ရွှေကိုပြည်ပမှ တင်သွင်းခြင်းနှင့် တင်ပို့ ခြင်းပြုလုပ်နိုင်ရန်အတွက် စိစစ်ရေးကော်မတီကို ဖွဲ့စည်းမည်ဖြစ်ကြောင်းစီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ညွှန် ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်း က ပြောသည်။
အစိုးရက ရွှေကိုပြည်ပမှ တင်သွင်း၊ တင်ပို့ခြင်းကို ဇန်န၀ါ ရီ ၂၂ ရက်တွင် စတင်ခွင့်ပြုခဲ့ပြီး ခွင့်ပြုချက်ကို ရွှေဈေးကွက်စောင့် ကြည့်အကဲဖြတ် ထိန်းညှိရေး ကော်မတီက ဆောင်ရွက်ရမည် ဖြစ်ကြောင်း သတ်မှတ်ခဲ့သည်။
လက်ရှိတွင် အဆိုပါ ကော် မတီကို တစ်လကျော်သည်အထိ မဖွဲ့စည်းနိုင်သေး၍ ပြည်ပမှရွှေ တင်သွင်းခြင်းနှင့် ပြည်ပသို့ရွှေတင်ပို့ခြင်းတို့ မလုပ်ဆောင်နိုင် သေးကြောင်း ဦးရန်နိုင်ထွန်းက ပြောသည်။
‘‘ဖွဲ့ပြီးရင် စိစစ်ပေးလိမ့် မယ်။ အဲဒီအဖွဲ့က စိစစ်ပြီးမှလိုင်စင်ထုတ်ပေးလို့ရမှာ။ အခုတော့ ရွှေတင်ပို့တာ၊ သွင်းတာ မလုပ် ရသေးဘူး’’ဟု ၎င်းကဆက်ပြော သည်။
လက်ရှိတွင် ကော်မတီဖွဲ့ စည်းရန် အခြားဝန်ကြီးဌာနများ မှ ကိုယ်စားလှယ်များ တောင်းခံ ထားပြီးရရှိပါက ကော်မတီဖွဲ့စည်းပေးမည်ဖြစ်ကြောင်း ဦးရန်နိုင် ထွန်းကပြောသည်။
‘‘ ဘယ်သူမှလုပ်ငန်းမစကြ သေးဘူး။ ဘယ်လိုဖြစ်လာမယ်ဆိုတာ ပြောဖို့စောဦးမယ်’’ ဟု ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များ အသင်းအတွင်းရေးမှူး ဦးဝင်းမြင့် က ပြောသည်။
အဆိုပါ ကော်မတီသည် ရွှေ တင်သွင်းခြင်း၊ တင်ပို့ခြင်းဆိုင်ရာ ရွှေဈေးကွက်ကို ထိန်းညှိပေးရန်၊ ၀ယ်လိုအား၊ ရောင်းလိုအားချိန် ညှိရန်နှင့်တင်ပို့ခြင်း၊ တင်သွင်း ပမာဏ၊ စံချိန်၊ ဈေးနှုန်းနှင့် တန်ဖိုးတို့ကို သတ်မှတ်ရန် ဖြစ်သည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com