အာဆီယံနိုင်ငံတွေအနေနဲ့ ဒေသတွင်း အခြေခံအဆောက်အအုံ စီမံကိန်းတွေ ဖော်ဆောင်ရာမှာ အစိုးရကဏ္ဍအပြင် ပြင်ပပုဂ္ဂလိကကဏ္ဍရဲ့ ထည့်ဝင်ရင်းနှီးမြှုပ်နှံမှုတွေကိုလည်း စုဆောင်းရယူနိုင်ဖို့ ကြိုးပမ်းသွားသင့်ကြောင်း စင်ကာပူက ထုတ်ဖော်အကြံပြုသွားပါတယ်။
အာဆီယံဒေသတွင်းက အခြေခံအဆောက်အအုံ အခွင့်အလမ်းတွေအတွက် မြောက်မြားလှတဲ့ ငွေကြေးမတည်ထည့်ဝင်မှုတွေ လိုအပ်မှာဖြစ်ပါတယ်ဆိုပြီး စင်ကာပူဘဏ္ဍာရေးဝန်ကြီး Heng Swee Keat က ၈ ကြိမ်မြောက် ကမ္ဘာ့ဘဏ်-စင်ကာပူ အခြေခံအဆောက်အအုံဘဏ္ဍာရေး အစည်းအဝေးမှာ ပြောကြားသွားပါတယ်။
၂၀၁၆ ခုနှစ်ကနေ ၂၀၃၀ ပြည့်နှစ်အထိ ၁၅ နှစ်တာ ကြားကာလအတွင်း အာဆီယံ အခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံမှုတွေအတွက် စုစုပေါင်း ကန်ဒေါ်လာ ၂ ဒသမ ၈ ထရီလီယံခန့် သို့မဟုတ် တစ်နှစ်ကို ဒေါ်လာ ၁၈၄ ဘီလီယံ လိုအပ်မည်ဆိုပြီး အာရှဖွံ့ဖြိုးရေးဘဏ် ADB က ခန့်မှန်းထားကြောင်း ၎င်းကကိုးကားထည့်သွင်းပြောဆိုသွားပါတယ်။
သို့ပေမယ့်လည်း အဆိုပါ လိုအပ်ချက်တွေကို အစိုးရကဏ္ဍတစ်ခုတည်းနဲ့ ဖြည့်ဆည်းနိုင်မဟုတ်တဲ့အတွက် ခုလို ပုဂ္ဂလိကကဏ္ဍ ထည့်ဝင်မှု လိုအပ်နေတာဖြစ်ကြောင်း စင်ကာပူဝန်ကြီးက ပြောသွားပါတယ်။
ယင်းအတွက်ကြောင့် အာဆီယံနိုင်ငံတွေအနေနဲ့ ဒေသတွင်း အခြေခံအဆောက်အအုံဆိုင်ရာ ပရောဂျက်တွေအတွက်ပုဂ္ဂလိကကဏ္ဍက ရင်းနှီးမြှုပ်နှံမှုတွေကိုပါ ကြိုးစားရယူရှာဖွေသွားသင့်တယ်ဆိုပြီး ၎င်းက အကြံပြုပြောသွားပါတယ်။
Credit: Xinhua