ကော့သောင်းဒေသရှိ ကျွန်းများပေါ်၌ ၂၀၁၈ အတွင်း ဟိုတယ် ရှစ်လုံးတည်ဆောက်ရန် ခွင့်ပြုထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှု ဦးစီး ဌာန(ထားဝယ်) ညွှန်ကြားရေးမှူး ဦးညိုအေးက ပြောသည်။
‘‘ကော့သောင်းက ကျွန်းခရီးသွားလုပ်ငန်းပါ။ လာမယ့်ပွင့် လင်းရာသီ အောက်တိုဘာလ လောက်မှာ အခန်းပေါင်း ၂၀၀ ကျော်လောက် ထွက်ပေါ်လာဖို့ ရှိပါတယ်’’ဟု ၎င်းကပြောသည်။
မြိတ်ကျွန်းစု၌ ကျွန်းပေါင်း ၈၀၀ ကျော်ရှိပြီး လက်ရှိတွင် ကျွန်းသုံးခုပေါ်၌ ဟိုတယ်ရှစ်လုံး ခန့် တည်ဆောက်ထားသည်။
တနင်္သာရီတိုင်းဒေသကြီးအ တွင်း ကော့သောင်း၊ မြိတ်၊ ထား ၀ယ်စသည့်ဒေသများ၌ ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာန လိုင်စင် ရရှိသည့် ဟိုတယ်နှင့် တည်းခိုရိပ်သာ ၃၈ ခု(အခန်း ပေါင်း ၁,၅၀၀ ခန့်) ရှိသည်။
၂၀၁၈ အကုန်၌ တနင်္သာရီ တိုင်းဒေသကြီးအတွင်း ဟိုတယ် နှင့် တည်းခိုရိပ်သာ ၅၀ ခန့် (အ ခန်း ၁,၈၀၀ ခန့်) ရှိလာမည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနက ခန့်မှန်းထားသည်။
‘‘အရင်ကတော့ ခရီးသွား တွေက ကော့သောင်းမှာ အိပ် တယ်။ အနာဂတ်မှာတော့ ကျွန်း တွေပေါ်မှာ အိပ်ပြီး လည်ပတ်တဲ့ ပုံစံ ဖြစ်လာလိမ့်မယ်’’ဟု ဦးညို အေးက ပြောသည်။
ဟိုတယ်နှင့် ခရီးသွားလာ ရေးဝန်ကြီးဌာနသည် ကော့သောင်းခရီးသွားရင်းနှီးမြှုပ်နှံမှုပွဲ တော်ကို မတ်လ ၂၄ ရက်တွင် ကျင်းပခဲ့ပြီး အဆိုပါ ပွဲတော်၏ ရလဒ်အနေဖြင့် ထိုင်း၊ တရုတ် စသည့် နိုင်ငံများမှ ခရီးသွားများ ဒေသတွင်း ပိုမိုဝင်ရောက်လာရန် မျှော်လင့်ထားသည်။
‘‘ပြည်တွင်းနဲ့ ထိုင်းကတော့ ခရီးသွားပိုပြီးဝင်ရောက်လာဖို့ ရှိ နေတယ်။ တရုတ်ကတော့ အခုမှ စခေါ်တာ။ သူတို့ကလည်း စိတ် ၀င်စားတယ်။ ထပ်ပြီးတော့ လာ ရောက်လေ့လာမယ်လို့ ပြောကြ တယ်’’ ဟု ဦးညိုအေးက ပြော သည်။
မြိတ်ကျွန်းစုကို ပြည်တွင်း ခရီးသွားများ အထူးစိတ်ဝင်စား သော်လည်း ခရီးစဉ်လည်ပတ်မှု စရိတ်သည် အိမ်နီးချင်းနိုင်ငံများ သို့ သွားရောက်လည်ပတ်သည့် စရိတ်နှင့်ညီနေသဖြင့် အဟန့်အ တားတစ်ခုဖြစ်နေကြောင်း ဖိုးဝ ခရီးသွားလုပ်ငန်းမှ ဦးချမ်းငြိမ်း ကျော်က မှတ်ချက်ပြုသည်။
အပျော်စီးသင်္ဘော ခရီး သွား ၀န်ဆောင်မှုများနှင့် ပြည် တွင်း အလည်အပတ် ခရီးသွား လုပ်ငန်းများသည် ၂၀၁၇ ကစ၍ မြိတ်ကျွန်းစုကို စိတ်ဝင်စားမှု မြင့် တက်လာသည်။
Credit: 7Daydaily