ဟောင်ကောင်အခြေစိုက် Asia Pacific Land က ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ ၁၄ ထပ်အဆောက်အအုံကြီးကို ဂျပန်သမိုင်းတစ်လျှောက် အမြင့်မားဆုံး စံချိန်တင်ဈေးနှုန်းဖြင့် ရောင်းချ

ဟောင်ကောင်အခြေစိုက် Asia Pacific Land က ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ ၁၄ ထပ်အဆောက်အအုံကြီးကို ဂျပန်သမိုင်းတစ်လျှောက် အမြင့်မားဆုံး စံချိန်တင်ဈေးနှုန်းဖြင့် ရောင်းချ - Property News in Myanmar from iMyanmarHouse.com
26 Mar 2018 11:31 am တွင် တင်ခဲ့သည်
4235 ကြိမ် ကြည့်ရှု့ပြီး
ဟောင်ကောင်အခြေစိုက် Asia Pacific Land ဦးဆောင်သော ရင်းနှီးမြှုပ်နှံသူများသည် ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ Shiba Park ၁၄ ထပ်အဆောက်အအုံကြီးကို ဂျပန်သမိုင်းတစ်လျှောက် အမြင့်မားဆုံး စံချိန်တင်ဈေးနှုန်းဖြင့် ရောင်းချလိုက်ကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

Asia Pacific Land နှင့်အတူ Shiba Park အဆောက်အအုံကြီးတွင် ပါဝင်ရင်းနှီးမြှုပ်နှံထားသည့်ကုမ္ပဏီများမှာ CV Starr ၊ ဒူဘိုင်းရင်းနှီးမြှုပ်နှံမှု ကောင်စီ (ADIC) နှင့် ဟောင်ကောင်အခြေစိုက် PAG ကုမ္ပဏီတို့ ဖြစ်ကြသည်။

ဝယ်ယူသွားသည်မှာ ကန်ဆိုင်းလျှပ်စစ်စွမ်းအင် (KEP) နှင့် တိုကျိုသဘာဝဓာတ်ငွေ့ (TG) ကုမ္ပဏီများဦးဆောင်သည့် ဂျပန်ကုမ္ပဏီအုပ်စုဖြစ်သည်။

Shiba Park အဆောက်အအုံကြီးကို ဒေသခံများက “စစ်သင်္ဘော” ဟု အမည်ပေးထားကြသည်။

ယခင်ကလည်း ဂျပန်၏ ဈေးအကြီးဆုံးအဖြစ် စံချိန်တင်ခဲ့သည်မှာလည်း ယခုအဆောက်အအုံကြီးပင်ဖြစ်ခဲ့သည်။

ထိုစဉ်က မော်ဂန်စတန်လေဘဏ်က ပိုင်ဆိုင်ခဲ့ခြင်းဖြစ်ပြီး daVinci Holdings သို့ ယန်းငွေ ၁၄၃ ဘီလီယံဖြင့် ရောင်းချခဲ့ခြင်းဖြစ်သည်။

ယခုရောင်းချခဲ့သည့် ဈေးနှုန်းမှာ မူလစံချိန်ကို ဖြတ်ကျော်သွားပြီး ယန်းငွေ ၁၅၀ ဘီလီယံ ( ကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံ) ဖြင့် ရောင်းချခဲ့ခြင်းဖြစ်သည်။

နောက်ပိုင်းတွင် daVinci Holdings ထံမှ Asia Pacific Land က ယန်းငွေ ၁၁၀ ဘီလီယံ (ကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံ) ဖြင့် ဝယ်ယူခဲ့ရာ daVinci Holdings က ယန်းငွေ သန်း ၃၃၀ ခန့် အရှုံးပေါ်ခဲ့သည်။

Asia Pacific Land က ယခုရောင်းချရာတွင်မူ ယန်းငွေ သန်း ၄၀၀ ခန့် မြတ်စွန်းခဲ့လေသည်။

ကြမ်းခင်းဧရိယာ စတုရန်းမီတာ ၆၀၀၀ ခန့်ရှိသည့် အဆိုပါအဆောက်အအုံကြီးကို ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းကတည်းက အရောင်းဈေးကွက်တင်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ခေါ်ဈေးမှာ ယန်းငွေ ၁၆၀ ဘီလီယံ (ကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ) ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဟောင်ကောင်အခြေစိုက် Asia Pacific Land က ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ ၁၄ ထပ်အဆောက်အအုံကြီးကို ဂျပန်သမိုင်းတစ်လျှောက် အမြင့်မားဆုံး စံချိန်တင်ဈေးနှုန်းဖြင့် ရောင်းချ - Property News in Myanmar from iMyanmarHouse.com
ဟောင်ကောင်အခြေစိုက် Asia Pacific Land က ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ ၁၄ ထပ်အဆောက်အအုံကြီးကို ဂျပန်သမိုင်းတစ်လျှောက် အမြင့်မားဆုံး စံချိန်တင်ဈေးနှုန်းဖြင့် ရောင်းချ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

တရုတ်ပြည်တွင် လမ်းဖောက်လုပ်ရာ လမ်းကြောင်းမလွတ်သော နေအိမ်တစ်လုံးကို အစိုးရက ယွမ် ၁ ဒသမ ၆ သန်း (ကန်ဒေါ်လာ ၂၂၄၀၀၀) လျော်ကြေ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

imyanmarmarket
Shwe Moe Kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service