ကမ္ဘာကျော်သူဌေးကြီး ဟောင်းဝပ်ဟုခ်ျ၏ ပင်လယ်ကမ်းခြေအပန်းဖြေနေအိမ်ကြီး အရောင်းဈေးကွက်ဝင်လာသည်။
ဖလော်ရီဒါပြည်နယ် ကိုကိုးနတ် ဂရို့ဗ်အရပ်တွင်ရှိပြီး စတုရန်းပေ ၁၀၀၀၀ ကျယ်ဝန်းသည်။
တချိန်က ကမ္ဘာကျော်သူဌေးကြီး ဟောင်းဝပ်ဟုခ်ျ ပိုင်ဆိုင်ခဲ့သည့် စံအိမ်ကြီးဖြစ်သည်။
ဈေးကွက်တွင် ဈေးခေါ်ထားသည်မှာ ကန်ဒေါ်လာ ၁၆ ဒသမ ၉ သန်း ဖြစ်သည်။
အိမ်ခြံမြေမှတ်တမ်းများအရ ၂၀၁၅ ခုနှစ်အတွင်း ကန်ဒေါ်လာ ၁၂ ဒသမ ၈၅ သန်းဖြင့် နောက်ဆုံးအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ဖော်ပြသည်။
အရောင်းဈေးကွက်တင်သည်မှာ Engel & Völkers Miami ကုမ္ပဏီမှတစ်ဆင့် ဈေးကွက်တင်ခဲ့ခြင်း ဖြစ်သည်။
ခြံအကျယ်အဝန်း တစ်ဧကခန့်ရှိပြီး ကယ်လီဖိုးနီးယားပြည်နယ်၏ နာမည်ကျော် မီယာမီကမ်းခြေတွင် တည်ရှိခြင်း ဖြစ်သည်။
ပင်လယ်ကမ်းစပ်လှေဆိပ်တစ်ခု ပါဝင်ပြီး ခြံဝန်းအတွင်းတွင် တင်းနစ်ကွင်းတစ်ခုလည်း ပါဝင်သည်။
Hughes Cove အရပ်၏ ခြံဝန်း ၈ ခုအနက် တစ်ခုလည်း ဖြစ်သည်။
ဗိသုကာပညာရှင် ဂျော့ခ်ျ ဟာနန်ဒက်ဇ်က ဒီဇိုင်းရေးဆွဲပေးခဲ့ပြီး ၂၀၀၃ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။
နေအိမ်အတွင်း အိပ်ခန်း ၇ ခန်းနှင့် ရေချိုးခန်း ၇ ခန်း ပါဝင်သည်။
ထူးခြားချက်မှာ အိပ်ရှေ့ဆင်ဝင်နံရံများကို အိုင်ဗီနွယ်ပင်များဖြင့် မွမ်းမံထားခြင်းဖြစ်ပြီး ဆင်ဝင်ရှေ့တည့်တည့်တွင် ရေကူးကန်တူးဖော်ထားရှိသည်။
ဟောင်းဝပ်ဟုခ်ျ၏ အမည်ရင်းမှာ ဟောင်းဝပ် ရောဘတ် ဟုခ်ျ ဂျူနီယာဖြစ်ပြီး ၁၉၀၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်တွင် မွေးဖွားပြီး ၁၉၇၆ ခုနှစ်၊ ဧပြီလ ၅ ရက်တွင် ကွယ်လွန်သည်။
အမေရိကန်စီးပွားရေးလုပ်ငန်းရှင်၊ စံချိန်များစွာတင်ခဲ့သည့် လေယာဉ်မှူး၊ ရုပ်ရှင်ဒါရိုက်တာ-ထုတ်လုပ်သူ၊ ပရဟိတသမားအဖြစ် နာမည်ကျော်သည်။
Rice University မှ ကျောင်းထွက်ခဲ့ပြီးနောက် လော့စ်အိန်ဂျလိသို့ ခြေချခဲ့ကာ ဖျော်ဖြေရေးလုပ်ငန်းနယ်ပယ်သို့ ဝင်ရောက်ခဲ့သည်။
သူပထမဆုံးစတင်ထုတ်လုပ်ခဲ့သည့် ရုပ်ရှင်ဇာတ်ကား ၂ ခုမှာ Everybody's Acting (၁၉၂၇) နှင့် Two Arabian Knights (၁၉၂၈) တို့ ဖြစ်ကြသည်။
ယင်းဇာတ်ကား ၂ ခုလုံးမှာ စီးပွားရေးအရအောင်မြင်မှု ရရှိခဲ့သည့် ဇာတ်ကားများ ဖြစ်သည်။
Two Arabian Knights ဇာတ်ကားမှာ ပထမဆုံးကျင်းပခဲ့သည့် အော်စကာဆုပေးပွဲတွင် အကောင်းဆုံးဒါရိုက်တာဆု ရရှိခဲ့သည်။
၁၉၂၈ ခုနှစ်တွင် ထုတ်လုပ်ခဲ့သည့် The Racket နှင့် ၁၉၃၁ ခုနှစ်တွင် ထုတ်လုပ်သည့် The Front Page ဇာတ်ကားများမှာလည်း အော်စကာဆု ဇကာတင်စာရင်းတွင် ပါဝင်ခဲ့သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)