အစိုးရသက်တမ်းအတွင်း အိမ်ခြံမြေထိန်းခဲ့၍ စီးပွားရေးစနစ်တကျ ဖွံ့ဖြိုးလာဟု ဦးဖြိုးမင်းသိန်းပြော

အစိုးရသက်တမ်းအတွင်း အိမ်ခြံမြေထိန်းခဲ့၍ စီးပွားရေးစနစ်တကျ ဖွံ့ဖြိုးလာဟု ဦးဖြိုးမင်းသိန်းပြော - Property News in Myanmar from iMyanmarHouse.com
21 Mar 2018 9:51 am တွင် တင်ခဲ့သည်
2553 ကြိမ် ကြည့်ရှု့ပြီး
အစိုးရသက်တမ်း ၂ နှစ်အ တွင်း အိမ်ခြံမြေကို ထိန်းသိမ်းခဲ့သဖြင့် မြန်မာနိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးမှုစနစ်တကျရှိလာကြောင်း ရန်ကုန်တိုင်းဝန် ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာဟိုတယ်တွင်ကျင်းပ သည့် (၄) ကြိမ်မြောက် Myanmar Infrastructure Summit ၌ ပြော ကြားသည်။

‘‘ အိမ်ခြံမြေကြောင့် စီးပွားရေး နှောင့်နှေးသွားတာဆိုတာထက် အိမ်ခြံ မြေကြောင့် မြန်မာ့စီးပွားရေးမိုးပျံပူ ဖောင်းပေါက်သလိုမဖြစ်ဖို့ ထိန်းညှိ ခဲ့တာဖြစ်ပါတယ်။အခုဆိုရင် စနစ်တကျဖွံ့ဖြိုးတိုးတက်မှုကို တွေ့မြင်နေရတာ ဖြစ်ပါတယ်’’ ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။

ဆောက်လုပ်ရေး ကဏ္ဍနယ်ပယ်နှင့် အိမ်ရာစီမံကိန်းများ စနစ်တကျဖွံ့ဖြိုးအောင်ဆောင်ရွက် ခြင်းသည် မြန်မာ့စီးပွားရေတည် ငြိမ်မှု ရှိလာစေရန်ဖြစ်ပြီး အိမ်ခြံမြေကဏ္ဍ လှုပ်ခတ်မှုက မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် ဘဏ်ဖွံ့ဖြိုးတိုးတက်မှုများကို သက်ရောက်မှုရှိကြောင်း ဦးဖြိုးမင်းသိန်းက ပြောသည်။ ထို့ကြောင့် အစိုးရကဘဏ်များ တောင့်တင်းခိုင်မာရန် အိမ်ခြံမြေကို ထိန်းသိမ်းခဲ့ရကြောင်း ၎င်းကဆက်လက်ပြောသည်။

မြန်မာနိုင်ငံတွင် အဆင့်မြင့် အိမ်ရာစီမံကိန်းများအတွက် အိမ်ခန်းလိုအပ်ချက် ရာဂဏန်းရှိပြီး အလယ် အလတ်တန်းစား အိမ်ရာ လိုအပ်မှု ထောင်ဂဏန်းရှိနေ သည်။ အခြေခံလူတန်းစားများ အတွက်အိမ်ရာလိုအပ်ချက် သိန်းချီရှိနေပြီး ရန်ကုန်တိုင်း တစ်ခုတည်းအတွက် အခြေခံအိမ်ရာ လိုအပ်ချက်တစ်သိန်းခွဲရှိကြောင်း ၎င်းကပြောသည်။

၂၀၁၆ မေလက ရန်ကုန်မြို့ မှ ဆောက်လုပ်ရန် ပြင်ဆင်နေဆဲ၊ ဆောက်လုပ်ဆဲ အဆောက်အအုံ ၁၈၅ လုံးကို တိုင်းအစိုးရက ပြန်လည်စစ်ဆေးရန် ရန်ကုန်မြို့ တော်အင်္ဂါရပ်နှင့်အညီ အဆောက်အအုံများ တည်ဆောက်မှု စိစစ် ရေးကော်မတီက ဆောက်လုပ်မှု ရပ်ဆိုင်းစေခဲ့သည်။ အဆိုပါ ကော်မတီတွင် ရန်ကုန်တိုင်းဝန် ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဦးဆောင်ခဲ့သည်။

ထိုညွှန်ကြားချက်ကြောင့် ဆောက်လုပ်ရေး လောက၌ ကြီးမားသော ဂယက်ဖြစ်ပေါ်ခဲ့ပြီး ရန်ကုန်မြို့၌ အထပ်မြင့်အဆောက်အအုံရာနှင့်ချီ ရပ်ဆိုင်းခဲ့ သည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

Royal Theikdi Condo
Shwe Moe Kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service