၂ဝ၁၈ ခုနှစ် ၊ မတ်လ ၃၁ ရက် နှင့် ဧပြီလ ၁ ရက် နေ့များတွင် ရန်ကုန်မြို့ ၊ ပါရမီလမ်းနှင့် ဝေဇယန္တာ လမ်းထောင့် ၊ တောင်ဥက္ကလာပ ဂေါက်ကွင်းဘေးတွင်ရှိသည့် Inno City ကွန်ဒို အထူးအရောင်းပြပွဲကြီးအား မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှါး ဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း သိရသည်။
Inno City ကွန်ဒိုသည် တောင်ဥက္ကလာပဂေါက်ကွင်း ၊ ဂန္ဓမာ Whole Sale ၊ Sedona Hotel ၊ Myanmar Plaza နှင့် ဂမုန်းပွင့် Shopping Mall တို့၏ အနီးတွင် တည်ရှိသည်။
အဆိုပါအရောင်းပြပွဲ (၂) ရက်အတွင်း ပထမဆုံးဝယ်ယူသူ (၁ဝ) ဦးအတွက် သိန်း (၄၅ဝ) တန်ဖိုးရှိ Furniture Set များ ၊ Golf Set (သို့မဟုတ်) iPhone X များ လက်ဆောင်ပေးသည့် အထူးအစီအစဉ်များဖြင့် ထည့်သွင်းရောင်းချခဲ့ရာ တန်ဖိုးငွေ (၃) ဘီလီယံကျပ်ကျော် တန်ဖိုးရှိသော ကွန်ဒိုအခန်းများ ရောင်းချပေးနိုင်ခဲ့ကြောင်း သိရသည်။
“ ဒီ Inno City ကွန်ဒိုဟာဆိုရင် ပါရမီလမ်းနှင့် ဝေဇယန္တာလမ်းထောင့်မှာ တည်ရှိပြီးတော့ ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီး Developer ဖြစ်တဲ့ Inno Group က တာဝန်ယူတည်ဆောက်တာ ဖြစ်ပါတယ်။ ပထမဦးဆုံး High Way Bus Terminal (အဝေးပြေးဘတ်စ်ကားဝင်း) ပါဝင်တဲ့ Mixed Used Development (ဘက်စုံ စီမံကိန်း) တစ်မျိုးလည်း ဖြစ်ပါတယ်။ နိုင်ငံတကာအဆင့်မှီ Service Apartment အမျိုးအစားလည်း ပါဝင်တယ်။ ဒီ Inno City ကွန်ဒို မှာဆိုရင် လူနေတိုက်ခန်း ၊ အဆင့်မြင့် ဘတ်စ်ကားဂိတ် ၊ Convention Centre ၊ ၂ ထပ်ဈေးဝယ်စင်တာ နဲ့ ယာဉ်ရပ်နားစခန်းပေါ်မှာ အခန်းပေါင်း ၁၅ဝ ပါပြီး ၁၃ ထပ်မြင့်တဲ့ ဟိုတယ် စတဲ့ နေရာတွေပါဝင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် တစ်နေရာတည်းမှာ စုံစုံလင်လင် ပါရှိတဲ့အတွက်ကြောင့် ဝယ်ယူသူတွေသာမက အကြိုက်တွေ့စေမှာပါ။ ” ဟု iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ Managing Director ဖြစ်သူ ဦးနေမင်းသူ မှ ပြောကြားသွားခဲ့သည်။
iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) သည် Inno City စီမံကိန်းအတွက် Exclusive Marketing Partner (တစ်ဦးတည်း ဈေးကွက်ထိုးဖောက်မှု ကိုယ်စားလှယ်) အဖြစ် အရောင်းပွဲများ ထပ်မံပြုလုပ်ကာ ရောင်းချပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
“ ဒီစီမံကိန်းဟာ အခုဆိုရင် ဖောင်ဒေးရှင်းတွေ တည်ဆောက်ပြီးစီးတော့မှာဖြစ်ပါတယ်။ အခုလိုပြီးစီးမှုအနေအထားမျိုးမှာ ပထမဆုံး အရောင်းပွဲမှာတင် ကျပ်ငွေ (၃) ဘီလီယံကျော်ဖိုး ရောင်းချပေးနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ အိမ်ခြံမြေ အရောင်းပြပွဲရောင်းအားတွေမှာတော့ iMyanmarHouse.com ဟာ မြန်မာနိုင်ငံရဲ့  နံပါတ်တစ်နေရာကနေ အပြတ်အသတ် ဦးဆောင်နေပါတယ်။ ဒီလိုအောင်မြင်တာကလည်း iMyanmarHouse.com ကို ယုံကြည်စိတ်ချစွာနဲ့ တခဲနက် အားပေးကြတဲ့ ပရိသတ်ကြီးကြောင့်ပါ။ ” လို့ ဦးနေမင်းသူမှ ဖြည့်စွက်ပြောကြားခဲ့သည်။
Inno City ကွန်ဒိုသည် တည်ဆောက်မှုလုပ်ငန်းများ အရှိန်အဟုန်ဖြင့် လည်ပတ်နေပြီး ၂ဝ၁၉ ခုနှစ် ၊ ဒီဇင်ဘာလတွင် သော့အပ်မည်ဖြစ်ကြောင်းလည်း သိရသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)