မြို့မြေကို အစိုးရ စီမံခွင့်ရမြေ ပြောင်းရေးအဆို ဧရာဝတီတိုင်းလွှတ်တော် အတည်ပြု

မြို့မြေကို အစိုးရ စီမံခွင့်ရမြေ ပြောင်းရေးအဆို ဧရာဝတီတိုင်းလွှတ်တော် အတည်ပြု - Property News in Myanmar from iMyanmarHouse.com
2 Apr 2018 10:25 am တွင် တင်ခဲ့သည်
4298 ကြိမ် ကြည့်ရှု့ပြီး
ဧရာဝတီတိုင်းရှိ မြို့အဖြစ် သတ်မှတ် ထားသောမြေများကို အစိုးရစီမံခန့်ခွဲ ပိုင်ခွင့်ရှိသော မြေအဖြစ် သတ်မှတ်ပြီး မြေပေးမိန့်ထုတ်ပေးကာ မြေငှားဂရန်ချထားပေးနိုင်ရေးအတွက် တိုင်းအစိုးရကို တိုက်တွန်းကြောင်း အဆိုကို မတ်လ ၂၉ ရက်က တိုင်းလွှတ်တော်တွင် အတည်ပြု လိုက်သည်။

မတ်လ ၂၃ ရက်က ဧရာဝတီတိုင်း လွှတ်တော်အစည်းအဝေးတွင် ပုသိမ်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သူထွေးက တင်သွင်းခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ် ၇ ဦးက ထောက်ခံဆွေးနွေးပြီး လွှတ်တော်က အတည်ပြုခဲ့ခြင်းဖြစ်သည်။

ပုသိမ်မြို့ရှိ ရပ်ကွက်တိုင်းတွင် မြေအမည်ပေါက်ပြဿနာ၊ မြေငှားဂရန် ပြဿနာများ ရှိနေသည့်အပြင် ယခင်သုသာန်မြေ၊ လယ်ယာမြေ၊ စည်ပင်မြေများပေါ် အိမ်အကွက်ချပေးထားသော်လည်း မြေယာစွန့်လွှတ်မှု မလုပ်ရသေးသဖြင့် အမည်ပေါက်လုပ်၍ မရခြင်း၊ ဂရန်လျှောက်၍ မရခြင်း၊ ဂရန်လျှောက်၍ ရပါကလည်း မြို့နယ်ကနေ တိုင်းအထိ၊ တစ်ခါတစ်ရံ နေပြည်တော်အထိ အမှုတွဲများ သွားနေရသဖြင့် ကြန့်ကြာနေကြောင်း၊ အလားတူ တိုင်းအတွင်းရှိ တခြားမြို့များတွင်လည်း ယခုကဲ့သို့ ဖြစ်စဉ်များ ရှိနေနိုင်သဖြင့် အဆိုတင်ရခြင်းဖြစ်ကြောင်း အဆိုရှင် ဦးအောင်သူထွေးက ရှင်းပြသည်။

“ကျွန်မတို့ ညောင်တုန်းမြို့မှာလည်း ရပ်ကွက် ၁၀ ခုရှိတယ်၊ ရပ်ကွက် ၃ ခုက ဥယျာဉ်မြေနဲ့ လယ်မြေတွေ ဖြစ်နေတယ်၊ ဒါတွေကို မြို့မြေအဖြစ်သတ်မှတ်ပြီး ဂရန်ထုတ်ပေးနိုင်ဖို့အတွက် တိုင်းအစိုးရကို တင်ပြထားတဲ့အပြင် လွှတ်တော်ထဲမှာ မေးခွန်းမေးခဲ့ပါသေးတယ်”ဟု ညောင်တုန်းမြို့နယ်၊ မဲဆန္ဒအမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမိုးက ပြောပြသည်။

အစိုးရချထားပေးသည့်မြေတွင် နေထိုင်လာသည်မှာ နှစ် ၃၀ ခန့်ရှိသော်လည်း မြေပေးစာသာရှိပြီး အမည်ပေါက် ဂရန် လျှောက်ထားသော်လည်း ယခင်က ၎င်းမြေများမှာ လယ်မြေများဖြစ်သဖြင့် လန-၃၉ (ယခု အခေါ် လယ-၃၀)လျှောက်ထားရကြောင်း၊ အဆိုပါမြေ ငှားဂရန် လျှောက်ထားမှုအတွက် အမှုတွဲ ကို လယ်/စီ အဖွဲ့အဆင့်ဆင့်မှ နေပြည်တော်အထိ တင်ပြနေရသဖြင့် မြေငှားဂရန် တစ်ခု လျှေက်ထားလျှင် နှစ်နှင့်ချီ၍ ကြာမြင့်နေကြောင်း အမှတ် (၁၄) ရပ်ကွက်နေ ဒေသခံတစ်ဦးကဆိုသည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀

အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား

Shwe Moe Kaung
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service