မန္တလေးမြို့ မဟာ အောင်မြေမြို့နယ်ရှိ ဟိုတယ် မန္တလေးမြေနေရာ အပါအဝင် မန္တလေးမြို့တော်စည်ပင်သာယာ ရေးကော်မတီက ပုဂ္ဂလိကသို့ ငှားရမ်းလုပ်ကိုင်ခွင့်ပြုထားသော မြေငှားရမ်းခနှုန်းထားများသည် ကာလပေါက်ဈေးနှင့် အလွန်ကွာဟ နေကြောင်း မန္တလေးတိုင်းဒေသ ကြီး တိုင်းစာရင်းစစ်ချုပ်က တိုင်းလွှတ်တော်သို့ တင်သွင်းသည့် ၂၀၁၆-၁၇ ဘဏ္ဍာနှစ် ဘဏ္ဍာ ငွေအရအသုံးစာရင်း စစ်ဆေး ချက်အစီရင်ခံစာတွင် ဖော်ပြထား သည်။
စည်ပင်သာယာက ပုဂ္ဂလိက သို့ နှစ်ရှည်မြေငှားရမ်းလုပ်ကိုင် ခွင့်ပေးထားသည့် ဟိုတယ်မန္တလေးအဆောက်အအုံမြေနေရာ၊ နဒီမြန်မာဟိုတယ်အဆောက်အ အုံမြေနေရာနှင့် မန္တလေးစီးတီး ဟိုတယ်မြေနေရာတို့သည် တစ်နှစ်ငှားရမ်းခ ကျပ်သိန်းဂဏန်း သာရှိပြီး ကာလပေါက်ဈေးနှင့် အလွန်ကွာဟနေကြောင်း
စာရင်း စစ်ချုပ်အစီရင်ခံစာတွင် ဖော်ပြ သည်။
အဆိုပါမြေနေရာငှားရမ်း ခြင်းများအတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြု ချက်၊ ပြည်ထောင်စုရှေ့နေချုပ် ရုံး သဘောထားမှတ်ချက်၊ စီမံ ကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနတို့၏ သဘော ထားမှတ်ချက်၊ စီးပွားရေးကော် မတီမှတစ်ဆင့် ပြည်ထောင်စုအ စိုးရအဖွဲ့ ခွင့်ပြုချက်ရယူထားခြင်း မရှိကြောင်း မန္တလေးတိုင်းဒေသကြီး လွှတ်တော်စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးကော်မတီ အတွင်းရေးမှူး၊ တံတားဦးမြို့နယ် အမှတ်(၂)တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးဝဏ္ဏအောင်က အစီရင်ခံစာနှင့် ပတ်သက်၍ လွှတ် တော်တွင် ဆွေးနွေးရာ၌ပြောကြားသည်။
‘‘ဒါတွေကို လေ့လာသုံးသပ် လိုက်ရင် လုပ်ထုံးလုပ်နည်းများနဲ့ စနစ်တကျမဆောင်ရွက်ဘဲ ဆိုင်ရာ၊ ပိုင်ရာများဖြင့် မိမိတို့သဘော အတိုင်း လုပ်ဆောင်ခဲ့တာကို စစ်ဆေးတွေ့ရှိခြင်းအပြင် အဆောက်အအုံငှားရမ်းခများသည် ကာလပေါက်ဈေးနှင့် လုံးဝဆီ လျော်ခြင်းမရှိခြင်းကြောင့် တိုင်း ပြည်ဝင်ငွေအမှန်ရရှိရေး၊ ပြည်သူ့ အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာတာဝန် ရှိသူတွေကနေ စနစ်တကျ ကြပ် မတ်ဆောင်ရွက်သင့်ပါတယ်’’ဟု ဦးဝဏ္ဏအောင်က အကြံပြုဆွေး နွေးသည်။
မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီသည် မဟာအောင်မြေမြို့နယ် ၇၈ လမ်းနှင့် ၃၇ လမ်းထောင့်ရှိ စည်ပင်သာယာပိုင် မြေ ၁ ဒသမ ၆၅ ဧကကို အထပ်ကိုးထပ်ပါ ဟိုတယ်နှင့် လေးထပ်အမြင့် ဆိုင်ခန်းဆောက်လုပ်ရန် အေကေဆောက်လုပ်ရေး ကုမ္ပဏီသို့ ၁၉၉၆ မှ ၂၀၂၆ အထိနှစ် ၃၀ စာချုပ်ချုပ် ဆိုကာ တစ်နှစ်လျှင် ငှားရမ်းခ ကျပ် ၂၂ သိန်းရှစ်သောင်းတစ်ထောင်ဖြင့် ငှားရမ်းခဲ့ကြောင်း၊ ထို့ပြင် ၆၂ လမ်း၊ ၃၆ လမ်း နှင့် ၃၇ လမ်းရှိ မြေ ၁ ဒသမ၆၃၆ ဧကပေါ်ရှိ နဒီမြန်မာဟိုတယ်ကို ဟိုတယ်လုပ်ငန်းဆောင်ရွက်နိုင်ရန် ၂၀၀၇ မှ ၂၀၂၂ ထိ ဆယ်နှစ်ကာလငှားရမ်းခဲ့ပြီး ပထမငါးနှစ်အတွက် ငှားရမ်းခ တစ်နှစ်လျှင် ကျပ် လေးဆယ့်နှစ်သိန်းဖြစ်ရာ အဆိုပါငှားရမ်းခများသည် ခေတ်ကာလပေါက်ဈေးနှင့် အလွန်လျော့နည်းနေသည်ဟု ဦးဝဏ္ဏအောင်က ပြောသည်။
Credit: 7Daydaily