကဲ့သို့သော အဓိကမြို့ကြီးများက မြေနေရာပြတ်လပ်မှုနှင့်
ရင်ဆိုင်နေရသဖြင့် တရုတ်အစိုးရသည် တဲစုရပ်ကွက်များအား ဖြိုဖျက်ရန်နှင့်
ကျူးကျော်နေထိုင်သူများအား ပြန်လည်နေရာချထားပေးရန် ကြိုးပမ်းနေကြောင်းလည်း ယန်က ပြောကြားခဲ့သည်။
ယခုနှစ် ပထမသုံးလတာအတွင်း စုစုပေါင်းမြေအရောင်းအဝယ်ပမာဏသည်
ယမန်နှစ်ပထမသုံးလတာကထက် ၀ ဒသမ ၅ ရာခိုင်နှုန်းသာ
မြင့်တက်ခဲ့သော်လည်း ဈေးနှုန်းတန်ဖိုးအားဖြင့်မူ ၂၀ ဒသမ ၃ ရာခိုင်နှုန်း
မြင့်တက်ခဲ့ကြောင်း သိရသည်။
ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com