တရုတ်ပြည်မကြီးအခြေစိုက် MGCCT ကုမ္ပဏီသည် ဂျပန်နိုင်ငံ၊ တိုကျိုရှိ ဘိုးဘွားပိုင် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အဆောက်အအုံ ၆ လုံးကို ယန်းငွေ ၆၀ ဘီလီယံကျော်ဖြင့် ဝယ်ယူရန် သဘောတူညီချက်များစွာ ရရှိထားပြီဖြစ်ကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေဝက်ဆိုဘ်စ် တစ်ခုတွင် ဖော်ပြသည်။
အဆိုပါ အဆောက်အအုံ ၆ လုံး၏ ရှယ်ယာ ၉၈ ဒသမ ၅ ရာခိုင်နှုန်းကို ယန်းငွေ ၆၀ ဒသမ ၉ ဘီလီယံ (စင်္ကာပူဒေါ်လာ ၇၅၃ ဒသမ ၄ သန်း) ဖြင့် ဝယ်ယူရန် သဘောတူခဲ့ကြခြင်းဖြစ်သည်။
တိုကျိုရှိ အဆိုပါ အဆောက်အအုံများကို ဝယ်ယူပြီးစီးပါက MGCCT ကို Mapletree North Asia Commerical Trust ဟု အမည်ပြောင်းလဲသွားမည် ဖြစ်သည်။ရောင်းချသူမှာ MJOF Pte Ltd ဖြစ်သည်။
MGCCT ၏ စီမံခန့်ခွဲရေးဆိုင်ရာ အမှုဆောင် အရာရှိချုပ် စင်ဒီချောင် က ပြောကြားရာတွင်”ဈေးကွက်က ကူးသန်းရောင်းဝယ်ရေးဆိုင်ရာအိမ်ခြံမြေဝယ်ယူရေးမှာ ဆွဲဆောင်မှုရှိတဲ့အခွင့်အလမ်းတွေ ရှိနေပါတယ် ဘိုးဘွားပိုင်မြေတွေကို ကြီးကြီးမားမား ရနိုင်တဲ့အခွင့်အလမ်းမျိုးဟာ MGCCT ရဲ့ ရှိရင်းစွဲ ဈေးကွက်တွေမှာ လက်ရှိအားဖြင့် တခြားဘယ်နေရာမှ မရှိသေးပါဘူး ” ဟု ပြောကြားသည်။
“ ဂျပန်ဈေးကွက်ကို ဝင်ရောက်တာဟာ အိမ်ခြံမြေတွေကို ကျယ်ကျယ်ပြန့်ပြန့် ဝယ်ယူနိုင်မယ့် အခွင့်အလမ်းတွေ ရလာလိမ့်မယ်ဟု ကျွန်တော်တို့ ယုံကြည်ပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ဂျပန်တွင် ဝယ်ယူမည့်အဆောက်အအုံများမှာ တိုကျိုတွင် ၃ခု ၊ ချီပါတွင် ၂ခု ၊ ယိုကိုဟန်းမားတွင် ၁ ခုတို့ဖြစ်ကြသည်။
အဆောက်အအုံအားလုံး၏ ကြမ်းခင်း ဧရိယာမှာ စတုရန်းပေ ၁ ဒသမ ၆၅ သန်း ဖြစ်သည်။
ပြီးခဲ့သောနှစ်အတွင်း အဆိုပါ အဆောက်အအုံ ၆လုံးတွင် အငှား ချထားသူ ၂၁ ဦးရှိပြီး ရာခိုင်နှုန်းအားဖြင့် ၉၉ ဒသမ ၉ ရာခိုင်နှုန်းဖြစ်သည်။
ယခုအရောင်းအဝယ်တွင် စုစုပေါင်း ကုန်ကျစရိတ်မှာ ယန်းငွေ ၆၂ ဒသမ ၃ ဘီလီယံ ခန့် ကုန်ကျဖွယ်ရှိသည်ဟု ခန့်မှန်းရသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)