အမေရိကန်ပြည်ထောင်စု၊ ဝစ္စကွန်ဆင်ပြည်နယ်၊ ဘေးဖီးလ်ဒ်ခရိုင်တွင် ဘန်းစ်အမည်ရှိ မြို့ ငယ်ကလေးတစ်ခု တည်ရှိသည်။
မြို့ ဟုဆိုသော်လည်း ၂၀၁၀ ပြည့်နှစ် သန်းကောင်စာရင်းအရ လူဦးရေ ၇၆၉ ဦးသာ ရှိသည်။
ကမ်းစပ်အလျားမှာ ၉၆၀ ပေရှိပြိး ကိုယ်ပိုင်လှေဆိပ်တစ်ခုလည်း ပါဝင်သည်။
ခေါ်ဈေးမှာ ကန်ဒေါ်လာ ၃၉၀၀၀ (မြန်မာငွေ= သိန်း ၅၀၀ ကျော် [ ၅၂၁ သိန်း] ) ဖြစ်သည်။
( အသေးစိတ်အချက်အလက်များ)
တည်နေရာ- ဝစ္စကွန်ဆင်ပြည်နယ်၊ ဘန်းစ်မြို့ 
အကျယ်အဝန်း- ၉ ဒသမ ၉၄ ဧက
ရေကန်အမည်- ဘိုနီ
ရေကန်အရွယ်အစား- ၁၉၁….
ရေအနက်- ၅၅ ပေ
ကမ်းခြေ- ၉၆၀ ပေ
အကောက်ခွန်- ၆၈၆ ဒေါ်လာ (၂၀၀၆ ဘဏ္ဍာနှစ်)
ဈေးကွက်တင်သည့်ကုမ္ပဏီ- Lakeplace
ရေကန်အတွင်းရှိ ငါးမျိုးစိတ်များ- musky fish ၊ Panfish ၊ Largemouth Bass၊ Northern Pike၊ Walleye မျိုးစိတ်များရှိပြီး အပေါများဆုံး တွေ့ရသည်မှာ Panfish ဖြစ်သည်။
ရေ၏ကြည်လင်မှုအဆင့်မှာ အလွန်မြင့်မားသည်။
ဝစ္စကွန်ဆင်ပြည်နယ်၏ ငါးဖမ်းဥပဒေအရ
(၁) Panfish ကို ဖမ်းဆီးနိုင်သည့်အရွယ်အစားကန့်သတ်မထားသော်လည်း နေ့စဉ်ဖမ်းဆီးနိုင်သည့် အကောင်ရေကို ၁၀ ကောင်သာ သတ်မှတ်ထားသည်။
(၂) Largemouth Bass ငါးကို အကြီးဆုံးဖမ်းဆီးနိုင်သည့်အရွယ်မှာ ၁၄ လက်မဖြစ်ပြီး တစ်နေ့လျှင် ၅ ကောင်ဖမ်းဆီးနိုင်သည်။
(၃) Northern Pike ကို အရွယ်အစားကန့်သတ်မထား၊ နေ့စဉ် ၅ ကောင်ဖမ်းနိုင်သည်။
(၄) Walleye အရွယ်အစား ကန့်သတ်မထား၊ သို့ရာတွင် ၁၈ ကောင်ရှိလျှင် ၁ ကောင်သာ ဖမ်းဆီးခွင့်ရှိပြီး တစ်ရက်လျှင် ၃ ကောင်သာ ဖမ်းခွင့်ပြုထားသည်။
ရေကန်အတွင်း လှေစီးမည်ဆိုပါက ဝစ္စကွန်ဆင်ပြည်နယ်၏ ဥပဒေများကို သိရှိထားရန် လိုအပ်ရာ https://goo.gl/wa373j အင်တာနက်လင့်ခ်တွင် အဆိုပါဥပဒေကို pdf ဖိုင်ဖြင့် ဖတ်ရှုနိုင်ပါသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)