နိုင်ငံတော်သမ္မတအ ပြောင်းအလဲဖြစ်သော်လည်း ယခု ရက်ပိုင်းတွင် ပြည်တွင်း၌ ဒေါ်လာဈေးတည်ငြိမ်နေပြီး ရွှေဈေးအနည်းငယ်မြင့်တက်ကြောင်း လုပ်ငန်းရှင်အချို့က ပြောသည်။
ပည်တွင်း ငွေကြေးဈေး ကွက်တွင် ကန်ဒေါ်လာတန်ဖိုး တည်ငြိမ်နေခြင်းက လက်ရှိအချိန် တွင် ပို့ကုန်ပမာဏနှင့် သွင်းကုန် ပမာဏအကြား ကွာခြားမှုနည်းခြင်းကြောင့် ဖြစ်သည်ဟု ပြည်ပသို့ ဆန်တင်ပို့နေသည့် လုပ်ငန်းရှင် ဦးမျိုးသူရအေးက ပြောသည်။ ပွင့်လင်းရာသီတွင် ပို့ကုန်များ၍ ဒေါ်လာအဝင်များချိန်ဖြစ်သော ကြောင့် နှစ်စဉ် တန်ဖိုးကျဆင်းတတ်သည်ဟု ၎င်းကပြောသည်။
လက်ရှိ ကန်ဒေါ်လာတန်ဖိုး သည် ပြည်တွင်းဘဏ်များမှ သတ်မှတ်သည့် ငွေလဲနှုန်းအရ မတ်လ ၂၂ ရက်တွင် တစ်ဒေါ်လာလျှင် ဝယ်ဈေး ၁,၃၂၃ ကျပ်မှ ၁,၃၂၈ ကျပ်အတွင်းရှိပြီး ရောင်းဈေးက ၁,၃၂၇ ကျပ်မှ ၁,၃၃၀ ကျပ်အကြား ဈေးရှိနေသည်။
ထို့အပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းက မတ်လ ၂၀ ရက်တွင် တစ်ဒေါ်လာ ၁,၃၃၇ ကျပ်မှ မတ်လ ၂၂ ရက်တွင် ၁,၃၃၈ ကျပ်သို့ မြင့်တက်လာသည်။ ထို့ကြောင့် ငွေကြေးဈေးကွက်တွင် အပြောင်းအလဲအနည်း
ငယ်သာရှိပြီး တည်ငြိမ်နေသည်။
ဒီချုပ်အစိုးရ စတင်တာဝန် ယူပြီး နောက်တစ်ရက်ဖြစ်သော ၂၀၁၆ မတ်လ ၃၁ ရက်တွင် ကန်ဒေါ်လာတန်ဖိုးသည် ၁,၁၉၇ ကျပ်သို့ ကျဆင်းခဲ့သည်။ မတ်လ၂၉ ရက်တွင် တစ်ဒေါ်လာလျှင် ၁,၂၁၀ ကျပ်ရှိနေသော်လည်း
အစိုးရပြောင်းလဲပြီးနောက် တစ်ဒေါ်လာ ၁၃ ကျပ်ကျဆင်းသည်။
ကန်ဒေါ်လာတန်ဖိုး တည် ငြိမ်သော်လည်း ပြည်တွင်းအ ခေါက်ရွှေဈေးက ရက်ပိုင်းအတွင်း ကျပ် ၃,၀၀၀ မြင့်တက်ခဲ့သည်။ မတ်လ ၂၀ ရက်တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ၉၃၇,၀၀၀ ကျပ်ရှိရာမှ မတ်လ ၂၂ ရက်တွင် ၉၄၀,၀၀၀ ကျပ် ပေါက်ဈေးရှိ ကြောင်း စုံစမ်းသိရသည်။
Credit: 7Daydaily