ရန်ကုန်မြို့အတွင်း၌ အိမ်ခန်းတစ်ခန်းလျှင် ကျပ်သိန်း တစ်ရာတန်ဖိုးရှိ တန်ဖိုးနည်း အိမ်ရာများ ဆောက်လုပ်ရန် စီစဉ်နေကြောင်း မြန်မာဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်ထံမှ သိရသည်။
အဆိုပါ တန်ဖိုးနည်းအိမ်ရာစီမံကိန်းတွင် အခန်းပေါင်း ၂၀၀၀၀၊ ၅ ထပ်အမြင့်ဖြင့် ဆောက်လုပ်သွား မည်ဖြစ်ပြီး အိမ်ရာ အခက်အခံရှိသူများအား ဦးစားပေးရောင်းချသွားမည်ဖြစ်သည့်အပြင် တစ်လလျှင် ကျပ် ၇၀၀၀၀ နှုန်း အရစ်ကျစနစ်ဖြင့် ဆောင်ရွက်ရန်ရည်မှန်းထားကြောင်း သိရသည်။ ရန်ကုန်တိုင်းအစိုးရအား တင်ပြထားပြီးဖြစ်ကာ ဆောက်လုပ်ရေးကို ရန်ကုန်မြို့တွင်းမှာပင် ဆောက်လုပ်ချင်ကြောင်း၊ နေထိုင်ရန်အခက် အခဲရှိသူများကို ဖြေရှင်းပေရန်အတွက်ဖြစ်ကြောင်း၊ အိမ်ခန်းတစ်ခန်း၏ တန်ဖိုးမှာ သိန်း ၁၀၀ ၀န်းကျင်သာရှိပြီ ယခုအခါ နိုင်ငံတော်အဆင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနထံသို့ တင်ပြထားကြောင်း မြန်မာနိုင်ငံဆောက် လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်၊ ဗဟိုကော်မတီဝင် ဦးရဲလင်းမှ ပြောကြားခဲ့သည်။ အမှန်တကယ် ဆောင်ရွက်ပေးမည်ဆိုပါက ထောက်ခံပြီး ဈေးနှုန်းမှာလည်း ၀မ်းသာစရာ ဈေးနှုန်းဖြစ်ကြောင်း၊ အမှန်တကယ် အိမ်မရှိသူများ၏ လက်တွင်းသို့ရောက်ရန် လိုအပ်ကြောင်း ပြည်သူတစ်ဦး ပြောကြားခဲ့သည်။
စီမံကိန်းမြေနေရာကို ရန်ကုန်မြို့တွင်း၌သာ ချထားပေးရန် တောင်းဆိုထားပြီး ရန်ကုန်မြို့ပြင်ဖြစ်ပါက နေထိုင်သူများ အနေဖြင့် သွားလာရေးအခက်အခဲဖြစ်နိုင်ကြောင်း ဦးရဲလင်းမှ ပြောကြားခဲ့သည်။
Credit: The Shwesathtagan