ရန်ကုန်စတော့အိတ်ချိန်း သင့်တင့်မျှတသော ဈေးကွက် မရသေးဟုဆို

ရန်ကုန်စတော့အိတ်ချိန်း သင့်တင့်မျှတသော ဈေးကွက် မရသေးဟုဆို - Property News in Myanmar from iMyanmarHouse.com
26 Mar 2018 11:01 am တွင် တင်ခဲ့သည်
4985 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်စတော့အိတ် ချိန်း သက်တမ်း ၂ နှစ်ရှိပြီဖြစ် သော်လည်း လက်ရှိအချိန်ထိ ထွန်း သစ်စ ဈေးကွက်အဖြစ် သင့်တင့် မျှတသော ဈေးကွက်မရှိသေး၍ အာဆီယံနိုင်ငံများကို လိုက်မီရန် များစွာလိုအပ်ကြောင်း ရန်ကုန် စတော့အိတ်ချိန်း အုပ်ချုပ်မှုဒါ ရိုက်တာ ဦးယဉ်ဇော်မျိုးက ပြော ကြားသည်။

ရန်ကုန်စတော့အိတ်ချိန်း တွင် ၂ နှစ်အတွင်း ကျပ် ၉၃ ဘီလီယံနှင့်ရှယ်ယာ ၅ ဒသမ ၂ သန်း ကျော် ရောင်းချခဲ့ပြီး ထိုပမာဏ သည် ထွန်းသစ်စ စတော့ဈေး ကွက်တစ်ခုအတွက် မျှတသည့် ဈေးကွက် မဟုတ်သေးကြောင်း မတ်လ ၂၅ ရက်က ရန်ကုန်စတော့ အိတ်ချိန်းဇုန်၌ ပြုလုပ်သည့် ရန်ကုန်စတော့အိတ်ချိန်း ၂ နှစ် မြောက်အခမ်းအနားတွင် ၎င်းက ပြောကြားသည်။

‘‘ပြီးပြည့်စုံတဲ့ဈေးကွက်ဆို တာ အချိန်ယူရပါတယ်။ ဒီမှာက တစ်ဦးချင်း ရင်းနှီးမြှုပ်နှံသူသာရှိ ပြီး အဖွဲ့အစည်းအလိုက် ရင်းနှီး မြှုပ်နှံသူ မရှိသလောက်နည်းပါး တယ်’’ ဟု ဦးယဉ်ဇော်မျိုးက ပြော သည်။

ရန်ကုန်စတော့အိတ်ချိန်း တွင်စာရင်းဝင်ကုမ္ပဏီများ ပိုမိုဝင်ရောက်လာရေး အထူးအဖွဲ့ ဖွဲ့စည်းပြီး အများပိုင်ကုမ္ပဏီများ ကို ဦးဆောင်ဆောင်ရွက်မည်ဖြစ် ကြောင်း ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင် ဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းကပြောသည်။ ထိုအဖွဲ့သည် အများပိုင်ကုမ္ပဏီများ စတော့အိတ်ချိန်းဝင်ရောက် လာရေး လွယ်ကူရှင်းလင်းသည့် လုပ်ငန်းစဉ်များ၊ နားလည်သဘောပေါက်မှုများရှိစေရန် လိုက်လံ ဆွေးနွေးမည်ဟု ၎င်းက ပြောသည်။

လက်ရှိရန်ကုန်စတော့အိတ် ချိန်းတွင် အများပိုင်ကုမ္ပဏီငါးခုရှိ ပြီး ချေးငွေသက်သေခံလက်မှတ် လုပ်ငန်းကုမ္ပဏီခြောက်ခုက ၎င်း တို့၏ ရှယ်ယာများကို ရောင်းချ နေသည်။ ရန်ကုန် စတော့အိတ်ချိန်းတွင် ပထမဆုံးအများပိုင် ကုမ္ပဏီဖြစ်သည့် FMI ကုမ္ပဏီက ၂၀၁၆ မတ်လ ၂၅ ရက် ၌ ရှယ်ယာများစတင်ရောင်းချခဲ့သည်။

ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင်ကုမ္ပဏီငါးခုတွင် ရှယ် ယာရှင် သုံးသိန်းကျော်ရှိပြီး Trading Account (ရှယ်ယာဝယ် ရောင်းလုပ်သည့် ဘဏ်စာရင်း) ဖွင့်ထားသူ ၃၃,၀၀၀ ကျော်ရှိ သည်။ ယင်းတို့အနက် ရှယ်ယာ ဝယ်ရောင်းလုပ်သူ နေ့စဉ် ၃၀၀ နှင့် ၅၀၀ ကြားသာရှိကြောင်း ရန်ကုန်စတော့အိတ်ချိန်း အကြီးတန်းအမှုဆောင်မန်နေဂျာ ဦးသက်ထွန်းဦးက ပြောသည်။

ထို့ကြောင့် ရှယ်ယာအ ရောင်းအဝယ်များလာစေရန် ရှယ်ယာရောင်းချချိန်ကို တစ်နေ့လျှင် နှစ်ကြိမ်အစား လေးကြိမ်တိုးမြှင့် ရန် စီစဉ်နေသည်။ လက်ရှိတွင် စတော့ရှယ်ယာ ရောင်းချသည့် အချိန်သည် နံနက် ၁၁ နာရီနှင့် မွန်းလွဲ ၁ နာရီဖြစ်ပြီး ယခုတိုးချဲ့ မည့်အချိန်သည် နံနက် ၁၀ နာရီ၊ ၁၁ နာရီ၊ မွန်းတည့် ၁၂ နာရီနှင့် မွန်းလွဲ ၁ နာရီတို့ဖြစ်သည်။

၂၀၁၁ က စတင်ခဲ့သည့် ကမ္ဘောဒီးယား စတော့အိတ်ချိန်း တွင် အများပိုင်ကုမ္ပဏီ ငါးခုရှိပြီး ၂၀၁၆ ၌ (ကျပ် ၁၃၇ ဘီလီယံ) ကန်ဒေါ်လာ ၁၀၃ သန်းဖိုး ရင်းနှီးမြှုပ်နှံခဲ့သည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

CarsDB Showroom Opening
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service