စတော့အိတ်ချိန်းက မြန်မာ့ကူးသန်းရောင်းဝယ်ရေးဘဏ်များ၏ အနာဂတ်အလားအလာ အစီရင်ခံစာ ထုတ်ပြန်

စတော့အိတ်ချိန်းက မြန်မာ့ကူးသန်းရောင်းဝယ်ရေးဘဏ်များ၏ အနာဂတ်အလားအလာ အစီရင်ခံစာ ထုတ်ပြန် - Property News in Myanmar from iMyanmarHouse.com
9 Apr 2018 10:38 am တွင် တင်ခဲ့သည်
4939 ကြိမ် ကြည့်ရှု့ပြီး
ပြည်တွင်းဘဏ်များ၏ ၀န်ဆောင်မှုများသည် ပြည်သူလူထုအသုံးပြုနိုင်မှု နည်းပါးနေ၍ စီးပွားရေးလုပ်ငန်းများ များစွာဖွံ့ဖြိုးတိုးတက်မှု မရှိသေးခြင်း ဖြစ်ကြောင်း ရန်ကုန်စတော့အိတ်ချိန်းက ထုတ်ပြန်သည့် အစီရင်ခံတွင် ဖော်ပြထားသည်။

‘မြန်မာ့ကူးသန်းရောင်းဝယ် ရေးဘဏ်များ၏ အနာဂတ်အ လားအလာ’ ဟု အမည်ပေးထားသည့် အစီရင်ခံစာကို ရန်ကုန် စတော့အိတ်ချိန်းစတင်ဖွင့်လှစ် ခဲ့သည့် ၂ နှစ်အတွင်း ပထမဆုံး ထုတ်ပြန်သည့် အစီရင်ခံစာ ဖြစ် သည်။

ပြည်တွင်းထုတ်ကုန်တန်ဖိုး (GDP) နှင့် ဘဏ်များက ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များသို့ ထုတ်ပေးသည့် ချေးငွေ အချိုး သည် မြန်မာနိုင်ငံတွင် ၂၀ ရာခိုင် နှုန်းကျော်သာ ရှိပြီး အာဆီယံအ တွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက် သည့် နိုင်ငံများဖြစ်သည့် ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့တွင် ၁၀၀ ရာ ခိုင်နှုန်းကျော်ရှိနေသည်ဟု အစီ ရင်ခံစာတွင် ဖော်ပြထားသည်။

ထိုသို့ဖြစ်ရခြင်းသည် ဘဏ် များအပေါ် ပြည်သူက စိတ်ချယုံ ကြည်မှုနည်းပါးနေခြင်း၊ ကျွမ်းကျင်ဝန်ထမ်း ရှားပါးခြင်း၊ ချေး ငွေစိစစ်မှုစွမ်းရည် မပြည့်ခြင်းနှင့် စီးပွားရေးလုပ်ငန်းများက ဘဏ္ဍာရေးဆိုင်ရာအချက်အလက်များ နှင့် အစီရင်ခံစာများ ဘဏ်သို့တင် ပြနိုင်မှုနည်းခြင်းစသည့် အချက်လေးချက်ကြောင့်ဖြစ်သည်ဟု ရန်ကုန် စတော့အိတ်ချိန်းက ထောက်ပြထားသည်။

မြန်မာ့စီးပွားရေး အခင်းအ ကျင်းပိုမိုတိုးတက်လာစေရန် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် အိမ်ရာ တည်ဆောက်ရေးလုပ်ငန်းများ တွင် ငွေကြေးပိုမိုထည့်ဝင်လာစေ ရန် ဖိတ်ခေါ်ရမည်မှာ အထူးလို အပ်ချက်ဖြစ်သည်ဟု ၎င်းကဆို ထားသည်။

‘‘စီးပွားရေးမကောင်းလို့ ချေးငွေတွေ အများကြီးမပေးနိုင်တာ ပါ။ ဘဏ်တွေက ချေးငွေမပေးနိုင် တာလို့ ပြောလို့မရပါ။ စီးပွားရေး မကောင်းတာလည်း အစိုးရစီးပွား ရေးမူဝါဒ မကောင်းလို့ပါ’’ဟု ထွန်းကော်မာရှယ်ဘဏ်ဥက္ကဋ္ဌဦးသိန်း ထွန်းက ပြောသည်။

ကမ္ဘောဇဘဏ်၏ ငွေကြေး ပိုင်ဆိုင်မှုသည် ပြည်တွင်းဘဏ် များ၏ ၄၂ ရာခိုင်နှုန်းရှိပြီး ဧရာဝ တီဘဏ်သည် ၁၄ ရာခိုင်နှုန်းရှိ သည်။ ထို့ကြောင့် ချေးငွေများ များ ထုတ်ချေးနိုင်လျှင် အမြတ် အစွန်းပိုမိုရရှိကြောင်း ကမ္ဘောဇ ဘဏ်ကို လေ့လာခြင်းဖြင့် သိရှိ နိုင်သည်ဟု စတော့အိတ်ချိန်းက ဆိုထားသည်။

ဘဏ်တစ်ခု အမြတ်မည်မျှ ရနိုင်သည်ကို လေ့လာကြည့်ပါက ဘဏ်ခွဲတိုးချဲ့ဖွင့်လှစ်မှု နည်းဗျူ ဟာ၊ ချေးငွေဆုံးရှုံးနိုင်မည့် နည်း လမ်း စိစစ်နိုင်မှုစွမ်းရည်နှင့် ခေတ် မီဆော့ဖ်ဝဲ စနစ် အသုံးပြုမှုတို့ အပေါ်မူတည်ဟု စတော့အိတ်ချိန်းက သုံးသပ်ထားသည်။

‘‘အားလုံး ပါဝင်နိုင်တဲ့ ငွေ ကြေးစနစ်ကို တည်ဆောက်ဖို့ဆို ရင် လူတွေက ဘဏ်မသွားဘူး။ လူတွေက တရားဝင်တည်ထောင် ထားတဲ့ အဖွဲ့အစည်းတွေ မသုံး ဘူးဆိုရင်၊ ချေးငွေမရယူဘူးဆို ရင် Financial Institution (ငွေ ရေးကြေးရေးကဏ္ဍ)က ဘယ်လို လုပ်ဖြစ်နိုင်မလဲ’’ ဟု ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌဦးဘိုဘိုငယ်က ပြောထားသည်။

မြန်မာနိုင်ငံတွင် အရွယ် ရောက်ပြီးသူများအနက် အာမခံ ထားသူ ၃ ရာခိုင်နှုန်းနှင့် ငွေစု ဆောင်းသူ ၆ ရာခိုင်နှုန်းရှိသည်။ ထို့အပြင် ကြီးကြပ်ခံငွေကြေးလုပ် ငန်းဖြစ်သည့် ဘဏ်နှင့်အသေး စားငွေချေးလုပ်ငန်းများမှ ချေးငွေ ရရှိသူ ၁၉ ရာခိုင်နှုန်းသာရှိသည့် ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာနက ကောက်ခံထားသည့် အစီ ရင်ခံစာ တစ်ခုတွင် ဖော်ပြထား သည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး

Shwe Moe Kaung
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service