နေပြည်တော် အတွင်း လုပ်ငန်းလုပ်ရန် ဟုဆိုကာ ငှားရမ်းထားသော ဧကသုံးသောင်းခန့်တွင် အမှန်တကယ် လုပ်ကိုင်ခြင်း ရှိ မရှိကို ယခုရက်ပိုင်း အတွင်းစစ်မည်

နေပြည်တော် အတွင်း လုပ်ငန်းလုပ်ရန် ဟုဆိုကာ ငှားရမ်းထားသော ဧကသုံးသောင်းခန့်တွင် အမှန်တကယ် လုပ်ကိုင်ခြင်း ရှိ မရှိကို ယခုရက်ပိုင်း အတွင်းစစ်မည် - Property News in Myanmar from iMyanmarHouse.com
9 Apr 2018 12:38 pm တွင် တင်ခဲ့သည်
4206 ကြိမ် ကြည့်ရှု့ပြီး
နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ လုပ် ငန်းလုပ်ကိုင်ရန်ဟုဆိုကာ ငှား ရမ်းထားသည့် ဧကသောင်းချီရှိ မြေများပေါ် အမှန်တကယ်လုပ် ကိုင်ခြင်းရှိမရှိ အထူးအဖွဲ့ဖြင့် သင်္ကြန်မတိုင်ခင် စတင်စစ်ဆေး တော့မည်ဖြစ်ကြောင်းသိရသည်။ နေပြည်တော် ကောင်စီနယ် မြေအတွင်း လုပ်ငန်းလုပ်ကိုင်ရန် ငှားရမ်းထားသည့် မြေဧကစုစု ပေါင်း သုံးသောင်းခန့်ရှိပြီး ရာခိုင်နှုန်းအများစုမှာ လုပ်ငန်းအ ကောင်အထည်မပေါ်ကြောင်း အမျိုးသားလွှတ်တော် တောင်သူ လယ်သမားရေးရာကော်မတီဝင် လွှတ်တော်ကိုယ်စားလှယ် ဦးမောင် မောင်ဆွေက ဒီမိုကရေစီတူဒေး သို့ ဧပြီ ၅ ရက်တွင် ပြောသည်။

''အထူးအဖွဲ့ ဖွဲ့စစ်တယ်ဆို တာကလည်း နိုင်ငံတော်အစိုးရက လုပ်ငန်းမလုပ်ကိုင်နိုင်တဲ့ဟာ တွေကို ပြန်သိမ်းနိုင်အောင်လို့ ပေါ့။ သင်္ကြန်မတိုင်ခင်စတင်စစ် မယ်။ အဲဒီနောက်တောက်လျှောက် စစ်တော့မှာပေါ့''ဟု ဦးမောင် မောင်ဆွေက ပြောသည်။ ယင်းကဲ့သို့လုပ်ငန်းအကောင် အထည်မပေါ်သည့်မြေများကို ကွင်းဆင်းစိစစ်ကာ အစိုးရမှပြန် လည်သိမ်းယူနိုင်ရန် တင်ပြသွား မည်ဖြစ်ကြောင်း ၎င်းကဆက် လက်ပြောသည်။ ဧကသောင်းချီရှိ မြေလွတ် မြေရိုင်းပေါ်တွင် ငှားရမ်းလုပ်ကိုင် သူများ အမှန်တကယ် လုပ်ကိုင် ခြင်း ရှိ၊ မရှိ စစ်ဆေးရန် အထူး အဖွဲ့နှစ်ဖွဲ့ ဖွဲ့စည်းပြီးဖြစ်သည်။ ယင်းအဖွဲ့နှစ်ဖွဲ့တွင် ဌာနဆိုင် ရာနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များပါဝင်ပြီး နေ ပြည်တော်ကောင်စီမှ မတ်လ ၉ ရက်က ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

အဆိုပါမြေများနှင့် ပတ်သက် ပြီးယခင်က နေပြည်တော်လယ် စစ်ကော်မတီ၊ ခရိုင်လယ်စစ် ကော်မတီ၊ မြို့နယ်လယ်စစ်ကော် မတီများပူးပေါင်းကာ စစ်ဆေးခဲ့ သော်လည်း ယင်း လယ်/စစ် ကော်မတီများ၏လုပ်ပိုင်ခွင့်မှာ တိုင်ကြားသူရှိမှ စစ်ဆေးရခြင်း ဖြစ်သည့်အတွက် စစ်ဆေးမှုမလုံ လောက်သဖြင့် အထူးအဖွဲ့ ဖွဲ့စည်း ရခြင်းဖြစ်ကြောင်း သိရသည်။ ယင်းအတွက်ကြောင့် တိုင် ကြားသူမရှိလည်း လွတ်လပ်စွာ စစ်ဆေးပိုင်ခွင့်ရှိသည့် အထူး အဖွဲ့ ဖွဲ့စည်းပေးရန် လွှတ်တော် ကိုယ်စားလှယ်များက ပြည် ထောင်စုအစိုးရထံ ပြီးခဲ့သည့် နိုဝင်ဘာက တင်ပြခဲ့ကြောင်း ဦးမောင်မောင်ဆွေကပြောသည်။ အဆိုပါ ငှားရမ်းမြေများမှာ ဧကသောင်းချီရှိနေပြီး ငှားရမ်း ထားသူများထဲတွင် ယခင်အစိုးရ လက်ထက်က တာဝန်ယူခဲ့သည့် အစိုးရအဖွဲ့ဝင်ဟောင်းများလည်း ပါဝင်နေကြောင်း ၎င်းက ဆက် လက်ပြောသည်။ ''တိတိကျကျ မပြောနိုင်ပေမယ့် လက်ရှိအခြေ အနေက ရာခိုင်နှုန်းအများစုက လုပ်ငန်းအကောင်အထည်မပေါ် ဘူး''ဟု ဦးမောင်မောင်ဆွေက ပြောသည်။

ယင်းမြေဧက သုံးသောင်း ဝန်းကျင်တွင် သရက်ဇုန်အဖြစ် လုပ်ကိုင်ရန် မြေဧက ၈ဝဝဝ ဝန်းကျင်နှင့် အခြားလုပ်ငန်းများ လုပ်ကိုင်ရန် ငှားရမ်းထားခြင်း ဖြစ်ကြောင်း သိရသည်။ သရက်ဇုန်အဖြစ် လုပ်ငန်း ရှင်များထံ ခွင့်ပြုပေးထားသည့် မြေဧကပေါင်း ၈ဝဝဝ ကျော်ရှိ သည့် အနက် ဧက ၂ဝဝဝ ကျော် မှာ လုပ်ငန်း အကောင်အထည် မပေါ်ကြောင်း လုပ်ငန်းရှင်များထံ မှသိရသော်လည်း အကောင်အ ထည်ဖော်ထားသည်ဟု ပြောသည့် ဧက ၆ဝဝဝ ကျော်တွင်လည်း အပြည့်အဝ အကောင်အထည် မဖော်ထားကြောင်း ဒက္ခိဏသီရိ မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်ဦးသန့်ထွန်းက ဖေဖော် ဝါရီ ၂၃ ရက်က ဒီမိုကရေစီတူဒေး သို့ ပြောသည်။ လုပ်ငန်းအကောင်အထည် မဖော်နိုင်ပါက အဆိုပါမြေများကို နိုင်ငံတော်ပိုင်အဖြစ် ပြန်လည်သိမ်း ယူမည်ဟု ငှားရမ်းစာချုပ်တွင်ပါ ရှိကြောင်းသိရသည်။

Credit: Democracytoday

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က

imyanmarmarket
Shwe Moe Kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service