အများနှင့် အကျုံးဝင် သည့် စီးပွားရေးလုပ်ငန်း (Inclu-sive Business)များ အကောင် အထည်ဖော်နိုင်ပါက စီးပွားရေး သုံးဆတိုးတက်လာနိုင်ကြောင်း ယူကေနိုင်ငံတကာဖွံ့ဖြိုးရေးဌာန မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲ Dr. Gail Marzetti က ပြောကြားသည်။
ပြည်တွင်းလုပ်ငန်းရှင်များ ၏ဘဏ္ဍာရေးဆိုင်ရာ နည်းလမ်း များ ပြောင်းလဲရမည်ဖြစ်ပြီး လုပ် ငန်းများတွင် အခြေခံလူတန်းစား များ ပူးပေါင်းပါဝင်လာနိုင်မည့် အစီအစဉ်များ အကောင်အ ထည်ဖော်ရမည်ဟု မတ်လ ၁၅ ရက်က ပြုလုပ်သည့် အများနှင့် အကျုံးဝင်သော စီးပွားရေးလုပ်ငန်းအလုပ်ရုံဆွေးနွေးပွဲ၌ ၎င်းကပြောကြားသည်။
‘‘IB ကို အကောင်အထည် ဖော်နိုင်ရင် အစိုးရအတွက်ရော၊ လုပ်ငန်းရှင်တွေအတွက်ရော အ ကျိုးရှိမယ်။ နောက်ဆုံး ဆင်းရဲ နွမ်းပါးသူတွေအတွက်လည်း စီး ပွားရေးဆိုင်ရာ ကဏ္ဍတွေမှာ ပူးပေါင်းပါဝင်ခွင့်ရမယ်။ အစိုးရအနေနဲ့ မူဝါဒတွေ အကောင်အထည် ဖော်ရာမှာ အဆင်ပြေအောင် ဓန အဖွဲ့အစည်းကနေတစ်ဆင့် အကူအညီပေးနေပါတယ်’’ဟု Dr.Gail Marzetti က ပြောသည်။
IB ဆိုသည်မှာ စီးပွားရေးအရ ခိုင်မာစွာ ရပ်တည်နိုင်ပြီး ဆင်းရဲနွမ်းပါးသူများနှင့် ဝင်ငွေနိမ့်ပါး သူများအတွက် ကျယ်ပြန့်သည့် အတိုင်းအတာတစ်ခုဖြင့် တီထွင် ဆန်းသစ်ကာ စနစ်ကျသောနည်းလမ်းများ ကူညီပေးနိုင်သောလုပ်ငန်းများကို ဆိုလိုသည်။
စီးပွားရေးလုပ်ငန်းအများစု သည်အထက်တန်းနှင့် လူလတ်တန်းစားများကို ထိုးဖောက်ရန် အာရုံစိုက်သော်လည်း အခြေခံလူတန်းစားများပါဝင်သည့် စီးပွား ရေးလုပ်ငန်းများဖော်ဆောင်လာနိုင်ပါက ပိုမိုအကျိုးရှိမည်ဟု ၎င်းက ဆိုသည်။
‘‘CSR နဲ့ IB က မဆိုင်ဘူး။ CSR က လှူတဲ့ဘက်ကို သွားတယ်။ ကုမ္ပဏီတွေက အလှူအတန်းတွေ ပြုလုပ်ကြတယ်။ ဒါပေမဲ့ လှူတာက အတိုင်းအတာရှိ တယ်။ ကုမ္ပဏီအကျိုးအမြတ်ရဲ့ ရာခိုင်နှုန်းတစ်ခုအထိပဲ လှူနိုင် တယ်။ IB ကတော့ အခြေခံလူ တန်းစားတွေအတွက် စီးပွားရေး လုပ်ငန်းတစ်ခုထူထောင်တာပါ။ အခြေခံ လူတန်းစားတွေဆီက ထုတ်ကုန်ရဲ့ ကုန်ကြမ်းတွေကို ဝယ်တာ။ ဒါမှမဟုတ် ဝန်ထမ်းအ ဖြစ် အလုပ်ခန့်အပ်ပေးတာမျိုး တွေပါ’’ဟု Thura Swiss ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် ဒေါက် တာ အောင်သူရက ပြောကြားသည်။
IB စီးပွားရေးလုပ်ငန်းကို ကိုကာကိုလာလုပ်ငန်းက ဆင်းရဲ နွမ်းပါးသည့် အမျိုးသမီးကွန်ရက် အသုံးပြု၍ ကိုကာကိုလာဖြန့်ချိ ရေးလုပ်ငန်း ဆောင်ရွက်ခြင်း၊ Microsoft ကုမ္ပဏီက ၎င်းတို့၏ အက်ပလီကေးရှင်းများဖြန့်ဝေရာ တွင် ဆင်းရဲနွမ်းပါးသူများ၏အွန် လိုင်းကွန်ရက်ကို အသုံးပြုခြင်း ဆောင်ရွက်ခဲ့ကြောင်း ၎င်းက ဥပမာပေးပြောကြားသည်။
Credit: 7Daydaily