တရုတ်ပြည် ထိပ်တန်း အွန်လိုင်းရောင်းဝယ်ရေးဝက်ဘ်ဆိုက် Alibaba သည် Hema ဈေးဝယ်စင်တာများ ချဲ့ ထွင်ရေးအတွက် ပြည်တွင်း ထိပ်တန်း developer ၁၀ ခုနှင့် သဘောတူလက်မှတ်ရေးထိုးလိုက်ကြသည်။
အွန်လိုင်းထိပ်သီး Alibaba နှင့် အော့ဖ်လိုင်းဈေးဝယ်စင်တာအုပ်စု၊ အိမ်ခြံမြေ developer တို့အကြား လက်တွဲလိုက်ကြခြင်းမှာ developer တို့အနေဖြင့် Hema ဈေးဝယ်စင်တာများအတွက် နေရာသစ်များ ဆောင်ကြဉ်းပေးနိုင်မည့်နည်းတူ Alibaba ကလည်း …..
သဘောတူစာချုပ်လက်မှတ်ရေးထိုးပွဲကို ရှန်ဟိုင်းမြို့ တွင် ပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး တရုတ်ပြည်တွင်း ecommerce ထိပ်တန်း player တို့က offline လက်လီဈေးကွက်သို့ အရှိန်ဟုန်မြှင့်ဝင်ရောက်လာကြချိန်တွင် Alibaba က ခြေလှမ်းရှေ့ တိုးလိုက်ခြင်းလည်း ဖြစ်လေသည်။
၂၀၁၇ နှစ်ကုန်ပိုင်းတွင် နည်းပညာလက်လီအရောင်းစင်တာ ၂၂ ခုသာရှိခဲ့ပြီး Alibaba က လာမည့် ၃ နှစ်မှ ၅ နှစ်အတွင်း တရုတ်ပြည်တစ်ဝန်းတွင် Hema စတိုးပေါင်း ၂၀၀၀ ခန့်အထိ ဖွင့်လှစ်သွားနိုင်ရန် ရည်မှန်းထားသည်။
Alibaba နှင့် စာချုပ်ချုပ်ခဲ့သော ကုမ္ပဏီများတွင် တရုတ်ထိပ်တန်း developer များဖြစ်သည့် Dalian Wanda Group ၊ China Vanke ၊ Evergrande နှင့် Country Garden အစရှိသည့် ထိပ်တန်းကုမ္ပဏီ ၃ ခုလည်း ပါဝင်သည်။
စာချုပ်လက်မှတ်ရေးထိုးပွဲသို့ Dalian Wanda Group ၊ CapitaLand ၊ China Resources နှင့် Longfor Properties တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်ဟု ဆိုသည်။
သဘောတူညီချက်အရ developer တို့သည် Hema ကို စတိုးဆိုင်နေရာများ ဖော်ဆောင်ပေးရမည့်အပြင် စီမံကိန်းနှင့် စပ်လျဉ်းသည့် ကူညီပံ့ပိုးမှုများလည်း ပေးရမည်ဖြစ်သည်။
အပြန်အလှန်အားဖြင့် Alibaba က developer တို့၏ offline စတိုးဆိုင်များကို အွန်လိုင်းဝန်ဆောင်မှုများဖြင့် ပံ့ပိုးပေးမည် ဖြစ်သည်။
“ခေတ်သစ်ရဲ့ လက်လီရောင်းချမှုကဏ္ဍဟာ တစ်ကိုယ်တော်ဖျော်ဖြေပွဲမဟုတ်တော့ပါဘူး” ဟု Hema ၏ အမှုဆောင်အရာရှိချုပ် ဟိုယီက ပြောကြားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)