၂၀၁၇-၁၈ ဘဏ္ဍာနှစ် အတွင်း ပြည်တွင်းလုပ်ငန်းရှင် များသည် အိမ်ရာဆောက်လုပ် ရေးလုပ်ငန်းတွင် အများဆုံးရင်းနှီး မြှုပ်နှံပြီး ရင်းနှီးမြှုပ်နှံမှုအားလုံး၏ ၃၇ ရာခိုင်နှုန်းကျော်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုကော်မရှင်စာရင်း များတွင် ဖော်ပြထားသည်။
ရင်းနှီးမြှုပ်နှံမှု ကျပ် ၃,၉၇၈ ဘီလီယံဖိုးရှိပြီး ယင်းအနက် အိမ် ရာလုပ်ငန်းသည် ကျပ်ဘီလီယံ ၁,၅၀၀ ဖြင့် အများဆုံးဖြစ်သည်။
ဒုတိယအများဆုံးရင်းနှီးမြှုပ် နှံသော လုပ်ငန်းသည် ပို့ဆောင်ရေးကဏ္ဍဖြစ်ပြီး ၁၃ ရာခိုင်နှုန်း ကျော်ရှိသည်။
‘‘လက်ရှိ အိမ်ရာလိုအပ်ချက် က မြင့်မားနေဆဲပဲ။ ဒါပေမဲ့ ဝယ် နိုင်တဲ့ ဈေးနဲ့ ရောင်းဖို့ လိုအပ်ပါ တယ်။ ဆောက်ပြီးတော့ ဝယ်မယ့် သူမရှိရင် ဈေးကွက်က ပျက်နိုင် တယ်’’ဟု ဆောက်လုပ်ရေးလုပ် ငန်းရှင် ဦးမြင့်က ပြောသည်။
၂၀၁၇ မတ်လ ၃၁ ရက်အထိ အိမ်ရာကဏ္ဍတွင် ကျပ်ဘီလီယံ ၂,၇၆၀ ရင်းနှီးမြှုပ်နှံထားပြီး အများဆုံးရင်းနှီးမြှုပ်နှံမှုလုပ်ငန်း များသည် အိမ်ရာကဏ္ဍ၊ ကုန်ထုတ်လုပ်မှု၊ သယ်ယူပို့ဆောင်မှုတို့ ဖြစ်သည်။
မြန်မာနိုင်ငံတွင် လူဦးရေ ၁ ဒသမ ၈ သန်းအတွက် အိမ်ရာလို အပ်နေကြောင်း မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဌာနက ခန့်မှန်းထားပြီး အိမ်ရာလိုအပ်ချက်အမြင့်မားဆုံး သည် ရန်ကုန်တိုင်းဖြစ်သည်။
၂၀၄၀ တွင် တစ်နိုင်ငံလုံး၌ အိမ်ရာစုစုပေါင်း ၄ ဒသမ ၈ သန်း လိုအပ်မည်ဟု တွက်ချက်ထားသည်။ အိမ်ရာလိုအပ်ချက်များလာ၍ ၂၀၁၈ တွင် ရန်ကုန်မြို့သစ်စီမံကိန်းများ စတင်မည်ဖြစ်ပြီး မြို့သစ်စီမံကိန်းနှင့်အတူ အထူးစီးပွားရေးဇုန်စီမံကိန်းများပါ ဆောက်လုပ်မည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်က ပြောကြားထားသည်။
Credit: 7Daydaily