Bitcoin ကဲ့သို့ Cryptocurrency သုံးစွဲခြင်းအသိမှတ်မပြုကြောင်း ဗဟိုဘဏ်ထုတ်ပြန်ဖို့ပြင်ဆင်နေတယ်လို့ ဗဟိုဘဏ်ဥက္ကဋ္ဌ
ဦးကျော်ကျော်မောင်က ပြောဆိုပါတယ်။
ရွှေ(သို့မဟုတ်) အခြားအရာတစ်ခုခုကို ကျောထောက်နောက်ခံထားပြီး ရိုက်နှိပ်ထုတ်ဝေတဲ့ ငွေကြေးမျိုးမဟုတ် ပဲ Mathematical
Algorithm နည်းပညာပေါ် အခြေခံထုတ်ဝေတဲ့ Digital Currencyကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ဆုံးရှုံးမှုတွေကို တားဆီးနိုင်ဖို့ နိုင်ငံတကာ
မှာလည်း လုပ်ဆောင်ချက်တွေရှိနေပြီး မြန်မာနိုင်ငံမှာလည်း ယင်းငွေကြေးကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ဆုံးရှုံးမှုတွေမဖြစ်အောင်
ဆောင်ရွက်နေခြင်းလည်းဖြစ်ပါတယ်။
၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်မှာပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဒါရိုက်တာများဘုတ်အဖွဲ့ အစည်းအဝေးမှာ ပြည်သူများကြား
Cryptocurrency ကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ ဆုံးရှုံးမှုတွေရှောင်ရှားနိုင်ဖို့ ယင်းငွေကြေး ကိုတရားဝင်အသိအမှတ်မပြုကြောင်း ထုတ်ပြန်ဖို့သမ္မတရုံးထံတင်ပြပြီး ခွင့်ပြုချက်တောင်းခံဖို့ ဆွေးနွေးခဲ့ကြတာပါ။
တရားဝင်အသိအမှတ် မပြုထားတဲ့ငွေကြေးဖြစ်တာကြောင့် ပေါ်ပေါက်လာတဲ့ဆုံးရှုံးမှုတွေကို အကာအကွယ်ပေး နိုင်မဲ့ ဥပဒေအာမခံချက်မရှိခြင်း Hackers များနှောက်ယှက်နိုင်ခြင်းငွေကြေးခဝါချမှုနဲ့ အခွန်ရှောင်ရှားမှုများဖြစ် ပေါ်နိုင်ခြင်းနဲ့ အခြားသောအကျိုးဆက်များကြောင့် Bitcoin ကဲ့သို့ Cryptocurrency သုံးစွဲခြင်းအသိမှတ်မပြုကြောင်း ညွှန်ကြားချက်ထုတ်ပြန်နိုင်ဖို့ နိုင်ငံတော်သမ္မတရုံးကို တင်ပြပြီး ခွင့်ပြုချက်တောင်းခံထားတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ ဆုံးရှုံးနိုင်ခြေမြင့်မားတဲ့ Bitcoin အပါအဝင်အခြားသော Cryptocurrency များအပေါ် ရင်းနှီးမြုပ် နှံမှုများပြုလုပ်ခြင်းနဲ့ ရင်းနှီးမြုပ်နှံမှုပြုလုပ်ဖို့ ပြည်သူတွေကိုစည်းရုံးဆွဲဆောင်ခြင်းများ ပြုလုပ်ခြင်းကို တားမြစ်နိုင်ဖို့ Cryptocurrency ကို တရားမဝင်ရောင်းဝယ်မှုအဖြစ်ကြေညာချက်တွေ ထုတ်ပြန်သင့်တယ်လို့လည်း ဗဟို ဘဏ်တာဝန်ရှိသူက ပြည်တွင်းမီဒီယာတွေနဲ့ တွေ့ဆုံစဉ်
မှာ ထုတ်ဖော်ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။
ဒါ့အပြင် Cryptocurrency အသုံးပြုနိုင်တဲ့ Hardware/Software တားမြစ်ပိတ်ပင်ခြင်း အရောင်းအဝယ်ပြုလုပ် နိုင်တဲ့ Websiteများ Mobile Software များနဲ့ အခြားသောကြားခံဝန်ဆောင်မှုပေးတာတွေကိုလည်း တားမြစ် ထိန်းချုပ်တာတွေ လုပ်ဆောင်သင့်တယ်လို့လည်း ဗဟိုဘဏ်တာဝန်ရှိသူပြောဆိုမှုအရ
သိရပါတယ်။
လက်ရှိ ဂျပန်၊ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေရှ်၊ အင်ဒိုနီးရှား၊ စင်္ကာပူနဲ့အခြားသောနိုင်ငံတကာ ဗဟိုဘဏ်တွေက လည်း
Cryptocurrency အသိမှတ်မပြုကြောင်း အသီးသီးထုတ်ပြန်ထားပါတယ်။
Credit: SFJ Strategy First