၂ဝ၁၈ ခုနှစ် ၊ ဧပြီလ ၇ ရက် နှင့် ၈ ရက် နေ့များတွင် ရန်ကုန်မြို့ ၊ ကမ္ဘာအေးဘုရားလမ်းမပေါ် Micasa Hotel အနီးရှိ စိမ်းလဲ့အောင်ကွန်ဒို အရောင်းပြပွဲကြီးအား မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှါး ဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ အောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်း သိရသည်။
စိမ်းလဲ့အောင်ကွန်ဒိုသည် 18 A ၊ စိမ်းလဲ့မေရိပ်သာလမ်း၊ ရန်ကင်းမြို့ နယ်တွင် ရေကူးကန် ၊ အားကစားခန်းမ နှင့် အခြားကွန်ဒို facilities များ ထည့်သွင်းတည်ဆောက်ထားသည့် ကွန်ဒိုစီမံကိန်းဖြစ်သည်။
အဆိုပါအရောင်းပြပွဲ (၂) ရက်အတွင်း အထူးပရိုမိုးရှင်းအဖြစ် ၃၀% ငွေချေပြီးလျှင် အခန်းအပ်ပေးပြီး ကျန်ငွေကို (၁၀)နှစ် အရစ်ကျပေးချေနိုင်သည့် စနစ်ဖြင့် ရောင်းချပေးခဲ့ရာ တန်ဖိုးငွေ (၂) ဘီလီယံကျပ်ကျော် တန်ဖိုးရှိသော ကွန်ဒိုအခန်းများ ရောင်းချပေးနိုင်ခဲ့ကြောင်း သိရှိရသည်။
" စိမ်းလဲ့အောင်ကွန်ဒိုအရောင်းပွဲမှာ ကျပ်ငွေ (၂) ဘီလီယံကျော်ဖိုး ရောင်းချနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ အိမ်ခြံမြေဈေးကွက် အေးနေချိန်မှာ ကျွန်တော်တို့ iMyanmarHouse.com က ရောင်းချပေးတဲ့ အရောင်းပွဲတိုင်း အောင်မြင်တာတွေ့ရတဲ့အတွက်လည်း ဝမ်းသာမိပါတယ်။ အိမ်ခြံမြေ ဈေးကွက်ကို တစ်ဘက်တစ်လမ်းကနေ ကူညီပံ့ပိုးပေးနေတယ်လို့ မြင်မိပါတယ်။ ရောင်းချပေးတဲ့ ဆောက်လုပ်ရေးကုမ္ပဏီလည်း အဆင်ပြေ၊ ဝယ်ယူနေထိုင်တဲ့သူတွေလည်း အဆင်ပြေစေတဲ့အတွက် ဝမ်းသာမိပါတယ်။ ကျွန်တော်တို့ iMyanmarHouse.com ကတော့ သင်္ကြန်အပြီး အပတ်တိုင်းမှာ အရောင်းပွဲတွေ ရှိမှာပါ။ AYA ဘဏ်၊ KBZ ဘဏ်၊ YOMA ဘဏ်များနဲ့လည်း ချိတ်ဆက်ထားပြီး (၁) နှစ်ကနေ (၁၅) နှစ်အထိ အရစ်ကျစနစ်များနဲ့လည်း ရောင်းချပေးနေပါတယ်။ " ဟု iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ Managing Director ဖြစ်သူ ဦးနေမင်းသူ မှ ပြောကြားသွားခဲ့သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)