တရုတ် developer က တောင်ကိုရီးယားတွင် ကာစီနိုမြို့ တည်ဆောက်မည်

တရုတ် developer က တောင်ကိုရီးယားတွင် ကာစီနိုမြို့ တည်ဆောက်မည် - Property News in Myanmar from iMyanmarHouse.com
23 Mar 2018 10:24 am တွင် တင်ခဲ့သည်
4345 ကြိမ် ကြည့်ရှု့ပြီး
တရုတ် developer (မြေယာဝယ်ယူ၍ အဆောက်အအုံဆောက်လုပ်ရောင်းချရေး ကုမ္ပဏီ) LongRunn က တောင်ကိုရီးယားတွင် လောင်ကစားရုံမြို့တစ်မြို့
တည်ဆောက်ရန် အင်ချွန်းအထူးစီးပွားရေးဇုံအတွင်း ပြီးခဲ့သည့်လနှောင်းပိုင်းက လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည်။

ယောင်ဂျန်ကျွန်းတွင် စတုရန်းမီတာ ၇၆,၀၀၀ ကျယ်ပြန့်မည့် Diamond City သည် မကာအိုနှင့် လာ့စ်ဗီးဂတ်စ်တို့ကဲ့သို့ အပြိုင်ဖြစ်လာမည်ဖြစ်ကြောင်း
အင်ချွန်းအကောက်ခွန်မဲ့စီးပွားရေးဇုံအထူးတာဝန်ပေးအပ်ခြင်းခံရသူ ကင်မ်ဂျင်ယောင်က ပြောကြားခဲ့သည်။

အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် တစ်ကျွန်းတည်းတည်ရှိသော ၎င်းဒိုင်းမွန်းစီးတီးစီမံကိန်းတွင် ကြယ်ခုနစ်ပွင့်အဆင့်ရှိ ဟိုတယ်၊ ရှော့ပင်းမောလ်များ၊ ရုံးခန်းအထပ်မြင့်အဆောက်အအုံများ၊ ကျောင်းများနှင့် ခေတ်မီပန်းခြံများ ပါဝင်မည်ဖြစ်သည်။ ထို့အပြင် ကေပေါ့ပ်ဗဟိုချက်တစ်ခုနှင့် အလှအပခွဲစိတ်ပြုပြင်မှုဆိုင်ရာ ဆေးရုံတစ်ရုံလည်း ရှိလာမည်ဖြစ်ကြောင်း သိရသည်။

စင်္ကာပူတွင် လက်မှတ်ရေးထိုးခဲ့သော သဘောတူညီမှုအချက်အလက်များအရ LongRunn သည် ယင်းကာစီနိုမြို့အတွက် ကိုရီးယားဝမ် ၄ ဒသမ ၅ ထရီလျံ
(အမေရိကန်ဒေါ်လာ ၄ ဒသမ ၂ ဘီလျံ) သုံးစွဲမည်ဖြစ်သည်။ မြေနေရာသည် အမေရိကန်ဒေါ်လာ သန်း ၈၀ တန်သည်။

ထိုသို့စင်္ကာပူတွင် လက်မှတ်ရေးထိုးခဲ့သည့် ၂၀၁၄ ခုနှစ်ကတည်းက ကိုရီးယားအစိုးရသည် LongRunn နှင့် ဆွေးနွေးမှုများ ပြုလုပ်လာခဲ့သည်။

အင်ချွန်းသည် မကြာသေးမီနှစ်များအတွင်း လောင်းကစားရုံများ စုဝေးတည်ရှိရာ နေရာတစ်ခု လျင်မြန်စွာ ဖြစ်တည်လာသည်။ အင်ချွန်းသည် နိုင်ငံခြားသားလောင်းကစားသမားများအတွက် ဧပြီကတည်းက ဖွင့်လှစ်ထားသည့် လောင်းကစားရုံနှင့် ဟိုတယ် စုပေါင်းတည်ရှိရာနေရာကြီးဖြစ်သော သုခမြို့တော်ခေါ် Paradise City တည်ရှိရာလည်း ဖြစ်သည်။

Paradise City သည် ဂျပန်၏ Sega Sammy Holdings နှင့် တောင်ကိုရီးယား၏ Paradise Co Ltd. တို့အကြား ဖက်စပ်လုပ်ငန်းတစ်ခု ဖြစ်သည်။

အမေရိကန်အခြေစိုက် လောင်းကစားရုံကုမ္ပဏီ Caesars နှင့် Mohegan Sun တို့ကလည်း တောင်ကိုရီးယားတွင် အလားတူစီမံကိန်းများ တည်ဆောက်ရန်
အစီအစဉ်များ ကြေညာထားသည်။ တောင်ကိုရီးယားအစိုးရနှင့် ပူးပေါင်းဆောင်ရွက်မှုအဖြစ် Caesars က လူနေအဆောက်အအုံ၊ ကုန်သွယ်ရေးအဆောက်အအုံ၊ ပညာရေးအဆောက်အအုံ၊ ဟိုတယ်တို့ပါဝင်မည့် ကာစီနိုအပန်းဖြေစခန်း Midan City ကို တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

Shwe Moe Kaung
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service