iGreen Development and Engineering Group မှ တာဝန်ယူတည်ဆောက်မည့် သုဝဏ္ဏအားကစားကွင်းအနီးရှိ 239 Condominium အမည်ရှိ ကွန်ဒိုအခန်းများအား မြန်မာနိုင်ငံ၏ နံပါတ်တစ်အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သည့် iMyanmarHouse.com မှ ၂ဝ၁၈ ခုနှစ် ၊ မတ်လ ၊ ၂၄ ရက် နှင့် ၂၅ ရက် နေ့များတွင် စီမံကိန်းတည်ရှိရာ အမှတ် (၂၃၉) ၊ ရွာလယ်လမ်း ၊ သင်္ဃန်းကျွန်းမြို့နယ် နှင့် Myanmar Culture Valley ပရိုမိုးရှင်းနေရာတို့တွင် တပြိုင်တည်း ကြီးမှူးကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါကွန်ဒိုတွင် မာစတာအိပ်ခန်း ၁ ခန်း ၊ ရိုးရိုးအိပ်ခန်း ၂ ခန်း ပါဝင်မည် ဖြစ်ပြီး Facility အနေဖြင့် ရေကူးကန် ၊ ကားပါကင်နှင့် ဓာတ်လှေကားတို့ ထည့်သွင်းတည်ဆောက်သွားမည် ဖြစ်သည်။ အခန်းဈေးနှုန်းများမှာ သိန်း ၁၀၀၀ ဝန်းကျင်ခန့်သာဖြစ်ပြီး ငွေပေးချေမှုအနေဖြင့် Down Payment လုံးဝ ပေးရန်မလိုဘဲ လစဉ်အရစ်ကျ ပေးသွင်းရမည့်စနစ်ဖြင့် ပြပွဲ (၂) ရက်အတွင်း အထူးပရိုမိုးရှင်းပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
“ ကျွန်တော်တို့ iMyanmarHouse.com မှ ရောင်းချပေးတဲ့ စီမံကိန်းများဟာ ခိုင်မာမှုရှိတဲ့ ဆောက်လုပ်ရေးလုပ်ငန်းများမှ တည်ဆောက်တာဖြစ်ပြီး ဝယ်သူတွေအတွက် စိတ်ချမ်းသာအောင် အဓိကထားဆောင်ရွက်ပေးထားတာ ဖြစ်ပါတယ်။ အခုပြပွဲမှာလည်း ငွေအလုံးအရင်းနဲ့ ပေးချေစရာမလိုဘဲလစဉ်အရစ်ကျစနစ်နဲ့ စီစဉ်ရောင်းချပေးထားပါတယ်။”ဟု iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း ) ၏ မန်နေဂျင်းဒါရိုက်တာ ဖြစ်သူ ဦးနေမင်းသူမှ ပြောကြားခဲ့သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)