ကမ္ဘာကျော်သူဌေးကြီး ဒေးဗစ်ရော့ခ်ဖဲလား၏ နယူးယောက်စံအိမ်ကြီးကို မူရင်းခေါ်ဈေးအောက် ကန်ဒေါ်လာ ၁၂ သန်းခွဲခန့် နည်းပါးသောဈေးနှုန်းဖြင့် အမည်မဖော်သည့်ဝယ်လက်တစ်ဦးက ဝယ်ယူ

ကမ္ဘာကျော်သူဌေးကြီး ဒေးဗစ်ရော့ခ်ဖဲလား၏ နယူးယောက်စံအိမ်ကြီးကို မူရင်းခေါ်ဈေးအောက် ကန်ဒေါ်လာ ၁၂ သန်းခွဲခန့် နည်းပါးသောဈေးနှုန်းဖြင့် အမည်မဖော်သည့်ဝယ်လက်တစ်ဦးက ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
12 Apr 2018 11:16 am တွင် တင်ခဲ့သည်
4043 ကြိမ် ကြည့်ရှု့ပြီး
ကမ္ဘာကျော်သူဌေးကြီး ဒေးဗစ်ရော့ခ်ဖဲလားပိုင်ဆိုင်ခဲ့သော နယူးယောက်စံအိမ်ကြီးကို မူရင်းခေါ်ဈေးအောက် ကန်ဒေါ်လာ ၁၂ ဒသမ ၅ သန်းခန့် နည်းပါးသောဈေးနှုန်းဖြင့် အမည်မဖော်သည့်ဝယ်လက်တစ်ဦးက ဝယ်ယူသွားကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ကွယ်လွန်သွားပြီဖြစ်သော ဘဏ်လုပ်ငန်းရှင်၊ ပရဟိတသမား ဒေးဗစ် ရော့ခ်ဖဲလားပိုင်ဆိုင်သော နယူးယောက်မြို့၊ မန်ဟက်တန်ဒေသ၊ Upper East Side အရပ်ရှိ စံအိမ်ကြီးကို ကန်ဒေါ်လာ သန်း ၂၀ ဖြင့် အရောင်းအဝယ်ဖြစ်သွားခြင်းဖြစ်ပြီး စတင်ဈေးခေါ်ခဲ့သည့် ဈေးနှုန်းအောက် ၁၂ ဒသမ ၅ သန်းအထိ နည်းပါးသည့် ဈေးနှုန်းလည်း ဖြစ်သည်။

Upper East Side သည် မန်ဟက်တန်တွင် တည်ရှိပြီး ပဉ္စမရိပ်သာလမ်းနှင့် ၅၉ လမ်းအကြားတွင် တည်ရှိသည်။

ဝယ်လက်သည် မျက်နှာစာ ပေ ၄၀ ရှိစံအိမ်ကြီးကို ဝယ်ယူရာတွင် Wells Fargo ဘဏ်ထံမှ ချေးငွေ ကန်ဒေါ်လာ ၁၀ သန်းရယူကာ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း အိမ်ခြံမြေမှတ်တမ်းများတွင် ဖော်ပြသည်။

Wells Fargo သည် ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုတွင် အခြေစိုက်သည့် ဘဏ္ဍာရေးကုမ္ပဏီတစ်ခု ဖြစ်သည်။

အဆိုပါနေအိမ်ကို ရော့ခ်ဖဲလား ၁၀၁ နှစ်တွင် ကွယ်လွန်သွားပြီးနောက် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်အတွင်း အရောင်းဈေးကွက်တင်ခဲ့ခြင်း ဖြစ်သည်။
နောက်ဆုံးခေါ်ခဲ့သည့်ခေါ်ဈေးမှာ ကန်ဒေါ်လာ ၂၇ သန်း ဖြစ်သည်။

နေအိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၉၇၇၇ ရှိပြီး ၄ ထပ်အဆောက်အအုံဖြစ်ကာ အိပ်ခန်း ၈ ခန်း၊ မီးလင်းဖို ၈ ခု၊ စတုတ္ထထပ်တွင် ကောင်းကင်အလင်းရရှိရန် စီမံထားသည့်အပြင် အပူချိန်ထိန်းညှိစနစ်ပါသည့် ဝိုင်သိုလှောင်ခန်းတစ်ခုလည်း ပါဝင်သည်။

ခြံဝန်းအတွင်းရှိ ပန်းဥယျာဉ်မှာ စတုရန်းပေ ၃၀၀၀ ခန့်ကျယ်ဝန်းသည်။

အရောင်းဈေးကွက်တင်ခဲ့သည်မှာ BHS ကုမ္ပဏီမှ မာရီ ရူသာဖာ့ထ်၊ ပေါလာ ဒဲလ် နန်ဇီယိုနှင့် လက်စ်လီ ကိုးလ်မန်းတို့ ဖြစ်ကြသည်။

၁၉၂၄ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ပက်ဂီနှင့် ဒေးဗစ် ရော့ခ်ဖဲလားတို့က ၁၉၄၈ ခုနှစ်တွင် ဝယ်ယူခဲ့သည်။

ပက်ဂီသည် အဆိုပါနေအိမ်တွင် ကွယ်လွန်ချိန် ၁၉၉၆ ခုနှစ်အထိ နေထိုင်သွားခဲ့သည်။

ဒေးဗစ်ရော့ခ်ဖဲလားသည် ဂျွန်ဒီ-ရော့ခ်ဖဲလား၏ မြေးဖြစ်ပြီး Chase Manhattan Corporation ၏ ဥက္ကဌနှင့် အမှုဆောင်အရာရှိချုပ်အဖြစ် တာဝန်ယူခဲ့သူ ဖြစ်သည်။

Chase Manhattan Corporation သည် JPMorgan Chase Bank ဟုခေါ်သော Chase Bank ကို လုပ်ကိုင်ခဲ့ပြီး နယူးယောက်မြို့၊ မန်ဟက်တန်အရပ်တွင် ရုံးစိုက်သည်။

၂၀၁၆ ခုနှစ်အချက်အလက်များအရ Chase Bank ၏ ပိုင်ဆိုင်မှုအရပ်ရပ်မှာ ကန်ဒေါ်လာ ၂ ဒသမ ၀၈၃ ထရီလီယံရှိပြီး ၂၀၁၆ ခုနှစ် အသားတင်ဝင်ငွေမှာ ကန်ဒေါ်လာ ၁၉ ဒသမ ၃၇၂ ဘီလီယံရှိသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ကမ္ဘာကျော်သူဌေးကြီး ဒေးဗစ်ရော့ခ်ဖဲလား၏ နယူးယောက်စံအိမ်ကြီးကို မူရင်းခေါ်ဈေးအောက် ကန်ဒေါ်လာ ၁၂ သန်းခွဲခန့် နည်းပါးသောဈေးနှုန်းဖြင့် အမည်မဖော်သည့်ဝယ်လက်တစ်ဦးက ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော်သူဌေးကြီး ဒေးဗစ်ရော့ခ်ဖဲလား၏ နယူးယောက်စံအိမ်ကြီးကို မူရင်းခေါ်ဈေးအောက် ကန်ဒေါ်လာ ၁၂ သန်းခွဲခန့် နည်းပါးသောဈေးနှုန်းဖြင့် အမည်မဖော်သည့်ဝယ်လက်တစ်ဦးက ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော်သူဌေးကြီး ဒေးဗစ်ရော့ခ်ဖဲလား၏ နယူးယောက်စံအိမ်ကြီးကို မူရင်းခေါ်ဈေးအောက် ကန်ဒေါ်လာ ၁၂ သန်းခွဲခန့် နည်းပါးသောဈေးနှုန်းဖြင့် အမည်မဖော်သည့်ဝယ်လက်တစ်ဦးက ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော်သူဌေးကြီး ဒေးဗစ်ရော့ခ်ဖဲလား၏ နယူးယောက်စံအိမ်ကြီးကို မူရင်းခေါ်ဈေးအောက် ကန်ဒေါ်လာ ၁၂ သန်းခွဲခန့် နည်းပါးသောဈေးနှုန်းဖြင့် အမည်မဖော်သည့်ဝယ်လက်တစ်ဦးက ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော်သူဌေးကြီး ဒေးဗစ်ရော့ခ်ဖဲလား၏ နယူးယောက်စံအိမ်ကြီးကို မူရင်းခေါ်ဈေးအောက် ကန်ဒေါ်လာ ၁၂ သန်းခွဲခန့် နည်းပါးသောဈေးနှုန်းဖြင့် အမည်မဖော်သည့်ဝယ်လက်တစ်ဦးက ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော်သူဌေးကြီး ဒေးဗစ်ရော့ခ်ဖဲလား၏ နယူးယောက်စံအိမ်ကြီးကို မူရင်းခေါ်ဈေးအောက် ကန်ဒေါ်လာ ၁၂ သန်းခွဲခန့် နည်းပါးသောဈေးနှုန်းဖြင့် အမည်မဖော်သည့်ဝယ်လက်တစ်ဦးက ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော်သူဌေးကြီး ဒေးဗစ်ရော့ခ်ဖဲလား၏ နယူးယောက်စံအိမ်ကြီးကို မူရင်းခေါ်ဈေးအောက် ကန်ဒေါ်လာ ၁၂ သန်းခွဲခန့် နည်းပါးသောဈေးနှုန်းဖြင့် အမည်မဖော်သည့်ဝယ်လက်တစ်ဦးက ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ

Royal Theikdi Condo
Shwe Moe Kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service