အက်စတိုးနီးယားနိုင်ငံ အနောက်ပိုင်းရှိ နှင်းများ ဖုံးလွှမ်းနေသည့် သစ်တောကြီး ၏အလယ်တွင် TREPP ဟုအမည်ပေးထားသည့် လှေကားထစ်တာဝါကြီးကိုအက်စတိုးနီးယားဗိသုကာကျောင်းမှ ဒုတိယနှစ်ကျောင်းသားများမှ ဒီဇိုင်းရေးဆွဲ ဆောက်လုပ်ထားသည်ဟု သိရသည်။
လက်ရှိတွင် အက်စတိုးနီးယား ဆောင်းရာသီ၏ နှင်းများ ဖုံးလွှမ်းနေသည့် ရှုမျှော်ခင်းအလှကို ကြည့်ရှုနိုင်ရန် ဖွင့်လှစ်ပေးထားပြီး နွေဦး ရောက်လာပါက တောင်တက်သမားများနှင့်ငှက်ကြည့်သူများအတွက် အသုံးပြုနိုင်မည်ဖြစ်သည်။
လှေကားထစ် တာဝါကြီးတည်ဆောက်ထားရာစိမ့်မြေတောကြီးသည်ပုံမှန်အားဖြင့် လူသွားလူလာနည်းပါးသော်လည်း အန္တရာယ်မရှိဘဲ သစ်တော၏ဇီဝစနစ်၊အလှအပနှင့်ရှားပါးတိရစ္ဆာန်မျိုးစိတ်များမှာ သဘာဝအတိုင်းပြီးပြည့်စုံစွာရှိနေသည့်အတွက် ခရီးသွားများကြားတွင် နာမည်ကျော်သည်။
TREPP လှေကားထစ်တာဝါကြီးကို သစ်သားဖြင့် သာဆောက်လုပ်ထားပြီး ကြောင်လိမ်လှေကား၊ရှုမျှော်ခင်းကြည့်စင်တို့ကို ထည့်သွင်းတည်ဆောက်ထားသည်။
တာဝါ၏ အရှေ့အနောက်မျက်နှာစာနှစ်ဘက်ကိုဖောက်ထွင်းမြင်နေရသည့် ချည်ထည်စဖြင့် ကာရံထားပြီး ဧည့်သည်များအနေဖြင့် လှေကားထစ်တက်ရင်း
ဘေးပတ်ဝန်းကျင်သို့ ကြည့်သွားစေနိုင်ရန် ရည်ရွယ်သည်ဟု သိရသည်။
Credit: Pyi Myanmar