ရန်ကုန်တိုင်းဒေသကြီးတွင် အများပြည်သူသို့  အိမ်ရာများစနစ်တကျရောင်းချရန်အတွက် ကော်မတီတစ်ရပ်ကို ယခုလာမည့် ဧပြီအတွင်း ဖွဲ့ စည်းသွားရန် စီစဉ်နေကြောင်း သတင်းရရှိသည်။
အဆိုပါကော်မတီတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ရန်ကုန်တိုင်းအစိုးရအဖွဲ့  ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီနှင့်အခြားဆက်စပ် အဖွဲ့ အစည်းများ ပါဝင်မည်ဖြစ်ပြီး ပြည်သူများကို အိမ်ရာစနစ်တကျရောင်းချနိုင်ရန်
ပြင်ဆင်မည်ဖြစ်သည်။
၎င်းကော်မတီကို ဖွဲ့ စည်းရန် ရန်ကုန်တိုင်းဝန်ကြီးချုပ်က ဖွဲ့စည်းခိုင်းခြင်းဖြစ်ပြီး နောက်ပိုင်းတွင် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးမှုဦးစီးဌာန တည်ရှိသောဗိုလ်ချုပ်လမ်းမပေါ် တွင် အိမ်ရာအရောင်းစင်တာ တစ်ခုပါထပ်မံဖွင့်လှစ်နိုင်ရန်
အဆိုပါကော်မတီက ဦးစီးရမည့်ဖြစ်သည်။
“ ဒီလို ကော်မတီမျိုးရှိသင့်တာကြာပြီ ဒါမှလည်း ရောင်းချမှုကတသမတ်တည်းဖြစ်မာလေ နိုင်ငံတကာမှာဆိုရင်တော့ အိမ်ရာရောင်းချရေးဘုတ်အဖွဲ့ လိုမျိုးတွေရှိတယ် “ ဟု မြို့ပြ စီမံကိန်းပညာရှင် ဦးမြင့်ဆွေက ဆိုသည်။
လက်ရှိ အိမ်ရာများရောင်ချမှုကို ဌာနတစ်ခုနှင့်တစ်ခုမတူညီဘဲ ပုံစံအမျိုးမျိုးဖြင့် အများပြည်သူကို ရောင်းချနေခြင်းဖြစ်သည်။
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ ရောင်းချမည့် တန်ဖိုးနည်း၊ တန်ဖိုးသင့်နှင့် တန်ဖိုးမျှတအိမ်ရာများကိုနှစ်ရည်အရစ်ကျစနစ်ဖြင့် ၀ယ်ယူနိုင်ရန်အတွက် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်၏ မည်သည့်ဘဏ်ခွဲတွင်မဆို အိမ်ရာစုဆောင်းငွေစာရင်း (Housing Savings Account) ကို ကျပ် ၁၀,၀၀၀ နှင့် စတင်ဖွင့်လှစ်ပြီး မိမိဝယ်ယူလိုသော တိုက်ခန်းတန်ဖိုး၏ ရာခိုင်နှုန်း ၃၀ ကို ပြည့်မီအောင်ဘဏ်တွင် စုဆောင်းထားရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
လစဉ်စုဆောင်းရမည့် ငွေပမာဏကို သတ်မှတ်ထားခြင်းမရှိဘဲ မိမိဝင်ငွေပေါ်မူတည်၍ လစဉ်ပုံမှန်စုဆောင်းရမည်ဖြစ်ကြောင်း၊ စုဆောင်း ထားစဉ်တွင်လည်း မိမိစုဆောင်းငွေအပေါ် တစ်နှစ်လျှင် ၈ ဒသမ ၅ ရာခိုင်နှုန်း အတိုးရရှိမည်ဖြစ်သည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com