ရွှေအိတ်ချိန်း တည်ထောင်မည်

ရွှေအိတ်ချိန်း တည်ထောင်မည် - Property News in Myanmar from iMyanmarHouse.com
22 Mar 2018 11:02 am တွင် တင်ခဲ့သည်
4891 ကြိမ် ကြည့်ရှု့ပြီး
ရွှေဈေးကွက်အတွင်း အရောင်းအဝယ် မြန်ဆန်စေရေးအတွက် ယခုနှစ်အတွင်း ရွှေအိတ်ချိန်း (Gold Exchange) တစ်ခု တည်ထောင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဦးမျိုးမြင့်က ပြောကြားသည်။

အဆိုပါ ရွှေအိတ်ချိန်းစတင်နိုင်ရန်အတွက် နည်းပညာဆိုင်ရာ ဆော့ဖ်ဝဲရေးဆွဲခြင်းကို စတင်နေပြီး ဆော့ဖ်ဝဲပြီးစီးပါက ရွှေအရောင်းအဝယ် လုပ်ကိုင်နေသူများအားလုံးကို ပေးသွားမည်ဖြစ်ကြာင်း၊ နိုင်ငံတကာရွှေလုပ်ငန်းများ ဝင်ရောက်လာပါက ယင်းစနစ်ကြောင့် ပိုပြီးအဆင်ပြေနိုင်ကြောင်း ၎င်းက ဆိုသည်။

“အခုဆို လယ်ဂျာစာအုပ်တွေနဲ့ပဲ လုပ်နေရတာ။ ဈေးနှုန်းအတက်အကျ ဖြစ်နေတဲ့အတွက် စာရင်းရှင်းခါနီးဆိုရင် စကားများတာတွေဖြစ်တယ်။ ဆော့ဖ်ဝဲနဲ့ဆိုရင် ဖုန်းနဲ့ဝယ်မယ်ဆိုရင်တောင် သူ့ဟာနဲ့သူ အရောင်းအဝယ်မြန်သွားမယ်”ဟု ၎င်းက ရှင်းပြသည်။

ပြည်တွင်းရွှေဈေးသည် နိုင်ငံတကာ ဈေးနှုန်းကိုလိုက်၍ တစ်နေ့လျှင် နှစ်ကြိမ်၊ သုံးကြိမ်နီးပါး ဈေးအတက်အကျဖြစ်နေသည့်အတွက် အရောင်းအဝယ်လုပ်သည့် အချိန်တွင် ဖြစ်ပေါ်နေသည့်ဈေးကို အတည်တကျယူသင့်ပြီး အိတ်ချိန်းပေါ် ပေါက်လာပါက ရှယ်ယာများ အရောင်းအဝယ်လုပ်သကဲ့သို့ ရွှေဈေးကွက်မှာ မြန်ဆန်လာနိုင်ကြောင်း ရွှေလုပ်ငန်းရှင်များက ပြောဆိုကြသည်။

“တချို့ကျတော့ ညနေသူတို့ငွေပေးတဲ့အချိန် ဈေးတက်ရင် နေ့လယ်က ပြောထားတဲ့ဈေးကိုပဲ ပေးချင်တာ။ ဈေးကျသွားရင် ကျဈေးကို လိုက်ကြည့်နေတော့ တရားရုံးတွေအထိ ရောက်ကုန်တာ။ ဒီဟာတွေက ကုန်သည်တွေကြားမှာ ခဏခဏဖြစ်လာတော့ ဈေးကို တရားဝင်နှုန်းတစ်ခုဖြစ်ဖို့ လိုလာတယ်”ဟု ရွှေကုန်သည် ဦးအောင်မြင့်က ပြောကြားသည်။

အိမ်နီးချင်းနိုင်ငံများတွင်လည်း အဆိုပါ Gold Exchange ကဲ့သို့ နည်းပညာရှိသည့်အတွက် ရွှေဈေး အတက်အကျအလိုက် ရောင်းနိုင်ဝယ်နိုင်သောကြောင့် ကုန်သည်များနှင့် ရွှေစုသူများမှာ အဆင်ပြေလျက်ရှိကြောင်း ၎င်းက ဆိုသည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး

Royal Theikdi Condo
Shwe Moe Kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service