ဆောက်လုပ်ရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ တစ်နိုင်ငံလုံး လျှပ်စစ်လုံလောက်စွာ ဖြန့်ဖြူးပေးနိုင်ရေးအတွက် ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာ ကော်မတီတစ်ရပ်ကို အမျိုးသားလွှတ်တော်က ဖွဲ့စည်းသည်။
အဆိုပါကော်မတီကိုဥက္ကဋ္ဌ၊ အတွင်းရေးမှူးတို့အပါအ၀င် အဖွဲ့ဝင် ၁၅ ဦးဖြင့် မတ်လ ၂၁ ရက်က ကျင်းပသည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ဖွဲ့စည်းခဲ့သည်။
ယင်းကော်မတီတွင် ကရင် ပြည်နယ်မဲဆန္ဒနယ်အမှတ်(၁)မှ အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဦးစောမိုးမြင့်(ခ) ဆင်မြူရယ်က ဥက္ကဋ္ဌအဖြစ်ဆောင်ရွက် ပြီး မကွေးတိုင်းမဲဆန္ဒနယ်အမှတ် (၉)မှ အမျိုးသားလွှတ်တော်ကိုယ် စားလှယ်ဦးမြမင်းဆွေက အတွင်းရေးမှူးအဖြစ် ဆောင်ရွက်မည် ဖြစ်သည်။
‘‘ဆောက်လုပ်ရေးလည်း BOT စနစ်နဲ့ဇာတ်လမ်းရှုပ်နေတာ ရှိတယ်။ ဖျက်မလားဆိုတာရှိ တယ်။ BOT ယူထားတဲ့ကုမ္ပဏီ တွေကနေပြီး ခရီးသွားလူထုကို စိတ်ချမ်းသာမှုပေးနိုင်တဲ့အဆင့် ရာနှုန်းပြည့်မရှိဘူးလေ။ အဲဒါ တွေကို မေးမြန်းရမယ့်အပိုင်းရှိ တယ်။ လမ်းတွေလည်း နိုင်ငံတ ကာအဆင့်မီဖို့လိုတယ်လေ။ အဲဒါတွေကို လုပ်ပါမယ်’’ ဟု ကော် မတီဥက္ကဋ္ဌဦးစောမိုးမြင့်က ပြော ကြားသည်။
ထို့အပြင် အရှုံးပေါ်နေသ ဖြင့် ပိတ်သိမ်းရန်လိုအပ်နေသော နိုင်ငံပိုင်စက်ရုံများနှင့် ပတ်သက်၍လည်း ဆောင်ရွက်မည်ဟု ၎င်းကပြောသည်။
ကော်မတီ၏လုပ်ပိုင်ခွင့်နှင့် တာဝန်များတွင် မြို့ပြနှင့်ကျေး လက်ဒေသပြည်သူလူထု၏ လူမှု စီးပွားဘ၀တိုးတက်မြင့်မားလာ ရေး၊ အဆင့်မီလမ်း၊ တံတားများ ဖောက်လုပ်ခြင်း၊ မွမ်းမံခြင်း၊ ပြင် ဆင်ခြင်း၊ လူထုအတွက်သင့်တင့်ကောင်းမွန်သည့်အိမ်ရာများ ဖြည့်ဆည်းပေးခြင်းတို့ ပါဝင် သည်။
ကော်မတီ၏အခြားတာဝန် များသည် စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုး တက်မှု အကောင်အထည်ဖော် ရန်၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ရေးလုပ်ငန်းများတွင် ပုဂ္ဂလိက ပိုင်းမှ ပါဝင်လာရန်၊ ပြည်တွင်းရှိသယံဇာတ ကုန်ကြမ်းများဖြင့် တန်ဖိုးမြှင့်ထုတ်ကုန်များ တိုးမြှင့် ထုတ်လုပ်ရန်တို့ဖြစ်သည်။
အဆိုပါကော်မတီ၏ သက်တမ်းမှာ တစ်နှစ်ဖြစ်ပြီး တစ်နှစ် ပြည့်ပါက ပြန်လည်သုံးသပ်ကာ ကော်မတီ အမည်ပြင်ဆင်ခြင်း၊ ကော်မတီဝင်များကို သင့်လျော် သလို လဲလှယ်အစားထိုး တာဝန်ပေးခြင်းတို့ ဆောင်ရွက်နိုင်သည်။
Credit: 7Daydaily