အိမ်ခြံမြေ အရောင်းအအဝယ်ကောင်းမွန်လာခြင်းမရှိသေးသော်လည်း အိမ်ခြံမြေ ကဏ္ဍတွင်ပြည်ပ ရင်းနှီးမြှုပ်နှံမှုမှာ မြင့်တက်ဆဲဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင်မှ သတင်းရရှိသည်။
အိမ်ခြံမြေကဏ္ဍတွင် ၂၀၁၇ ခုနှစ် ဇူလိုင်လအတွင်း နိုင်ငံခြားရင်းနှီးမြှပ်နှံမှု အမေရိကန်ဒေါ်လာ ၄ ဒသမ ၆ ဘီလီယံကျော် ရှိခဲ့ရာမှ ၂၀၁၈ ခုနှစ်မတ်လတွင် ၄ ဒသမ ၈ ဘီလီယံကျော် အထိမြင့်တက်ခဲ့ကြောင်း MIC မှ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အိမ်ခြံမြေကဏ္ဍတွင်လိုအပ်နေသေးသောအဆင့်မြင့်အိမ်ရာများ၊ဟိုတယ်နှင့် ကွန်ဒိုတိုက်ခနးများ တည်ဆောက်ရန်အတွက် ပြည်ပရင်းနှီးမြှပ်နှံသူများက နှစ်စဉ် ဝင်ရောက်မှုမြင့်တက်နေခြင်းလည်းဖြစ်သည်။
“ အိမ်ခြံမြေ အရောင်းအဝယ်မကောင်းတာမှန်ပေမဲ့ FDI ကတော့ ဝင်နေမှာပဲ ဒီနိုင်ငံက ရင်းနှီးမြှပ်နှံမှု အကောင်းဆုံး အခြေအနေတွေပိုင်ဆိုင်ထားလို့ပါ” ဟု အိမ်ခြံမြေလုပ်ငန်းရှင်ဦးစိန်ဝင်းကသုံးသပ်ငည်။
လာရောက်ရင်းနှီးမြှပ်နှံမှုများထဲတွင် စင်ကာပူနိုင်ငံက အများဆုံးဖြစ်ပြီး ထိုင်း၊ဗီယက်နမ်နှင့် အာရှနိုင်ငံများက အများဆုံးဖြစ်ကြောင်းသိရသည်။
ယခု ၂၀၁၈ ကာလထဲတွင် ဥရောပနိုင်ငံအချို့ ကလည်း စိတ်ဝင်စားမှုမြင့်တက်လာပြီး အထူးသဖြင့် စက်ရုံများနှင့်ဟိုတယ်များတည်ဆောက်ရန် စီစဉ်နေကြကြောင်း သိရသည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com