မြန်မာ့မီးရထားရုံးချုပ်ဟောင်းနေရာရှိ အိမ်ရာအခန်းများ စတင်ရောင်းချမည်

မြန်မာ့မီးရထားရုံးချုပ်ဟောင်းနေရာရှိ အိမ်ရာအခန်းများ စတင်ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
28 Mar 2018 11:45 am တွင် တင်ခဲ့သည်
6183 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့လယ်တွင် တည်ရှိသည့် မြန်မာ့မီးရထားရုံး ချုပ်ဟောင်းနေရာရှိ အိမ်ရာ အခန်းများကို စတင်ရောင်းချ မည်ဖြစ်ကြောင်း အဆိုပါစီမံကိန်း လုပ်ကိုင်ခွင့်ရ FMI ကုမ္ပဏီက မတ်လ ၂၆ ရက်တွင် သတင်း ထုတ်ပြန်သည်။

အဆိုပါစီမံကိန်းသည် ကန် ဒေါ်လာ သန်း ၇၀၀ ကျော်တန် ‘ ရိုးမစင်တာ ' စီမံကိန်း၏ တစ်စိတ် တစ်ပိုင်းဖြစ်ပြီး အဆင့်မြင့် ဇိမ်ခံ အိမ်ရာ ၉၆ ခုပါဝင်သည့် The Peninsula Residences Yangon စီမံကိန်းဖြစ်သည်ဟု ထုတ်ပြန် ချက်တွင် ပါရှိသည်။

စီမံကိန်းတည်ဆောက်ထားသည့် မြေဧရိယာသည် ၁၀ ဧက ကျယ်ဝန်းပြီး အထပ် ၂၆ ထပ်ရှိ တာဝါနှစ်ခုနှင့်ဟိုတယ် ပါဝင်မည်ဖြစ်ကာ ၂၀၂၁ တွင် ဆောက် လုပ်ပြီးစီးမည်ဖြစ်သည်။

ထိုအဆောက်အအုံများ၏ ပုံစံသည် မြန်မာ့ယဉ်ကျေးမှု အနုပညာရှေးဟောင်းလက်ရာများကို အခြေခံ၍ ထိပ်တန်းဒီဇိုင်းဗိသုကာ ပညာရှင်များက တည်ဆောက်မည်ဟုဆိုသည်။

‘‘၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ် လုပ်ငန်းတွေအားလုံး ပြီးဆုံးသွားချိန်မှာ Yoma Central စီမံကိန်းဟာ အိမ်ခြံမြေစီမံကိန်းတွေရဲ့ စံပြဖြစ်လာမှာဖြစ်ပါတယ်။ အိမ်ခြံမြေကဏ္ဍမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုရဲ့ အကြီးဆုံးစီမံကိန်းဖြစ်လာပါတယ်’’ဟု FMI ကုမ္ပဏီဥက္ကဋ္ဌ ဦးသိမ်းဝေက ပြောသည်။

အဆိုပါစီမံကိန်းကို FMI ကုမ္ပဏီ၏ မိတ်ဖက်ကုမ္ပဏီYoma Strategic ကုမ္ပဏီနှင့် The HongKong and Shanghai Hotels (HSH)တို့က ပူးတွဲရောင်း ချမည်ဖြစ်ပြီး စတင်ရောင်းချမည့်အချိန်နှင့်ဈေးနှုန်းကိုမူ ထုတ်ပြန်ကြေညာခြင်းမရှိသေးပေ။

ယင်းစီမံကိန်းတွင် Yoma Strategic က ၄၈ ရာခိုင်နှုန်း၊ FMI က ၁၂ ရာခိုင်နှုန်း၊ ဂျပန် Mitsubishi ကုမ္ပဏီက ၃၀ ရာခိုင်နှုန်း၊ International Finance Corporation (IFC) က ၅ ရာခိုင်နှုန်းနှင့် Asian Development Bank (ADB)က ၅ ရာခိုင် နှုန်းဖြင့် အကျိုးတူ ပူးပေါင်းထားသည်။

အဆိုပါစီမံကိန်းသည် ရန်ကုန်မြို့ ဗိုလ်ချုပ်လမ်းနှင့် ဆူးလေဘုရားလမ်းထောင့်တွင်တည်ရှိပြီး ရန်ကုန်မြို့၏ သက်တမ်းအရှည်ဆုံးနှင့် နာမည်ကျော်ကိုလိုနီခေတ် အဆောက်အအုံဖြစ်သည့် ယခင်မီးရထားရုံးချုပ်ဟောင်းကို ပြန်လည် ပြုပြင်တည်ဆောက်နေသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း

တရုတ်ပြည်တွင် လမ်းဖောက်လုပ်ရာ လမ်းကြောင်းမလွတ်သော နေအိမ်တစ်လုံးကို အစိုးရက ယွမ် ၁ ဒသမ ၆ သန်း (ကန်ဒေါ်လာ ၂၂၄၀၀၀) လျော်ကြေ

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က

တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

CarsDB Showroom Opening
Shwe Moe Kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service