ဆောက်လုပ်ရေးကဏ္ဍ ဖွံ့ဖြိုးရေးနှင့် ကြုံတွေ့နေရသည့် အခက်အခဲများ ဖြေရှင်းနိုင်ရေး မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက် တာများအသင်းက မတ်လ ၂၁ ရက်တွင် အမျိုးသားကဇာတ်ရုံ၌ ဆောင်လုပ်ရေးနှင့် အခြေခံအဆောက်အအုံကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲပြုလုပ်မည်ဖြစ်သည်။
အခြေခံနှင့် အထပ်မြင့်အဆောက်အအုံများ တည်ဆောက် ရေးကဏ္ဍ၊ ကန်ထရိုက်တာလုပ်ငန်းရှင်များ လက်ရှိကြုံတွေ့နေရ သည့် အခက်အခဲ အပါအ၀င် ဆောက်လုပ်ရေးလုပ်ငန်းများနှင့် သက်ဆိုင်သည့် ကဏ္ဍများအားလုံးမှ ပါဝင်နေသူများ စုပေါင်း၍ ဖွံ့ဖြိုးတိုးတက်ရေး အဖြေရှာရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်း အတွင်းရေးမှူးဦးလာဇာက ပြောသည်။
Credit: 7Daydaily