ဈေးဝယ်စင်တာများတွင် စမတ်ဖုန်းဖြင့် ငွေချေစနစ် အသုံးပြုနိုင်ရန် ကြိုးပမ်း

ဈေးဝယ်စင်တာများတွင် စမတ်ဖုန်းဖြင့် ငွေချေစနစ် အသုံးပြုနိုင်ရန် ကြိုးပမ်း - Property News in Myanmar from iMyanmarHouse.com
6 Apr 2018 11:35 am တွင် တင်ခဲ့သည်
5453 ကြိမ် ကြည့်ရှု့ပြီး
စမတ်ဖုန်း ကိုင်သူတိုင်း ဈေးဝယ်စင်တာများတွင် Third Party Payment စနစ် (ဖုန်းမှတဆင့် ငွေပေးချေမှု စနစ်) ဖြင့် ငွေပေးချေနိုင်မည့် Software တခုကို ယခုနှစ်အတွင်း မြန်မာနိုင်ငံတွင် စတင် အသုံးပြုနိုင်ရန် ကြိုးပမ်းနေပြီ ဖြစ်ကြောင်း သိရ သည်။

“ငွေစက္ကူမကိုင်တော့ဘူး၊ Credit ကတ်လည်း မကိုင်တော့ဘူး၊ စမတ်ဖုန်း တလုံးနဲ့တင် စီးပွားရေး လုပ်လို့ရတယ်။ ပြီးရင် ပစ္စည်းအဝယ် အရောင်း အားလုံး လုပ်လို့ရပါတယ်”ဟု Myanmar First Blockchain (MFB) မှ အလုပ် အမှုဆောင် ဒါရိုက်တာ ကိုသော်ထွန်းအောင် က ပြောသည်။

နေပြည်တော်ရှိ MICC 2 တွင် ဧပြီလ ၄ ရက်နေ့က ကျင်းပသည့် တရုတ် – မြန်မာ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုနှင့် ဘဏ္ဍာရေး နည်းပညာ ဖွံ့ဖြိုးတိုးတက်မှု ဖိုရမ် မစတင်မီ သတင်းမီဒီယာ များသို့ ကိုသော်ထွန်းအောင်က ပြောကြားခြင်း ဖြစ်သည်။

Myanmar First Blockchain (MFB) ကုမ္ပဏီသည် တရုတ်နိုင်ငံမှ အွန်လိုင်း အဖွဲ့အစည်း တခုဖြစ်သည့် အလီဘာဘာ အဖွဲ့ ဝန်ထမ်းဟောင်း ၂၀၀ ဖြင့် ပါဝင် ဖွဲ့စည်းထားသည့် ကုမ္ပဏီ တခုဖြစ်ပြီး ယင်း တရုတ်အခြေစိုက် MFB အဖွဲ့က မြန်မာနိုင်ငံ အတွက် သီးသန့် ရေးဆွဲထားသော Third Party Payment စနစ် (Software) တခုကို မြန်မာ နိုင်ငံသို့ လာရောက်၍ စတင် မိတ်ဆက်ခြင်း ဖြစ်သည်။

MFB က နည်းပညာကို မိတ်ဆက်ပေးချင်သည့် ရည်ရွယ်ချက်ဖြင့် ဖိုရမ်ကို ကျင်းပခဲ့ခြင်းဖြစ်ကြောင်း၊ နောက်ပိုင်း ပြည်သူများ အသိများလာပြီး အသုံးပြုမှု ရှိလာပါက အစိုးရအချင်းချင်း ချိတ်ဆက် ဆောင်ရွက်နိုင်သည့် လုပ်ငန်းများ၊ ဘဏ်များနှင့် လုပ်ငန်းရှင်များ ချိတ်ဆက် ဆောင်ရွက်နိုင်မည့် လုပ်ငန်းများ အသုံးဝင်မည့် နည်းပညာ တခုဖြစ်ကြောင်း ကိုသော်ထွန်းအောင်က ရှင်းပြသည်။

မြန်မာနိုင်ငံမှ ပြည်သူများ အဆိုပါ Software သဘောတရားနှင့် အသုံးပြုပုံများကို တရုတ်နိုင်ငံမှ လာရောက်ပြီး စတင် မိတ်ဆက် ပေးခဲ့သော်လည်း မြန်မာနိုင်ငံရှိ အစိုးရဝန်ကြီးဌာန များနှင့် ချိတ်ဆက်မှုမရှိသေးကြောင်း၊ မြန်မာနိုင်ငံ ဗဟို ဘဏ် ၏ လက်ရှိ ဥပဒေအတိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ကိုသော်ထွန်းအောင်က ပြောသည်။

ဗဟိုဘဏ်၏ ခွင့်ပြုချက် ရရှိပါက ယခုနှစ် အတွင်း စတင်ဆောင်ရွက်မည်ဖြစ်ပြီး နိုင်ငံအတွင်းရှိ လူဦးရေ ၁ သန်းခန့်စတင် အသုံးပြုရန် မျှော်မှန်းထားကြောင်း၊ အခြေခံ အဆောက်အအုံများ အတွက် အမေရိကန်ဒေါ်လာ သန်း ၅၀ ခန့် စတင် ရင်းနှီးမြှုပ်နှံပြီး ပိုမိုတွင်ကျယ် လာပါက ရင်းနှီးမြှုပ်နှံမှုများ တိုးလာနိုင်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

Third Party Payment သည် ဖုန်းအသုံးပြုသူများ၏ ဖုန်းအတွင်း Application တခု ထည့်ပြီး အသုံးပြုသူ User အနေ ဖြင့် လုံခြုံရေးပိုင်းအရ မျက်နှာနှင့် Password ဖွင့်ရသည့် စနစ် ထည့်သွင်းထားသည့် အတွက် ပျောက်ဆုံး ပျက်စီးမှု များ ရှိပါကလည်း မိမိထည့်သွင်းထားသည့် ငွေပမာဏမှာ မူလအတိုင်း ရှိနေမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ Third Party Payment စနစ်ကို ကမ္ဘာတွင် တွင်ကျယ်စွာ အသုံးပြုနေပြီ ဖြစ်ပြီး ဖီလစ်ပိုင်၊ ထိုင်း၊ စင်ကာပူ၊ ဟောင်ကောင်၊ မက္ကာအို တို့တွင် တွင်တွင်ကျယ်ကျယ် အသုံးပြုနေပြီ ဖြစ်ကြောင်း ကိုသော်ထွန်းအောင်က ပြောသည်။

အိုင်တီပညာရှင် ကိုသီဟက “ မြန်မာပြည်မှာ ဒီစနစ်တွေက အရမ်း မတွင်ကျယ်သေးဘူး၊ အွန်လိုင်း ဈေးဆိုင်တွေနဲ့ ချိတ် ဆက်မိရင်တော့ အဆင်ပြေလောက်မယ်။ ပိုက်ဆံ ပေးချေတဲ့နေရာမှာ အွန်လိုင်း Shop တွေက အခက်အခဲ ဖြစ် နေတယ်။ အဓိက ဆိုင် ဘယ်လောက်များများက လက်ခံလဲပေါ့၊ လက်ခံတာ များရင်တော့ အောင်မြင်မှာပါ”ဟု ပြောဆို သည်။

လက်ရှိတွင် မြန်မာနိုင်ငံတွင် အွန်လိုင်း ငွေချေစနစ် အဖြစ် OK ဒေါ်လာ၊ Mobile Banking တို့ကို အသုံးပြုမှုများ ရှိနေ သည်။

Credit: The irrawaddy

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...
ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...
ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...
ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ
တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ
တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်
စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်
လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။
လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀
ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀
imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service