အိမ်ရာကဏ္ဍအတွက် အခန်းလိုအပ်ချက်များပြားနေသောကြောင့် တည်ဆောက်ပြီးသမျှ တန်ဖိုးနည်းအိမ်ရာများကို အစိုးရအနေဖြင့် အမြန်ဆုံးရောင်းချ
သင့်ကြောင်း မြို့ပြဆိုင်ရာ ကျွမ်းကျင်ပညာရှင်များကပြောသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာနက ရန်ကုန်တိုင်းအစိုးရထံခွဲဝေပြီး ရောင်းချခွင့်ပေးထားသော အိမ်ရာများမှာ အချိန် နောက်ကျ မှသာရောင်းချနိုင်သောကြောင့်
မြို့ပြ ပညာရှင်များကဝေဖန်လိုက်ခြင်းဖြစ်သည်။
အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ယခင်ဆောက်လုပ်ပြီးစီးခဲ့တဲ့ အိမ်ခန်းများအနက် ၃၀ ရာခိုင်နှုန်းကို ခွဲတမ်းဖြစ်သည့် အခန်း ၂၀၀၀ကျော်ကို ရန်ကုန်တိုင်း အစိုးရအားပေးအပ်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် တိုင်းအစိုးရအဖွဲ့ က အဆိုပါအခန်းများကိုရောင်းချရန် ပြင်ဆင်နေခြင်းဖြစ်သည်။ ရောင်းချနိုင်ရန်အတွက် လျှောက်လွှာများကို လည်းသက်ဆိုင်ရာမြို့နယ်များတွင် ရယူပြီးလျှောက်ထားကြရာတွင် အရေအတွက်အမြောက်အမြားရရှိခဲ့ကြောင်းထုတ်ပြန်ထားသည်။
“ အိမ်ရာ ကို ခွဲတမ်းစနစ်နဲ့ ရောင်းချခြင်း ဟာ မဆလခေတ်က အိမ်ထောင် စုကော်မတီခွဲတမ်းကို ပြန်ပြီးသတိ ရစေပါတယ်။ နောက်ပြီး ယခင် အစိုးရလက်ထက်မှာပင် ရောင်းချ ရမယ့် အိမ်ခန်းတွေကို ဝယ်ယူလို တဲ့ ပြည်သူတွေ များစွာရှိနေပါ လျက် နှစ်ကြာမှ ထုတ်ရောင်းပေး နိုင်တာ လုံးဝမဖြစ်သင့်ပါဘူး” ဟု မြို့ပြနှင့်အိမ်ရာဖွံ့ ဖြိုးမှုဦးစီးဌာတွင် လက်ရှိ အကြံပေးဆောင်ရွက်နေသော ဦးမြင့်မိုရ်ဆွေက ပြောသည်။
ဆောက်လုပ်ရေး ဝန်ကြီး ဌာနသည် တန်ဖိုးနည်းအိမ်ရာများ အပါအဝင် ရန်ကုန်တွင် ငါးနှစ်အ တွင်း အခန်းရှစ်ထောင်ကျော် ပါဝင်သော အိမ်ရာများ ဖော်ထုတ်နိုင်ရန် ရည်ရွယ်ထားသည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com