ဒူဘိုင်း အိမ်ခြံမြေဈေးနှုန်းများ လာမည့် ၂၀၂၀ ပြည့်နှစ်အထိ ကျဆင်းနေဦးမည်ဟု S&P Dow Jones က ဟောကိန်းထုတ်

ဒူဘိုင်း အိမ်ခြံမြေဈေးနှုန်းများ လာမည့် ၂၀၂၀ ပြည့်နှစ်အထိ ကျဆင်းနေဦးမည်ဟု S&P Dow Jones က ဟောကိန်းထုတ် - Property News in Myanmar from iMyanmarHouse.com
12 Apr 2018 11:31 am တွင် တင်ခဲ့သည်
5913 ကြိမ် ကြည့်ရှု့ပြီး
ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းများ ကျဆင်းမှုနှင့်အတူ အာရပ်စော်ဘွားများပြည်ထောင်စုရှိ အိမ်ခြံမြေဈေးနှုန်းများမှာလည်း ၂၀၁၄ ခုနှစ်ကတည်းက အကျဘက်တွင် ရှိနေခဲ့သည်။

ထိုစဉ်ကတည်းက ကျဆင်းနေခဲ့သည်မှာ ၃ နှစ်ကျော်ကြာပြီဖြစ်သည့် ယနေ့တိုင်ဖြစ်ပြီး အနည်းဆုံး လာမည့် ၂၀၂၀ ပြည့်နှစ်အထိ ဆက်လက်ကျဆင်းနေဦးမည်ဟု ကမ္ဘာလုံးဆိုင်ရာ ညွှန်းကိန်းများ ထုတ်ပြန်ပေးနေသည့် S&P Dow Jones Indices မှ ညွှန်းကိန်းတစ်ရပ်တွင် ဖော်ပြသည်။

ဒူဘိုင်းအိမ်ခြံမြေဈေးနှုန်းများ ကျဆင်းရခြင်း၏ အဓိကအကြောင်းရင်းမှာ ဈေးကွက်တွင် အိမ်ခြံမြေများစုပုံနေကာ ဝယ်လိုအား အလွန်နည်းပါးနေခြင်းကြောင့်ဖြစ်သည်ဟု ဆိုသည်။

ဒူဘိုင်းအိမ်ခြံမြေဈေးနှုန်းကျဆင်းနေခြင်းမှာ ပင်လယ်ကွေ့ဒေသ ရင်းနှီးမြှုပ်နှံသူများစွာကို အထိနာစေခဲ့သည်။

၂၀၁၇ ခုနှစ် နှစ်လယ်ပိုင်းတွင် နေအိမ်ဈေးနှုန်းများမှာ ၁၅ ရာခိုင်နှုန်းကျော်အထိ ကျဆင်းခဲ့သည်။

၂၀၁၇ နှစ်ကုန်ပိုင်းတွင် လူနေအိမ်ခြံမြေဈေးနှုန်းများမှာ ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်။

ထို့အပြင် ကာတာနှင့် အိမ်နီးချင်းပင်လယ်ကွေ့နိုင်ငံများအကြား ဖြစ်ပွားခဲ့သည့် တင်းမာမှုမှာလည်း အိမ်ခြံမြေဈေးကွက်အပေါ် အကျိုးသက်ရောက်မှုများ ရှိခဲ့သည်။

သို့ရာတွင် လာမည့် ၂၀၂၀ ပြည့်နှစ်တွင် ဒူဘိုင်း၌ ၆ လခန့်အထိ ကျင်းပမည့် ပြပွဲ Expo 2020 နောက်ပိုင်းတွင် ပြန်လည်ကောင်းမွန်လာမည်ဟု ခန့်မှန်းထားသည်။

Dubai Expo 2020 ကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၀ ရက်မှ ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၀ ရက်အထိ ၆ လကြာ ကျင်းပမည် ဖြစ်သည်။

ပြပွဲသို့ ကမ္ဘာ့နိုင်ငံပေါင်း ၁၃၀ ကျော်မှ တက်ရောက်ပြသကြမည်ဖြစ်ပြီး တစ်ရက်လျှင် လာရောက်လေ့လာလည်ပတ်သူပေါင်း ၃၀၀၀၀၀ ကျော်ရှိမည်ဟု ခန့်မှန်းထားသည်။

ပြပွဲကြောင့် အလုပ်အကိုင်သစ်ပေါင်း ၃၀၀၀၀၀ ခန့် ဖန်တီးပေးနိုင်မည့်အပြင် ဒူဘိုင်းတွင် နေအိမ်များဝယ်ယူလာကြရန် ဆွဲဆောင်နိုင်ဖွယ်ရှိသည်ဟုလည်း ခန့်မှန်းထားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဒူဘိုင်း အိမ်ခြံမြေဈေးနှုန်းများ လာမည့် ၂၀၂၀ ပြည့်နှစ်အထိ ကျဆင်းနေဦးမည်ဟု S&P Dow Jones က ဟောကိန်းထုတ် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က

တရုတ်ပြည်တွင် လမ်းဖောက်လုပ်ရာ လမ်းကြောင်းမလွတ်သော နေအိမ်တစ်လုံးကို အစိုးရက ယွမ် ၁ ဒသမ ၆ သန်း (ကန်ဒေါ်လာ ၂၂၄၀၀၀) လျော်ကြေ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ

Royal Theikdi Condo
CarsDB Showroom Opening

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service