Dubai သည်လူနေအိမ်များသာမဟုတ်ဘဲကမ္ဘာအရှည်ဆုံးမျှော်စင်၊ကမ္ဘာအကြီးဆုံးဈေးဝယ်စင်တာ၊အုန်းပင်များနှင့်ပြုလုပ်ထားသော လူလုပ်ကျွန်းများဖြစ်သည်။
ဇိမ်ရှိရှိအပန်းဖြေရန်လာရောက်ကြသူများသည်ကောင်ကင်ပေါ်မှာသာမက ရေအောက်တွင်လည်းသွားရောက်အပန်းဖြေနိုင်သည်။
UAE အခြေစိုက်အိမ်ခြံမြေဆောက်လုပ်ရေးတစ်ခုက ‘ရေပေါ်အိမ်’ကိုတည်ဆောက်ခဲ့ပြီးပင်လယ်ပြင်၏တည်ငြိမ်အေးချမ်းမှုကိုခံစားပြီးရေအောက်ထဲတွင်အိပ်စက် အနားယူနိုင်သည်။
သင်စိတ်ထဲတွင်ကြောက်စိတ်များကိုတွေးနေမည့်အစားသင်ပတ်ဝန်းကျင်တွင်ရေကူးနေသောငါးများကိုမအိပ်ဘဲရေတွက်နိုင်ပါသည်။ရော်ဘာဘဲ နှင့်ရေချိုးခြင်း၊Nemo ကုမ္ပဏီနှင့်သူ၏ပင်လယ်မိတ်ဆွေ တီးဝိုင်းသည်လဲနှစ်သက်ဖွယ်ဖြစ်သည်။
နေ့ဘက်အချိန်တိုင်းတွင်အံသြဖွယ်ရာငါးများကိုသင်မြင်တွေ့နိုင်လိမ့်မည်ဟု Kleindienst ၏ Chairman Josef Kleindinst ကပြောသည်၊ထို့ပြင် The Floating Seahorse ၏အကောင်းဆုံးအိပ်ခန်းကို Khaleej Times ကိုပြသခဲ့သည်၊များစွာသောရေပေါ်အိမ်များထဲမှတစ်ခုဖြစ်ပြီးကမ္ဘာပေါ်ရှိကျွန်းများထဲမှ ဥရောပ၏အသဲစွဲ နေရာတစ်ခုဖြစ်ခဲ့သည်။
အဆိုပါရေပေါ်ရွာကို ရေအောက်တွင် တည်ငြိမ်သောစနစ်ဖြင့်တည်ဆောက်ခဲ့ပြီးအထပ်သုံးထပ်ရှိသည်။ပင်လယ်ရေမျက်နှာပြင်၊ကုန်းပတ်အပေါ်ဘက်နှင့်ရေအောက်တို့ဖြစ်ပြီးအိပ်ခန်းသည်ရေလုပ်ဘဝကိုပြတင်းပေါက်မှမြင်တွေ့နိုင်သောမျက်နှာကျက်ကြမ်းပြင်တွင်တည်ရှိသည်။ဆွဲဆောင်မှုရှိသောရေအောက်ရှိသဘာဝသန္တာကျောက်တန်းများနှင့်သဘာဝမဟုတ်သောအရာများကိုသင်၏အိပ်ခန်းမှကြီးမားသောငါးမွေးကန်ကြီးဖြစ်လိမ့်မည်ဟု Kleindienst ကပြောသည်။
အဆိုပါရေပေါ်အိမ်သည်အင်ဂျင်မပါသောလှေကိုခိုင်မြဲစွာချည်နှောင်ထားသည့်အိမ်တစ်ခုသာဖြစ်သည်။အပြည့်အဝပါဝင်သော မီးဖိုချောင်၊ကုန်းပတ်ပေါ်တွင်
မှန်အောက်ခြေဖြင့်ပြုလုပ်ထားသောရေထချိုးခန်း၊နံရံဆေးရေးပန်းချီများနှင့်ပြည့်နေသော ထမင်းစားခန်းနှင့်နေပူစာလှုံနေရာများလည်းပါရှိသည်။ရေချိုးခန်းသည်ကုန်းပတ်အောက်တွင်ကျယ်ဝင်းစွာပင်လယ်ပင်ကြီးကိုမြင်နိုင်ပေသည်။
Kleindienst Group Marketing and PR Manager Charlotte Ferry told Khaleej Times မှစိမ်ခံရေပေါ်အိမ်ကိုဖိတ်ခေါ်ပါတယ်။ဤအိမ်များသည် Heart of Europe development ကုမ္ပဏီ၏အစိတ်အပိုင်းတစ်ခုဖြစ်သည်၊လူလုပ်ကျွန်းဖြစ်ပြီး ဥရောပဒီဇိုင်းနှင့်အမွေအနှစ် အုပ်စုတစ်ခုဖြစ်သည်။
Floating Seahorse ၏လက်မှတ်ထုတ်ဝေမှုသည် ယခုပေါက်ဈေး Dh12million ဖြစ်ပြီးလူလေးယောကနေထိုင်ရန်နှင့်အိပ်ရန်အကျယ်အဝင်းရှိပြီး တစ်ခုလုံးသည် ၄၀၀၄ စတုရန်းပေရှိသည်။
The Floating Seahorse ကို၂၀၁၅တွင်ဖွင့်လှစ်ခဲ့ပြီး ယူနစ် ၆၀ ကျော်ရောင်းချခဲ့ရသည်ဟု Ferrey ကပြောကြားခဲ့သည်။အများဆုံးဝယ်ယူသူများသည် UAE,GCC,Asia subcontinent နှင့် Europe တို့မှဖြစ်သည်။
ပထမယူနစ် ၅၀ ကျော်သည်၂၀၁၇အစောပိုင်းတွင်ပြောင်းရွှေ.ရန်အဆင်သင့်ဖြစ်နေပြီးအောက်တိုဘာတွင်လွှဲပြောင်းပေးလိမ့်မည်။
ပိုင်ရှင်များငှားရန်ရွေးချယ်ထားသောအိမ်များကို ရာသီအလိုက်ဝယ်လိုအားကိုမှုတည်၍ တစ်ညလျှင်ခန့်မှန်းခြေ Dh 10,000 မှ Dh 25,000 ကြားသတ်မှတ်ထားသည်ဟု Ferrey ကပြောကြားသည်။
Credit: Myanmar Builders Guide