ဟံသာဝတီလေဆိပ်စီမံကိန်းမှာ အနာဂတ်လေကြောင်းကဏ္ဍဖွံ့ဖြိုးရေး မဖြစ်မနေဆောင်ရွက်ရမည်ဖြစ်ပြီး ဂျပန်နိုင်ငံအစိုးရနှင့် ညှိနှိုင်းဆွေးနွေးလျက်ရှိ

ဟံသာဝတီလေဆိပ်စီမံကိန်းမှာ အနာဂတ်လေကြောင်းကဏ္ဍဖွံ့ဖြိုးရေး မဖြစ်မနေဆောင်ရွက်ရမည်ဖြစ်ပြီး ဂျပန်နိုင်ငံအစိုးရနှင့် ညှိနှိုင်းဆွေးနွေးလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
26 Mar 2018 11:32 am တွင် တင်ခဲ့သည်
5606 ကြိမ် ကြည့်ရှု့ပြီး
ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်းမှာ အနာဂတ်လေကြောင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်၏ စီမံကိန်းတစ်ရပ်အနေဖြင့် မဖြစ်မနေ ဆောင်ရွက်ရမည့် စီမံကိန်းဖြစ်ပြီး စီမံကိန်းဆက်လက် အကောင်အထည်ဖော်နိုင်ရေးအတွက် ဂျပန်နိုင်ငံအစိုးရ၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆွေးနွေးလျက်ရှိ ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ်တည်ဆောက် ရေးစီမံကိန်းနှင့်ပတ်သက်၍ တင်ဒါရွေးချယ်ခြင်းခံရသောJGC Consortium(HIA Myanmar Company Limited)နှင့် စာချုပ်ချုပ်ဆိုနိုင်ရေး၊ ဂျပန်နိုင်ငံမှ ODA ချေးငွေရရှိရန် လျှောက်ထားနိုင်ရေး၊ ညှိနှိုင်းမှုကော်မတီ အနေဖြင့် တင်ဒါအောင်ကုမ္ပဏီနှင့် ၂ဝ၁၇ ခုနှစ်အတွင်း က ပဉ္စမအကြိမ် ညှိနှိုင်းဆွေးနွေးမှုကို ပြုလုပ်ကာ သဘောတူ စာချုပ်လက်မှတ်ရေးထိုးနိုင်ရေးနှင့် ၂ဝ၁၈ ခုနှစ်အတွင်း စီမံကိန်းစတင်နိုင်ရေး မျှော်မှန်းဆောင်ရွက်ခဲ့သော်လည်း ဆွေးနွေးရာတွင် အဓိကကျသည့် အချက်များအပေါ် သဘောတူညီမှုမရနိုင်သေးမီ Framework Agreement စာချုပ်သက်တမ်းနှစ်နှစ်မှာ ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ၃ဝ ရက်တွင် ကုန်ဆုံးခဲ့ကြောင်း သိရသည်။

ယင်းကြောင့် စာချုပ် သက်တမ်းမကုန်ဆုံးမီ နှစ်ဦးနှစ်ဖက်စလုံးက စာချုပ်ပါ စည်းကမ်းချက်များအရ သက်တမ်းတိုးမြှင့်ရန် အဆိုပြုခဲ့ခြင်း မရှိခဲ့ဘဲ စာချုပ်သက်တမ်း ကုန်ဆုံးသွားခြင်းကြောင့် စာချုပ်ပါ စည်းကမ်းချက်များအရ Framework Agreement အား ရပ်စဲပါကြောင်း၊HIAMCL သို့ ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်တွင် အကြောင်းကြားစာပေးပို့ခဲ့ရာHIAMCL က ဖေဖော်ဝါရီ ၂၇ ရက်တွင် အကြောင်းကြားစာ လက်ခံ ရရှိပါကြောင်းနှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဌာနနှင့် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတို့က စီမံကိန်းအတွက် အားထုတ်ကြိုးပမ်းထောက်ပံ့ခဲ့မှု အပေါ် အသိအမှတ်ပြုနားလည်ပါကြောင်း အကြောင်း ပြန်ကြားခဲ့သည်ဟု သိရသည်။

ယင်းသို့ လေဆိပ်စီမံကိန်းဆောင်ရွက်ခွင့်ရ JGC Consortium (HIA Myanmar Company Limited)နှင့်Framework Agreement အား ရပ်စဲခဲ့သော်လည်း ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေဆိပ်တည်ဆောက်ရေး စီမံကိန်းကြီး ပျက်ပြယ်သွားခြင်းမဟုတ်ဘဲ နိုင်ငံတော်၏ မဖြစ်မနေ အကောင်အထည်ဖော်ရမည့် စီမံကိန်းတစ်ရပ် ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

''ဟံသာဝတီ လေဆိပ်စီမံကိန်းနဲ့ပတ်သက်လို့ DCA ဖေ့စ်ဘွတ်ပေ့ခ်ျမှာလည်း တင်ထားပါတယ်၊ စီမံကိန်းပျက်ပြယ် သွားတာမျိုး၊ ရပ်ဆိုင်းလိုက်တာမျိုး မဟုတ်ပါဘူး၊ ဒီ စီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်နိုင်ဖို့အတွက် ဂျပန်နိုင်ငံအစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်နေပါတယ်၊ ဂျပန် နိုင်ငံကလည်း ဒီစီမံကိန်းနဲ့ပတ်သက်လို့ ချေးငွေပိုင်းဆိုင်ရာ ကူညီပေးတာတွေလည်း ရှိပါတယ်၊ ဂျပန်နိုင်ငံနဲ့ ဆွေးနွေး နေတဲ့အတွက် တင်ဒါခေါ်မယ့်အပိုင်းကလည်း ဂျပန်နိုင်ငံ ဘက်က လုပ်သွားမယ့်အပိုင်းရှိပါတယ်'' ဟု လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဖွဲ့စည်း ပေးထားသော လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက် ရေးကြီးကြပ်မှုကော်မတီနှင့် JGC-Yongnam-CAI Consortium (HIA Myanmar Company Limited-HIAMCL)တို့သည် Concession Agreement ချုပ်ဆို နိုင်ရေးအတွက် ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၂၆ ရက်မှ ဒီဇင်ဘာ ၉ ရက်အထိ ဆွေးနွေးမှု ၁၁ ကြိမ်ပြုလုပ်ခဲ့ပြီး ကနဦး မူဘောင်သဘောတူညီချက်ကို ၂ဝ၁၆ ခုနှစ် ဇန်နဝါရီ ၃ဝ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါ မူဘောင် သဘောတူညီချက် သက်တမ်းမှာနှစ်နှစ် ဖြစ်သည်။

စီမံကိန်းနှင့်ပတ်သက်၍ ဒုတိယသမ္မတ(၂) ဦးဆောင် သည့် ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက် ရေးစီမံကိန်း ဦးဆောင်ကော်မတီ အစည်းအဝေးကို ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်တွင် ကျင်းပခဲ့ရာ ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ်စီမံကိန်းအား နိုင်ငံတော် စီမံကိန်းတစ်ရပ်အဖြစ် သတ်မှတ်ပြီး Concession Agreement ချုပ်ဆိုနိုင်ရေး ညှိနှိုင်းမှုကော်မတီက စာချုပ်ချုပ် ဆိုနိုင်ရေး ဆက်လက်ညှိနှိုင်းဆွေးနွေးရန် ဆုံးဖြတ်ချက်အရHIAMCL အဖွဲ့နှင့် ညှိနှိုင်းမှုကော်မတီတို့ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီ ၁၁ ရက်တွင် စတင်ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

Concession Agreement ချုပ်ဆိုနိုင်ရေးအတွက် ညှိနှိုင်းမှုကော်မတီနှင့် HIAMCL တို့အကြား ညှိနှိုင်း ဆွေးနွေးပွဲ ငါးကြိမ်နှင့် Technical Working Group Meeting အစည်းအဝေး တစ်ကြိမ် ကျင်းပခဲ့ပြီး ထိုသို့ ဆွေးနွေးရာတွင် အဓိကကျသည့်အချက်များအပေါ် သဘော တူညီမှုမရနိုင်သေးမီ Framework Agreement စာချုပ် သက်တမ်း နှစ်နှစ်မှာ ၃ဝ-၁-၂ဝ၁၈ ရက်နေ့တွင် ကုန်ဆုံးခဲ့ သဖြင့် စာချုပ်ပါ စည်းကမ်းချက်များအရ Framework Agreement အား ရပ်စဲကြောင်း အသိပေး အကြောင်း ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

''ရန်ကုန်လေဆိပ်ရဲ့ ခရီးသည် ဝင်၊ ထွက်မှုပမာဏဟာ လာမယ့် ငါးနှစ်အတွင်းမှာပဲ မျှော်မှန်းထားတာကို ပြည့်လာ တော့မယ်၊ ရန်ကုန်လေဆိပ်ကိုလည်း တိုးချဲ့တာတွေ လုပ်နေပေမယ့် ခရီးသည် အဆောက်အအုံတွေဘာတွေက တိုးချဲ့လို့ရပေမယ့် လေယာဉ်ပြေးလမ်း၊ ရပ်နားကွင်း စတာတွေဟာ ပတ်ဝန်းကျင် လူနေအိမ်တွေနဲ့က အဓိက လေဆိပ်ကြီးတစ်ခုအဖြစ် တိုးချဲ့ရာမှာ အခက်အခဲရှိတယ်၊ ဒါကြောင့် ဟံသာဝတီလေဆိပ်ကို မဖြစ်မနေ ဆောင်ရွက် ရမှာဖြစ်ပါတယ်''ဟု လေကြောင်းညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လေဆိပ်တည်ဆောက်မည့် မြေနေရာမှာ ပဲခူးတိုင်း ဒေသကြီး ကျောက်တိုင်ကန်ရွာအနီးရှိ ဒုတိယကမ္ဘာ စစ်လေယာဉ်ကွင်းဟောင်းဖြစ်၍ မြေဧက ၉၆၉ဝ ပေါ်တွင် ဆောင်ရွက်သွားရန် လျာထားသည်။

Credit: The Mirror

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...
မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်
စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ
ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ
ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
Shwe Moe Kaung
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service