ဒလတံတားတည် ဆောက်ရန် အဆိုပြုထားသည့် ကိုရီးယားကုမ္ပဏီနှစ်ခုအနက် တစ်ခုကိုရွေးချယ်ရန်စီစဉ်ထားပြီး လာမည့်ဇွန်လတွင် တည်ဆောက် ရေးလုပ်ငန်းများ စတင်နိုင်တော့ မည်ဖြစ်ကြောင်း ဆောက်လုပ် ရေးဝန်ကြီးဌာန တံတားဦးစီးဌာန အင်ဂျင်နီယာချုပ် ဦးကျော်ကောင်းချိုက ပြောသည်။
ကိုရီးယားကုမ္ပဏီနှစ်ခုက တံတားဆောက်ရန် တင်ပြထား ပြီး လက်ရှိတွင်ချေးငွေ၊ မြေယာ လျော်ကြေးအပြင် ချဉ်းကပ်လမ်း များအတွက် လိုအပ်သည်များ ဆောင်ရွက်ပြီးဖြစ်ကြောင်း ၎င်း က ဆက်လက်ပြောသည်။
‘‘ကုမ္ပဏီတွေကို အကဲဖြတ် နေတယ်။ တည်ဆောက်ပုံ၊ တည် ဆောက်နည်း၊ ကုမ္ပဏီအတွေ့အ ကြုံ၊ မြန်မာအင်ဂျင်နီယာတွေကို နည်းပညာ ဘယ်လိုဖြန့်ဝေနိုင် မလဲ၊ ဒါတွေကို စစ်ဆေးနေတာ ပါ’’ ဟု ၎င်းကပြောသည်။
အဆိုပါတံတားကို ၂၀၁၇ တွင်စတင် တည်ဆောက်ရန် စီစဉ်ခဲ့သော်လည်း ကိုရီးယားနိုင်ငံနှင့် ညှိနှိုင်းမှုများမပြီးပြတ်သေး၍ ၂၀၁၈ မေလသို့ ရွှေ့ဆိုင်းခဲ့သည်။
ကိုရီးယားကုမ္ပဏီမြန်မာနိုင်ငံသို့ လာရန် ရွေ့လျားကြာချိန် ထပ်ပေးရခြင်းကြောင့် ဇွန်လကျမှ တည်ဆောက်ရေးလုပ်ငန်းများ စတင်နိုင်မည်ဟုဆိုသည်။
ကိုရီးယား-မြန်မာချစ်ကြည် ရေး(ဒလ)တံတားကို ကိုရီးယား နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုရန်ပုံငွေ (EDCF Loan)ချေးငွေကန်ဒေါ် လာ ၁၃၇ ဒသမ ၈၃၃ သန်း၊ ပြည် တွင်းရန်ပုံငွေကျပ် ၃၀ ဒသမ ၃၄၁ သန်းတို့ဖြင့်တည်ဆောက် မည်ဖြစ်ကြောင်း ကနဦးခန့်မှန်း တွက်ချက်ထားသည်။
ရန်ကုန်-ဒလ တံတားစီမံ ကိန်းဧရိယာအတွင်း ပါဝင်သည့် အဆောက်အအုံများ စတင်ဖြို ဖျက်ရန် ၂၀၁၇ စက်တင်ဘာက အကြောင်းကြားခဲ့ကြောင်း ဒလ မြို့ ကမာကဆစ်ရပ်ကွက်နေဒေ သခံများက ပြောသည်။ စီမံကိန်း ဖော်ဆောင်ရန် တံတားအူကြောင်းမီတာ ၄၀ အတွင်းမလွတ်ကင်းသည့် မြေနှင့် အဆောက်အအုံများအတွက် လျော်ကြေးကျပ်သိန်းသုံးသောင်း ကျော်ပေးအပ်ပြီးဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ဆိုသည်။ အဆိုပါလျော်ကြေးကို ဒေသခံအများစုကကျေနပ်ကြောင်း ဆိုသည်။
Credit: 7Daydaily