ဦးရာလူစနစ်ဖြင့် လွတ်လပ်စွာ ဝယ်ယူနိုင်နေပြီ ဖြစ်သည့် ဗိုလ်ဗထူးတန်ဖိုးမျှတ အိမ်ရာ

ဦးရာလူစနစ်ဖြင့် လွတ်လပ်စွာ ဝယ်ယူနိုင်နေပြီ ဖြစ်သည့် ဗိုလ်ဗထူးတန်ဖိုးမျှတ အိမ်ရာ - Property News in Myanmar from iMyanmarHouse.com
5 Apr 2018 11:51 am တွင် တင်ခဲ့သည်
26072 ကြိမ် ကြည့်ရှု့ပြီး
ဗိုလ်ဗထူးတန်ဖိုးမျှတ အိမ်ရာစီမံကိန်း(ဒုတိယအဆင့်)မှ နေအိမ်တိုက်ခန်းများအား ဦးရာလူစနစ်ဖြင့် လွတ်လပ်စွာ ဝယ်ယူနိုင်ပြီဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

တန်ဖိုးငွေ ကျပ်ဘီလီယံ ၃ဝခန့်ကုန်ကျခံဆောက်လုပ်ထားသည့်ဗိုလ်ဗထူးတန်ဖိုးမျှတ အိမ်ရာစီမံကိန်း(ဒုတိယအဆင့်)မှာ ဗိုလ်ဗထူးတန်ဖိုးမျှတအိမ်ရာစီမံကိန်း(ပထမအဆင့်)အနီးတွင် ဆောက်လုပ်ထားခြင်းဖြစ်ပြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ ဗိုလ်မှူးဗထူးလမ်း နှင့် ဘုရင့်နောင်လမ်းထောင့် ဆုံရာနေရာတွင် တည်ရှိသည်။

ဗိုလ်ဗထူးတန်ဖိုးမျှတ အိမ်ရာစီမံကိန်း(ဒုတိယအဆင့်)တွင်နေအိမ်တိုက်ခန်း စတုရန်းပေ ၉၂၇ပေ အကျယ်အဝန်းရှိ အထပ်မြင့် ရှစ်ထပ်တိုက်အဆောက်အအုံ ၁၉လုံးနှင့် နေအိမ်တိုက်ခန်းစတုရန်းပေ ၆၁၄ပေ အကျယ်အဝန်းရှိ အထပ်မြင့် ရှစ်ထပ်တိုက် အဆောက်အအုံရှစ်လုံး တို့ကိုဆောက်လုပ်ထားကာ စုစုပေါင်းအဆောက်အအုံ ၂၇ လုံးဆောက်လုပ်ထားကြောင်း နှင့် အိမ်ခန်းပေါင်း ၈၆၄ ခန်းပါဝင်ဆောက်လုပ်ထားကြောင်းသိရသည်။

ယခုအခါ ယင်းစီမံကိန်းမှ မဲဖောက်ရောင်းချပေးထားသော နေအိမ်တိုက်ခန်း ဝယ်ယူလိုသည့်လျှောက်လွှာပေါင်း ၅ဝဝဝကျော် လက်ခံရရှိခဲ့ကြောင်း နှင့် ယင်းနေအိမ်တိုက်ခန်းများကို ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၁၇ ရက်မှ ဒီဇင်ဘာ ၁၇ရက်ထိ နှစ်လတာကာလ အတွင်း ပထမအရစ်ငွေပေးသွင်းရန် သတ်မှတ်ခဲ့ရာ နေအိမ်တိုက်ခန်းပေါင်း ၄၅၂ခန်းသာ ငွေပေးသွင်းခဲ့ကြောင်းသိရသည်။

ကျန်ရှိနေအိမ်တိုက်ခန်း ၄၁၂ ခန်းမှာ မဲစနစ်ဖြင့် လျှောက်ထားခဲ့သော်လည်း လက်ရှိလာရောက်ငွေပေးသွင်းခြင်းမရှိသောကြောင့် ဝယ်ယူခွင့် ရရှိသူစာရင်းမှ တရားဝင်ပယ်ဖျက်လိုက်ပြီဖြစ်ပြီးယင်းနေအိမ်တိုက်ခန်းများကို မတ် ၂၈ ရက်မှ စ၍ မည်သူမဆို လွတ်လပ်စွာ ဝယ်ယူနိုင်ပြီဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာ ဌာန (အဆောက်အအုံ)မှ အသိပေးကြေညာထားကြောင်းသိရသည်။

ယင်းနေအိမ်တိုက်ခန်းများ၏ ရောင်းဈေးအနေဖြင့် စတုရန်းပေ ၆၁၄ ပေ အကျယ်အဝန်းရှိ အခန်းကို ငွေကျပ် ၂၈၅ သိန်းဖြင့်လည်းကောင်း၊ စတုရန်းပေ ၉၂၇ ပေအကျယ်အဝန်းရှိအခန်းကို ငွေကျပ် ၃၇၇ သိန်းဖြင့် လည်းကောင်း စီစဉ်ရောင်းချပေးထားပြီးအခန်းဝယ်ယူမည့်သူများသည် အခန်းတန်ဖိုး၏ ၃ဝရာခိုင်နှုန်း ကို ငွေပေးသွင်းကာ ကျန်ငွေကို အရစ်ကျ စနစ်ဖြင့် ပေးသွင်းနိုင်ရန်စီစဉ်သတ်မှတ်ထားကြောင်း ဧရာဝတီဘဏ်နှင့် ချိတ်ဆက်၍အခန်းတန်ဖိုးအတွက် ၁ဝနှစ်အရစ်ကျ ဝယ်ယူနိုင်ကြောင်း သိရသည်။

ဗိုလ်ဗထူး တန်ဖိုးမျှတ အိမ်ရာစီမံကိန်း(ဒုတိယအဆင့်) မှ နေအိမ်တိုက်ခန်းများကို ဝယ်ယူနေထိုင်ကြသော ပြည်သူများ အနေဖြင့် ခေတ်မီစွာ နေထိုင်နိုင်ကြတော့မည် ဖြစ်ပြီးကလေးများ ဆော့ကစားရန် ကစားကွင်းများနှင့် အပန်းဖြေဥယျာဉ်များ ထည့်သွင်း ဆောက်လုပ်ထားကြောင်း သိရသည်။

Credit :The Mirror

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

Royal Theikdi Condo
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service