စည်းကမ်းမဲ့ အိမ်ဆောက်သူများထံမှ ကျပ်သိန်းသုံးသောင်းခွဲခန့် ဒဏ်ငွေရ

စည်းကမ်းမဲ့ အိမ်ဆောက်သူများထံမှ ကျပ်သိန်းသုံးသောင်းခွဲခန့် ဒဏ်ငွေရ - Property News in Myanmar from iMyanmarHouse.com
19 Mar 2018 10:43 am တွင် တင်ခဲ့သည်
4557 ကြိမ် ကြည့်ရှု့ပြီး
စည်ပင်သာယာရေး နယ်နိမိတ်အတွင်း စည်းကမ်းမဲ့အဆောက်အအုံ ဆောက်လုပ်သူများထံမှ ဒဏ်ငွေ ကျပ်သိန်း သုံးသောင်းခွဲခန့်ရရှိခဲ့ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အဆောက်အအုံနှင့် ကုန်ရုံဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

ခွင့်ပြုချက်မဲ့တည်ဆောက်ခြင်း၊ ခွင့်ပြုထားသည်ထက် ကျော်လွန်တည်ဆောက်ခြင်းနှင့် ခွင့်ပြုမိန့်မကျမီ ကြိုတင် ဆောက်လုပ်ခြင်းများအတွက် ဒဏ်ရိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၁၇ ခုနှစ် ဧပြီလမှ ၂၀၁၈ ခုနှစ် မတ်လဆန်းပိုင်းအထိ ဒဏ်ငွေ ကျပ်သိန်း ၃၄,၀၀၀ ကျော်ရရှိခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

“ခွင့်ပြုချက်မဲ့ ဆောက်တာနဲ့ပတ်သက်လို့ ပြည်သူတွေကိုအကြံပြုချင်တာက ဌာနနဲ့အဆက်အသွယ်လုပ်ပါ။ စနစ်ကျတဲ့ အိမ်တွေဖြစ်အောင်လို့ပါ”ဟု အဆိုပါ အကြီးတန်းအရာရှိက ရှင်းပြသည်။

မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်း နှစ်စဉ်အဆောက်အအုံ ၄၅၀၀ မှ ၆၀၀၀ အကြား ဆောက်လုပ်ခွင့်ပေးလျက်ရှိရာ ခွင့်ပြုထားသည့်ထက် အထပ်ပိုဆောက်ပါက တစ်ပေပတ်လည် ကျပ် ၁၅,၀၀၀၊ ခွင့်ပြုမိန့်မကျမီ တည်ဆောက်ပါက တစ်ပေပတ်လည်လျှင် ကျပ် ၁၅,၀၀၀ နှုန်းဖြင့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက ဒဏ်ရိုက်အရေးယူနေခြင်းဖြစ်သည်။

“ဒဏ်ကြေးက တစ်ပေပတ်လည် ကို ၁၅,၀၀၀ ဆိုတာကတော့ များပါတယ်ဗျာ။ ဒီအခွန်ထမ်းရတာကလည်း မလွယ်ပါဘူး။ ချမ်းသာလို့ ဆောက်တဲ့သူနဲ့ နေစရာမရှိလို့ ဆောက်တဲ့သူဆိုပြီးရှိတာ ပေါ့။ ဒဏ်ကြေးကို လျှော့စေချင်တယ်။ နောက်ကို ၄ ပေ၊ ရှေ့ကို ၅ ပေ၊ ဘေးကို ၃ ပေချန်ပြီးတော့ ဆောက်ရမယ်ဆိုတာကလည်း မလွယ်ဘူး။ မြေကဒီလောက်ရှားနေတော့ တချို့နေရာတွေမှာလွယ်ပေမယ့် တချို့နေရာတွေကျတော့ မလွယ်ဘူး”ဟု မန္တလေးတိုင်း ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်က ပြောကြားသည်။

မန္တလေးမြို့တော် စည်ပင်သာယာအနေနှင့် ရရှိလာသည့်ဝင်ငွေများဖြင့် လမ်းဖောက်ခြင်း၊ တံတာဆောက်ခြင်း၊ ရေမြောင်းများပြုလုပ်ခြင်း လုပ်ငန်းများတွင် ခွဲဝေသုံးစွဲရကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ

စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
Shwe Moe Kaung
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service