မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှါး ဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှကြီးမှူး၍ ပုသိမ်မြို့ရှိ မြကျွန်းသာအိမ်ရာ အရောင်းပြပွဲကို ၂၀၁၈ ခုနှစ် မတ်လ ၁၇ ရက် နှင့် ၁၈ ရက်နေ့များတွင် ရန်ကုန်မြို့ ၊ ရန်ကင်းမြို့နယ်ရှိ AMPS Construction ရုံး နှင့် ပုသိမ်မြို့၊ မြကျွန်းသာအိမ်ရာဝန်းတို့တွင် တပြိုင်တည်းကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ အရောင်းပြပွဲတွင် ၁၆ပေ x ၄၈ ပေ အကျယ်အ၀န်းရှိသည့် (၂) ခန်းတွဲ (၅) ထပ်တိုက်ခန်းများ၊ ၁၄ပေ × ၄၈ပေ အကျယ်အ၀န်းရှိ (၄) ခန်းတွဲ (၃) ထပ်တိုက်ခန်းများ နှင့် (၂) ထပ်ခွဲ လုံးချင်းတိုက်များကို ပရိုမိုးရှင်းဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်းသိရသည်။
“ ကျွန်တော်တို့ iMyanmarHouse.com မှ ကြီးမှူးပြီး မြကျွန်းသာအိမ်ရာ အရောင်းပြပွဲကို ဝယ်ယူသူတွေအဆင်ပြေအောင် ရန်ကုန်မြို့နဲ့ ပုသိမ်မြို့တို့မှာ ကျင်းပခဲ့ပါတယ်။ ဈေးနှုန်းသင့်တယ်။ မြေကွက်အရွယ်အစားမျိုးစုံရှိပြီး စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မဲ့ ပတ်ဝန်းကျင်မှာ တည်ရှိပါတယ်။ ပုသိမ်မြို့ နှင့် အနီးတဝိုက်မှာ ရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်များ ၊ ပုသိမ်တက္ကသိုလ်တွင် ကျောင်းထားမည့် မိဘများ ဝယ်ယူအားပေးကြတာ တွေ့ ရပါတယ်” ဟု iMyanmarHouse.com ၏ မန်နေးဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူ မှ ပြောကြားသွားခဲ့သည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပြီး အိမ်ခြံမြေဒေတာအများဆုံး ၊ အိမ်ခြံမြေ သတင်းအစုံလင်ဆုံး ဝဘ်ဆိုက်အဖြစ် ဈေးကွက်ကို ဦးဆောင်လျှက်ရှိပါသည်။ လစဉ်ထုတ် အိမ်ခြံမြေမဂ္ဂဇင်းများ ၊ အိမ်ခြံမြေ စာအုပ်ပေါင်း ၁၀ အုပ်ကျော်ကို ထုတ်ဝေဖြန့်ချိလျက်ရှိပြီး အိမ်ခြံမြေအရောင်းပြပွဲကြီးများကို ရန်ကုန်မြို့  ၊ ပုသိမ်မြို့ ၊
စစ်တွေမြို့ ၊ တောင်ကြီးမြို့  ၊ မန္တလေးမြို့ ကြီးများနှင့် စင်္ကာပူနိုင်ငံများတွင် ကျင်းပပြုလုပ်ပေးလျှက်ရှိပါသည်။
မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည် ဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ကျင့်သုံးပြီး ဆောက်လုပ်သူများ စီမံကိန်းမြန်ဆန်စွာ ရောင်းချနိုင်ရေး နှင့် ပြည်သူများ ဈေးသက်သာစွာ ဝယ်ယူရရှိနိုင်ရေး အတွက် အစွမ်းကုန်ကြိုးစား ဆောက်ရွက်လျှက်ရှိသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)