ယခုနှစ်အတွင်း စတင်အကောင်အထည်ဖော်မည့် ရန်ကုန်မြို့သစ်နှင့် စီမံကိန်းများ

ယခုနှစ်အတွင်း စတင်အကောင်အထည်ဖော်မည့် ရန်ကုန်မြို့သစ်နှင့် စီမံကိန်းများ - Property News in Myanmar from iMyanmarHouse.com
22 Mar 2018 12:10 pm တွင် တင်ခဲ့သည်
6957 ကြိမ် ကြည့်ရှု့ပြီး
၂ဝ၁၈ ခုနှစ်အတွင်း ရန်ကုန်မြစ်အနောက်ဘက်ကမ်းတစ်ခုလုံး ဖွံ့ဖြိုးရေးအတွက် မြို့သစ်စီမံကိန်းနှင့် အထူးစီးပွားရေးဇုန်များကို စတင်အကောင်အထည်ဖော်မည်ဟု ယခုလ၂ဝ ရက်က ကျင်းပခဲ့သည့် မြန်မာ့အခြေခံအဆောက်အအုံဆိုင်ရာ ဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

အဆိုပါဆွေးနွေးပွဲတွင် ရန်ကုန်မြို့တော်စည်ပင်၏ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခိုင်မိုးညွန့်ကလည်း ရန်ကုန်မြို့ပြဖွံ့ဖြိုးရေးဆိုင်ရာ ပင်မစီမံကိန်းနှင့် ဦးစားပေးစီမံကိန်းများ (Yangon Urban Development Master Plan & Priority Projects) ကို ထုတ်ဖော်ရှင်းပြခဲ့ပြီး ထိုအထဲတွင်လည်း မြို့သစ်စီမံကိန်းများပါဝင်သည်ကို တွေ့ရသည်။

၎င်းစီမံကိန်းဖော်ပြချက်အရ ကြည်မြင်တိုင်၊ ဒလနှင့် အရှေ့ဒဂုံမြို့နယ်များတွင် မြို့သစ်စီမံကိန်းများ အကောင်အထည်ဖော်မည်ဖြစ်ပြီး ကြည့်မြင်တိုင်နှင့် တွံတေးတွင် ဧက ၂၅ဝ၊ အရှေ့ဒဂုံတွင် ဧက ၂၅ဝ နှင့် ဒလတွင် ၁၂၅ ဧက ပမာဏအကျယ်အဝန်း အသီးသီးရှိမည်ကို တွေ့ရသည်။

ဒေါ်ခိုင်မိုးညွန့်၏ ထုတ်ဖော်တင်ပြချက်အရ ရန်ကုန်တိုင်းဝန်ကြီးချုပ် ရည်ညွှန်းသော ရန်ကုန်မြစ် အနောက်ဘက်ကမ်း မြို့သစ်စီမံကိန်းတွင် မြို့နေရာများအပြင် အထူးစီးပွားရေးဇုန် စီမံကိန်းနှင့် လေဆိပ်တစ်ခုလည်း ပါဝင်သည်ကို တွေ့ရသည်။

ရန်ကုန်မြို့နေ လူဦးရေသည် ၂ဝ၁၄ သန်းခေါင်စာရင်းကောက်ခံစဉ်တွင် ငါးသန်းကျော်ရှိရာ လာမည့် ၂ဝ၄ဝ ပြည့်နှစ်တွင် နှစ်ဆနီးပါးများလာမည်ဖြစ်ပြီး လူ ၁ဝ သန်းကျော် ရှိလာမည်ဖြစ်သဖြင့် ထိုမြို့ပြစီမံကိန်းများကို အကောင်အထည်ဖော်ရန် ရည်မှန်းထားသည်ဟု ဆိုသည်။

ထိုနည်းတူ ရှိရင်းစွဲရန်ကုန်တွင် Central Business District ခေါ် စီးပွားရေးအရအချက်အချာကျသည့် နေရာသစ်များ ဖော်ထုတ်ဖန်တီးရန်နှင့် Sub Center Development ခေါ် မြို့လယ်ကောင်သဖွယ်နေရာများ ဖြစ်လာစေရန် နေရာသစ်များဖော်ထုတ်မည့် စီမံကိန်းများလည်း ပါဝင်သည်။

ထိုကဲ့သို့သော နေရာများဖော်ထုတ်ရန် နေရာငါးခု လျာထားပြီး မင်းဓမ္မ၊ သီလဝါ၊ ရန်ကင်း၊ ဒဂုံမြို့သစ်၊ ဒဂုံဆိပ်ကမ်းတို့ ဖြစ်သည်ကို တွေ့ရသည်။

မင်းဓမ္မတွင် ဧက ၂ဝဝ အကျယ်အဝန်းရှိသော မြေတွင် ကုန်သွယ်ရေးစင်တာ၊ ဘဏ္ဍာရေးနှင့် အုပ်ချုပ်မှုဆိုင်ရာ အဆောက်အအုံများ ဆောက်မည်ဟု ဆိုထားသည်။

သီလဝါတွင် ဧက ၃ဝဝ ကျယ်သော မြေပေါ်တွင် သုတေသနနှင့် ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများ၊ ကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းများနှင့် အိုင်တီနည်းပညာလုပ်ငန်းများအတွက် နေရာများပါဝင်မည်ဟု တွေ့ရသည်။

ရန်ကင်းတွင် ဧက ၂ဝဝ ကျယ်သော မြေတွင် ကူးသန်းရောင်းဝယ်ရေး၊ ခရီးသွားလုပ်ငန်းနှင့်ဆိုင်သော စင်တာများပါဝင်သည့် စီမံကိန်းလုပ်မည်ဟု ဆိုသည်။

ဒဂုံမြို့သစ်တွင် ဟိုတယ်များ၊ အားကစားနှင့် အပန်းဖြေနေရာများနှင့် သုတေသနနှင့် ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများအတွက် နေရာများ ပါဝင်မည်ဟု ဆိုသည်။

ဒဂုံဆိပ်ကမ်းတွင် ဧက ၁ဝဝ ကျယ်သောနေရာ၌ အပန်းဖြေနားနေရာများ၊ ကစားကွင်းများနှင့် ကုန်တွင်းဆိပ်ကမ်းများပါသည့် စီမံကိန်းလုပ်မည်ဖြစ်သည်။

အဆိုပါ စီမံကိန်းနေရာများနှင့် မြို့သစ်များကို ချိတ်ဆက်မည်ဖြစ်ပြီး ရထားဘူတာစီမံကိန်းများနှင့် စက်မှုလုပ်ငန်းနေရာများ၊ ကုန်စည်ထောက်ပံ့ပို့ဆောင်ရေး စီမံကိန်းနေရာများကို ချိတ်ဆက်မည်ဖြစ်သည်။

ရထားဘူတာစီမံကိန်းတွင် ရန်ကုန်စည်ပင်ဧရိယာကို ဝန်းရံထားသော အဓိကဘူတာရုံ ခုနစ်ရုံ ပါဝင်မည်ဖြစ်ပြီး ရန်ကုန်ဘူတာကြီး၊ ကြည့်မြင်တိုင်ဘူတာ၊ မလွှကုန်းဘူတာ၊ အင်းစိန်ဘူတာ၊ ရေကူးဘူတာ၊ မင်္ဂလာဒုံဘူတာနှင့် တညင်းကုန်းဘူတာတို့ ဖြစ်သည်။

ထိုဘူတာများနှင့် စက်မှုလုပ်ငန်းများနှင့် ကုန်စည်ထောက်ပံ့ပို့ဆောင်ရေးစီမံကိန်းများရှိသော လက်ရှိစက်မှုဇုန်များ အပါအဝင် သီလဝါအထူးစီးပွားရေးဇုန်၊ အရှေ့ဒဂုံ၊ တွံတေး၊ လှည်ကူးစက်မှုဇုန်အသစ်များကို ချိတ်ဆက်မည်ဖြစ်သည်။

အဆိုပါစီမံကိန်းများသည် နှစ်တို၊ နှစ်လတ်၊ နှစ်ရှည်စီမံကိန်းများဖြင့် စီမံကိန်းအလိုက် ဆောင်ရွက်မည်ဖြစ်ပြီး ၂ဝ၄ဝ အထိတိုင် ဆောင်ရွက်ရမည်ဟု ဆိုသည်။

ဦးစားပေးစီမံကိန်းအဖြစ် စီမံကိန်း ၄ဝ ကျော်ကို လျာထားပြီး အမေရိကန်ဒေါ်လာ နှစ်ဘီလျံကျော် ကုန်ကျစရိတ်ရှိမည်ဟု ဖော်ပြထားသည်။

ဦးစားပေးစီမံကိန်း ၄ဝ ကျော်အနက် ကြည့်မြင်တိုင် မြို့သစ်စီမံကိန်း တစ်ခုသာမြို့သစ်စီမံကိန်း ပါဝင်သည်။ ဒလမြို့သစ်စီမံကိန်းနှင့် အထူးစီးပွားရေးဇုန်တို့မှာ ဦးစားပေးတွင် မပါဝင်ပေ။

ရန်ကုန်တိုင်းဝန်ကြီးချုပ်ကမူ ရန်ကုန်မြစ်အနောက်ဘက်ကမ်းမြို့သစ်စီမံကိန်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းတို့ကို အကောင်အထည်ဖော်မည်ဟု အခိုင်အမာဆိုသည်။

''အနောက်ဘက်ကမ်းမှာ မြို့သစ်စီမံကိန်းလုပ်တာ ကောင်းတယ်လို့ ကျွန်တော်မြင်တယ်။ မြေနေရာတွေလည်း တော်တော်ပြင်ဆင်ပြီးဖြစ်တယ်လို့ ကြားတယ်။ ရန်ကုန်က သေးသေးလေးပဲ ရှိသေးတာ။ တကယ်တိုးချဲ့ပြီးတော့ တကယ်သေသေချာချာလုပ်နိုင်ရင် ကောင်းတယ်။ ဖြစ်သလိုသွားလုပ်ရင် ပိုဆိုးသွားမယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလည်းလိုတယ်။ ပြည်တွင်း ရင်းနှီးမြှုပ်နှံမှု တစ်ခုတည်းနဲ့တော့ မပြီးဘူး'' ဟု ထိုနေ့ကပွဲသို့ တက်ရောက်လာသည့် မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်အသင်း အမှုဆောင် ဦးရဲလင်းက ပြောသည်။

Credit: The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...
မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။
လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ
imyanmarmarket
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service