ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ခြင်း နှင့်အိမ်ရာအပါအ၀င် ကဏ္ဍလေး ခုအတွက် ဂျပန်ကချေးငွေဒေါ်လာ ၁ ဒသမ ၁ ဘီလီယံ (ဂျပန်ယန်း ၁၁၇ ဘီလီယံ)တန်ဖိုးရှိချေးငွေ စာချုပ်များ ချုပ်ဆိုခဲ့ကြောင်းဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA)က မတ် လ ၂၉ ရက်တွင် သတင်းထုတ်ပြန်သည်။
ဒီချုပ်အစိုးရလက်ထက်တွင် ပြည်သူများလူနေမှုဘ၀မြင့်မား စေရန် ဆောင်ရွက်ရာ၌ အခြေခံ အဆောက်အအုံလိုအပ်ချက်များ ရှိနေပြီး SME လုပ်ငန်းများနှင့် အိမ်ရာပိုင်ဆိုင်ရေး အခက်အခဲ များရှိ၍ ဂျပန်နိုင်ငံကကူညီခြင်း ဖြစ်ကြောင်း JICA ကဆိုသည်။
အဆိုပါချေးငွေအတွက် နှစ် စဉ်အတိုးနှုန်းသည် ၀ ဒသမ ၀၁ ရာခိုင်နှုန်းနှင့် အတိုင်ပင်ခံခ ၀ ဒသမ ၀၁ ရာခိုင်နှုန်းပေးရမည် ဟု JICA ကကြေညာထားသည်။ ပြန်လည်ပေးဆပ်ရမည့်ကာလ နှစ် ၄၀ ဖြစ်ပြီး ဆိုင်းငံ့ကာလ ၁၀ နှစ်ဖြစ်သည်။
ပထမချေးငွေသည် စိုက်ပျိုး စရိတ်ဝင်ငွေတိုးရန်ဖြစ်ပြီး စစ် ကိုင်းတိုင်းရွှေဘိုဒေသတွင် မြေ ဧကငါးသိန်းအတွက် ဆည်ရေ ပေးဝေရေးနှင့် အခြားဆက်စပ် ပစ္စည်းများ ၀ယ်ယူရန်ဖြစ်ကာ ချေးငွေတန်ဖိုး ဂျပန်ယန်း ဘီလီ ယံ ၃၀ ကျော်(ဒေါ်လာသန်း ၁၈၀ ကျော်)ဖြစ်သည်။
ဒုတိယချေးငွေသည်အသေး စား၊ အလတ်စားစီးပွားရေးလုပ် ငန်းများအတွက်ဖြစ်ပြီး ကြားခံ ဘဏ္ဍာရေးအဖွဲ့အစည်းက ပြန် လည်ချေးပေးမည့် နှစ်ဆင့်ချေး ငွေ (two step loan)ဖြစ်သည်။ ချေးငွေတန်ဖိုး ဂျပန်ယန်း ၁၅ ဘီလီယံခန့်(ဒေါ်လာသန်း ၁၄၀ ကျော်)ဖြစ်သည်။
တတိယချေးငွေသည် တန် ဖိုးနည်းအိမ်ရာနှင့် တန်ဖိုးမျှတ အိမ်ရာအတွက်ဖြစ်ပြီး စုစုပေါင်း ချေးငွေဂျပန်ယန်း ၁၅ ဘီလီယံ (ဒေါ်လာသန်း ၁၄၀ ကျော်)ဖြစ် သည်။ စတုတ္ထမြောက် ချေးငွေ သည် ရန်ကုန်-မန္တလေးရထား လမ်းအဆင့်မြှင့်တင်ခြင်းအတွက် ဖြစ်ပြီး တောင်ငူ-မန္တလေးအပိုင်း ၏ ပထမအဆင့်အတွက် ဖြစ် သည်။
ချေးငွေတန်ဖိုး ဂျပန်ယန်း ၅၆ ဘီလီယံခွဲ(ဒေါ်လာသန်း ၅၃၀ ကျော်)ဖြစ်သည်။ ထိုချေးငွေသည် ရထားလမ်းအဆင့်မြှင့်တင်ခြင်း နှင့် ရထားစက်ခေါင်းနှင့် တွဲဆိုင်း များ အသစ်ဝယ်ယူရေးအတွက် ဖြစ်သည်။
Credit: 7Daydaily