ဝန်ထမ်းတွေ အိုးပိုင်အိမ်ပိုင်နေနိုင်ရေး သမ္မတ အလေးပေးမယ်

ဝန်ထမ်းတွေ အိုးပိုင်အိမ်ပိုင်နေနိုင်ရေး သမ္မတ အလေးပေးမယ် - Property News in Myanmar from iMyanmarHouse.com
19 Apr 2018 11:46 am တွင် တင်ခဲ့သည်
4457 ကြိမ် ကြည့်ရှု့ပြီး
မြန်မာ နှစ်ဆန်း ၁ ရက်နေ့ အခါသမယ၊ သမ္မတ ဦးဝင်းမြင့်ရဲ့ နှစ်သစ်ကူး မိန့်ခွန်းထဲ လက်ရှိ ဝန်ထမ်းတွေနဲ့ အငြိမ်းစား ဝန်ထမ်းတွေ အိုးအိမ် ပိုင်ဆိုင်နိုင်မှု မရှိ ဖြစ်နေရတဲ့ အခြေအနေ အပေါ် အသိအမှတ်ပြု ပြောဆိုခဲ့ပြီး၊ ဒီပြဿနာကို ကိုင်တွယ် ဖြေရှင်း နေတယ်လို့ ဆိုပါတယ်။

ပုဂ္ဂလိက လုပ်ငန်းတွေမှာ အနည်းဆုံး လုပ်ခ တစ်ရက် ၄၈ဝဝ ကျပ် သတ်မှတ် ထားတာနဲ့ လိုက်လျော ညီထွေ ဖြစ်ဖို့၊ အရာရှိ မဟုတ်တဲ့ အစိုးရ ဝန်ထမ်း တွေကို လစာ ၂ဝ%၊ အရာရှိ အဆင့်တွေကို ၁ဝ% တိုးပေးမယ်လို့လည်း သမ္မတက ပြောသွားပါတယ်။

ဒါ့အပြင် လူ့အခွင့်အရေး ကာကွယ် မြှင့်တင်ရေး၊ သိမ်းဆည်းခံ လယ်ယာမြေတွေ မူလပိုင်ရှင် တွေကို ပြန်လည် အပ်နှံနိုင်ရေးနဲ့ မူးယစ်ဆေးဝါး နှိမ်နင်းရေး စတဲ့ ကိစ္စရပ်တွေလည်း သမ္မတက ထည့်သွင်း ပြောဆို သွားပါတယ်။

သမ္မတရဲ့ မိန့်ခွန်းထဲ ငြိမ်းချမ်းရေးကိစ္စ၊ ရခိုင်အရေးနဲ့ တိုင်းရင်းသားတွေနဲ့ ရင်ကြားစေ့ရေး စတဲ့ ကိစ္စတွေကိုတော့ မပါဝင်ခဲ့ပါဘူး။

ဒါကိုကြည့်ရင် သမ္မတက အစိုးရ အဖွဲ့တွင်း ပြုပြင် ပြောင်းလဲရေးနဲ့ လူမှုရေးဆိုင်ရာ ကိစ္စတွေကို အဓိကဆောင်ရွက်ပြီး ၊ ဒေါ်အောင်ဆန်း စုကြည်က ငြိမ်းချမ်းရေး၊ တိုင်းရင်းသား အရေး၊ ရခိုင်အရေး တို့ကို ကိုင်တွယ် ဆောင်ရွက်မယ့် သဘောလို့ မြန်မာ့ မဟာဗျူဟာနဲ့ မူဝါဒ လေ့လာရေး အဖွဲ့ ဒုတိယ ဒါရိုက်တာ ဦးနေထွန်းနိုင်က ပြောပါတယ်။

နိုင်ငံသူ နိုင်ငံသားတွေရဲ့ အခြေခံလိုအပ်ချက်တွေ ဖြစ်တဲ့ စားဝတ်နေရေးမှာ နေရေးက အဓိက လိုအပ်ချက်ဖြစ်တာကို တွေ့ရကြောင်းနဲ့ အိမ်မရှိလို့ ဖြစ်သလို နေထိုင်ကြရတဲ့ ပြည်သူတွေရဲ့ ဒုက္ခတွေ သတိပြုမိတယ်လို့ လည်း သမ္မတသစ် ဦးဝင်းမြင့်က ဆိုပါတယ်။

NLD အစိုးရ လက်ထက် ပြီးခဲ့တဲ့ ၂ နှစ် အတွင်း တိုင်းနဲ့ ပြည်နယ် အသီးသီးမှာ ဝန်ထမ်းအိမ်ရာ ၄၆၂၇ ခန်း တည်ဆောက် ပေးနိုင်ခဲ့ပြီး ကျန် ၃ နှစ်မှာလည်း အခန်း ၇၀၀၀ ကျော်ကို ထပ်မံ ဆောက်လုပ်ဖို့ စီစဉ်ထားကြောင်း သမ္မတက ပြောပါတယ်။

မြေယာ ပြဿနာတွေ အပေါ် လွှတ်တော် ဥက္ကဌ တာဝန် ယူစဉ်ကတည်းက အာရုံစိုက်မှု ရှိခဲ့တဲ့ ဦးဝင်းမြင့်ဟာ သမ္မတ နေရာကို ရောက်လာတဲ့ အခါမှာလည်း မြေသိမ်းယာသိမ်း ဖြစ်ရပ်တွေမှာ တရားမျှတမှု ဖော်ဆောင် ပေးနိုင်ရေး အပေါ် ဆက်လက် အလေးထား နေတာ တွေ့ရပါတယ်။

ဒါပေမယ့်လည်း၊ ဖြေရှင်းဖို့ ဖွဲ့စည်းထားတဲ့ အဖွဲ့ အစည်းတွေက မူလက မြေသိမ်းယူ ခဲ့တယ် ဆိုသူတွေနဲ့ ပတ်သက်နေတဲ့ အတွက် အခက်အခဲတွေ ရှုပ်ထွေးမှုတွေ အများကြီး ရှိတယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအဖွဲ့ဒုတိယ ဒါရိုက်တာ ဦးနေထွန်းနိုင်က ပြောပါတယ်။

အထူးသဖြင့် အမျိုးသား မြေအသုံးချမှု မူဝါဒနဲ့ လျော်ညီတဲ့ ဥပဒေတွေကို အမြန် ပြဌာန်းဖို့ လိုတယ်လို့ ဦးနေထွန်းနိုင်က ဆိုပါတယ်။

Credit: BBC

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ

အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ

စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

Shwe Moe Kaung
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service