အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ် အနောက်တောင်ပိုင်း လော့စ်အိန်ဂျလိမြို့ လယ်၏ အနောက်တောင်ဘက်ရှိ အင်ဂဲလ်ဝုဒ်အရပ်တွင် တည်ရှိသော ဘောလုံးကွင်းကြီးကို ကန်ဒေါ်လာ ၃ ဘီလီယံနီးပါး အကုန်အကျခံကာ ပြန်လည်ဆောက်လုပ်ရန် စီစဉ်လျက်ရှိသည်။
ဘောလုံးကွင်းစီမံကိန်းအတွင်း Rams နှင့် Chargers ကလပ်အသင်းများ အခြေစိုက်ကစားမည့် ဘောလုံးကွင်း၊ NFL Media အတွက် စတုရန်းပေ ၂၀၀၀၀၀ ကျယ်ဝန်းသည့် ရုံးခန်းနေရာ၊ ကွင်းပတ်လည်တွင် ယာဉ်ရပ်နားရန်နေရာများပါဝင်မည်ဖြစ်ပြီး စီမံကိန်းတစ်ခုလုံးအတွက် မြေနေရာအကျယ်အဝန်းမှာ ဧကပေါင်း ၃၀၀ ခန့် ဖြစ်သည်။
Los Angeles Rams နှင့် Los Angeles Chargers တို့သည် လော့စ်အိန်ဂျလိတွင် အခြေစိုက်သည့် ကလပ်အသင်းများ ဖြစ်ကြသည်။
အင်ဂဲဝုဒ် ဘောလုံးကွင်းကို လာမည့် ၂၀၂၀ ပြည့်နှစ်တွင် ဖွင့်လှစ်နိုင်ရန် ရည်မှန်းထားသည်။
မူလက ရည်မှန်းထားသည့် ကုန်ကျစရိတ်မှာ ကန်ဒေါ်လာ ၂ ဒသမ ၆ ဘီလီယံဖြစ်သော်လည်း ယခုအခါတွင် ၃ ဘီလီယံနီးပါးအထိ မြင့်တက်လာခဲ့ခြင်းလည်း ဖြစ်သည်။
Rams ၏ အကြီးအကဲတစ်ဦးဖြစ်သူ ကီဗင် ဒီမော့ဖ်က ပြောကြားရာတွင် ယခုစီမံကိန်းကို အဆင့် ၃ ခု (သို့မဟုတ်) ၄ ခုခွဲကာ အကောင်အထည်ဖော်သွားရလိမ့်မည်ဖြစ်ပြီး ပထမအဆင့်ကို ၂၀၂၀ ပြည့်နှစ်အကုန်၊ ၂၀၂၁ နှစ်ဦးပိုင်းတွင် အပြီးသတ်နိုင်ရန် ရည်မှန်းထားကြောင်း၊ နောက်ပိုင်းတွင် ရုံးခန်းနေရာများ၊ လက်လီအရောင်းဆိုင်ခန်းနေရာများနှင့် လူနေခန်းများပါ တိုးချဲ့ ဆောက်လုပ် သွားမည်ဟု ဆိုသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)